cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပူပြင်းတဲ့ရာသီဥတုမှာ စားသင့်တဲ့အသီးအနှံများ

. ကျန်းမာရေးဆောင်းပါးများ
ဖရဲသီးဟာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အံ့ဩ ဖွယ်ကောင်းစွာနဲ့ အမြန်ဆုံး ပြန်ပြီး ဖြည့်တင်းပေးပါလိမ့်မယ်။ ဖရဲသီးဟာ အရည်ရွှမ်းတဲ့ အတွက် စားလိုက်တာနဲ့ အေးတဲ့ ခံစားချက်ကို ခံစားမိမှာ ဖြစ်သလို ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။
  • (၁) ဖရဲသီး 

    ဖရဲသီးမှာ ရေဓာတ်ပါဝင်မှု ၉၀% ရှိပါတယ်။ ဖရဲသီးဟာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အံ့ဩ ဖွယ်ကောင်းစွာနဲ့ အမြန်ဆုံး ပြန်ပြီး ဖြည့်တင်းပေးပါလိမ့်မယ်။ ဖရဲသီးဟာ အရည်ရွှမ်းတဲ့ အတွက် စားလိုက်တာနဲ့ အေးတဲ့ ခံစားချက်ကို ခံစားမိမှာ ဖြစ်သလို ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ ဖရဲသီးမှာ lycopene ပါဝင်တဲ့ အတွက် ခရမ်းလွန်ရောင်ခြည်ကိုကြောင့် အသားအရေပျက်စီးမယ့် အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ Potassium ပါဝင်မှုကြောင့် ပူပြင်းတဲ့ ရာသီမှာ အဖြစ်များတဲ့ သွေးဆောင့်တက် ခြင်းကိုလည်း ကောင်းကောင်းထိန်းပေးထားပါတယ်။ သူမှာ ဗီတာမင် A နဲ့ C ပါဝင်တဲ့ အတွက် ခုခံအားစနစ်ကိုပါ ကောင်းမွန်စေပြီး diet လုပ်နေသူ တွေ အတွက်လည်း ကောင်းမွန်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ 


  • article
  •  (၂) လိမ္မော်သီး 

    လိမ္မော်သီးမှာ Potassium များစွာ ပါဝင်တဲ့ အတွက် အားကစားလုပ်နေတဲ့ အချိန်အတွင်း ကြွက်တက်ခြင်းအမှန် ကာကွယ်ပေးနိုင်ပါတယ်။ သူ့မှာ ရေဓာတ် ၈၀% ပါဝင်တဲ့ အတွက် ရေဆာပြေစေပြီး ရေဓာတ်ကို မြန်မြန်ဆန်ဆန် ပြန်ဖြည့်ဖို့ အတွက် အထောက်အကူဖြစ်စေပါတယ်။ 


  • article
  • (၃) နာနတ်သီး 

    နွေရာသီမှာ စားရမယ့် အသီးနောက်တစ်မျိုးကတော့ မြန်မာပြည်မှာ လွယ်လွယ်ကူကူ ရနိုင်မယ့် နာနတ်သီးပါ။ နာနတ်သီးမှာ Bromelain ပါဝင်နေ တဲ့ အတွက် နေလောင်ခြင်းကြောင့် ဖြစ်လာမယ့် အသားအရေ နီမြန်းတာတွေကို ကာကွယ်ပေးပြီး ကူးစက်ပိုးတွေရဲ့ ရန်ကနေလည်း ကင်းဝေးစေပါတယ်။ 


  • article
  • (၄) သရက်သီး 

    သရက်သီးကို ဖျော်ရည်လုပ်သောက်တာဖြစ်ဖြစ် ဒီအတိုင်းစားတာဖြစ်ဖြစ် လုပ်ပေးတာကလည်း ပူပြင်း တဲ့ ရာသီအတွက် အထောက်အပံ့ဖြစ်စေမယ့် အစားအစာပါပဲ။ သူမှာ ဗီတာမင် A၊ ဗီတာမင် C နဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးတဲ့ beta- carotene တို့ ပါဝင်ပါတယ်။ တစ်ခု သတိပြုရမှာက တန်ဆေး လွန်ဘေးပါ။ သရက်သီး အလွန်အကျွံ စားမိရင်လည်း ဝမ်းလျှောတာတို့ အပူကန်တာ -တို့ ဖြစ်တတ်တာကို သတိထားပါ။ 


  • article
  •  (၅) သင်္ဘောသီး 

    တချို့လူတွေက အသားအရေ နူးညံ့ပြီး စိုပြေစေဖို့ အတွက် သင်္ဘောသီးကို ဖျော်ရည်လုပ်ပြီး သောက်သုံးကြပါတယ်။ နွေရာသီမှာ အဖြစ်များတဲ့ အသားအရည် နေလောင်ခြင်းကို ကာကွယ်ပေးမယ့် အပြင် အမျှင်ဓာတ်များစွာ ပါဝင်တဲ့ အတွက် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပြီး အသားအရေကို တောက်ပစေတဲ့ အစွမ်း ရှိပြီး ကိုလက်စထရောကိုပါ လျော့ချပေးနိုင်စွမ်းလည်း ရှိ ပါတယ်။ ဝယ်ယူရလွယ်ကူပြီး နွေရာသီအတွက် စားသုံးသင့်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ 

    https://myfoodmyanmar.com/ မှကောက်နုတ်ဖော်ပြအပ်ပါသည်။ 


  • article
likes
11
comments
0
views
1918