ရန်ကုန်တိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ ဧပြီလ ၆, ၇, ၈ နှင့် ၁၁ ရက်နေ့များတွင် မိုးထစ်ချုန်းရွာနိုင်ပြီ၊ ၅ ရက်၊ ၉ ရက် နှင့် ၁၀ ရက် များတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး မိုးအုံ့နိုင်ပါမည်။ မိုးရွာနိုင်မည့်နေ့များအနက် ၆၊ ၇၊ ၈ ရက်နေ့များတွင် မိုးအနည်းငယ်( ၂၄ နာရီတွင်း၊ ၂ မီလီမီတာမှ ၅ မီလီမီတာ - ၀.၀၈ လက်မမှ ၀.၂ လက်မခန့်)သာရွာနိုင်ပြီး ဧပြီ ၁၁ ရက်နေ့ ၀၉၀၀ နာရီ မှ ၁၅၀၀ နာရီအတွင်း မိုးအသင့်အတင့်(မိုးရေချိန် ၁၀ မီလီမီတာ - ၀.၄ လက်မခန့်)ရွာနိုင်ပါမည်။ အမြင့်ဆုံးအပူချိန် ၃၆°C - ၃၇°C အထိရှိနိုင်ပြီး ခံစားရသည့်အပူချိန် ၄၁ °C အထိ ရှိနိုင်ပါမည်။ အနောက်နှင့် အနောက်တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၅ မိုင် မှ ၁၅ မိုင်နှုန်းအထိ အများဆုံးရှိနိုင်ပါမည်။ - Weather Source: U Win Naing - Photo – U Win Naing - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပေးချက် - · လက်ရှိ ထန်းတပင်ဘက်မှ စပါးစိုက်တောင်သူများ စပါးအနှံမစုံခင် ဖြုတ်ပိုးကျနေတာ တွေ့ရတဲ့အတွက် ဖြုတ်ပိုးနဲ့ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ - · ဓာတုဆေးအနေနဲ့ Buprofezin+Dinotefuran (သို့မဟုတ်) Fenobucarb+ Cyantraniliprole အဆင်ပြေရာကိုရေထုတ်ပြီးမှဖျန်းပေးပါ။ - · ရေကို စိုတစ်လှည့်၊ ခြောက်တစ်လှည့် ပြတ်တောင်းသွင်းပါ။ - · ပုလဲ (နိုက်ထရိုဂျင်မြေဩဇာ)ကိုထပ်မထည့်ဘဲ၊ မြေဩဇာအနေနဲ့ နောက်တစ်ကြိမ်ထပ်မံအသုံးပြုလိုပါက ပိုတက်ရှ် (K) ကိုအဓိကထည့်ပေးပါ။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ယခုအချိန်ကာလတွင် ငါးမွေးတောင်သူအချို့သည် ငါးဖမ်းခြင်း ဆောင်ရွက်ကြပါသည်။ အရောင်အသွေးမကောင်းခြင်း နှင့် ငါးအနည်းငယ် နာနေခြင်းတို့ကြောင့် သတ်မှတ်ဈေးမရရှိဘဲ ဈေးနည်း ရရှိပြီး ဝင်ငွေကျဆင်းတတ်ပါသည်။ ထို့ကြောင့် မိမိတို့ထုတ်ကုန်များ တန်ဖိုး မကျစေရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်- - ၁။ကန်အတွင်းမှ ငါးဖမ်းဆီးရာတွင် ပိုက်အတွင်း ငါးများကြာရှည်စွာ နေရသဖြင့် ပွန်းပဲ့ခြင်း၊ သွေးထွက်ခြင်း နှင့် ရွံနွံများ ငါးကိုယ်အတွင်းရောက်ရှိနိုင်ပါ သည်။ ထို့နောက် ငါးဖမ်းဆီးချိန်ကို လူအားသုံးပြီး အမြန်ဆုံးဖမ်းဆီးနိုင်ရန် အကြံပြုအပ်ပါသည်။ - ၂။ဖမ်းဆီးရမိသော ငါးများကို သယ်ယူရာတွင် ပုံးနှင့် ခြင်းတောင်းအတွင်း ချောင်ချိစွာထားပြီး သယ်ယူပါ။ - ၄။ ဖမ်းမိသော ငါးများကို အရောင်းဌာနသို့ပို့ရန်အတွက် ရေခဲ မရိုက်မှီ ငါးများကို စင်ကြယ်စွာရေချို နှင့်ဆေးကြော ပေးပါ။ ထို့နောက် ရေစစ်ပြီး နေမပူစေရန် ဖုံးအုပ်ထားပါ။ - ၅။ ငါးများချိန်တွယ်ပြီး ငါးများမပုတ်မသိုးစေရန် ရေခဲရိုက်ရပါမည်။ သို့မှသာ ငါးများလတ်ဆတ်ပြီး အရည်အသွေးကောင်း မွန်ပါသည်။ - --------------- - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
