သင်္ကြန်အကြိုကာလ ငါးဒိုင်များတွင် ငါးအဝင်နည်းပြီး စျေးနှုန်းမြင့်တက်မှုများကြောင့် ရောင်းချသူများအခက်တွေ့
- 🟥 ရန်ကုန်၊ ဧပြီ ၀၇ - သင်္ကြန်အကြိုကာလ ငါးဒိုင်များတွင် ငါးအဝင်နည်းပြီး စျေးနှုန်းမြင့်တက်မှုများကြောင့် ရောင်းချသူများ အနေဖြင့် အခက် အခဲများ ဖြစ်ပေါ်နေကြောင်း ငါးရောင်းချသူများထံမှ သိရပါတယ်။ - နှစ်စဉ် သင်္ကြန်ကာလရောက်ပြီဆိုပါက ငါးဒိုင်များတွင် ငါးများအဝင်နည်းပြီး စျေးနှုန်းမြင့်တက်လာခြင်း ကြောင့် လက်ကားဖြင့်ဝယ်ယူ၍ ရပ်ကွက်စျေးများတွင် ပြန်လည်ရောင်းချသည့် ငါးရောင်းချသူများအနေဖြင့် အခက်အခဲ များ ဖြစ်ပေါ်နေကြရခြင်းဖြစ်ပါတယ်။ - “ သင်္ကြန်အကြိုကာလလေးမှာ ငါးဒိုင်တွေမှာက အဝင်နည်း လို့လားမသိဘူး ၊ ငါးရှားသွားတယ် ၊ ရှိတဲ့ ငါးတွေကျတော့လည်း စျေးတွေက မြင့်နေတယ် ၊ ဝယ်ပြီး ဘယ်လိုပြန် ရောင်းမလဲ ၊ သင်္ကြန်မကျခင်ကတည်းက ငါးစျေးတွေက ခေါင်ခိုက်နေတာ ငါးတွေက အရင်ရက်တွေလို ပေါပေါများများမ တွေ့ရဘူး ၊ ရှိတဲ့ငါးကျတော့ လည်း စျေးကြီးနေတယ်”ဟု မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက်စျေးတွင် ငါးရောင်းနေသူတစ်ဦးက ပြောပါတယ်။ - အခြေခံစားသောက်ကုန်များသည် နှစ်စဉ်နှစ်တိုင်း မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလအရောက်တွင် စျေးနှုန်းများ မြင့်တက်လေ့ရှိသလို ယခုနှစ်သင်္ကြန်ကာလတွင်လည်း စျေးမြင့်တက်လာကြောင်း သိရပါတယ်။ - “အိမ်မှာ ငါးစားချင်လို့ဆိုပြီး စျေးထဲသွားဝယ်တာ ၊ ငါးမြစ်ခြင်း ခုတ်သား တစ်သောင်း ဖို့ ဝယ်လိုက်တာ ဘယ်လောက်မှလည်းမရဘူး ၊ အနေတော် တုံးလိုက်တော့ ငါးတုံး ၊ ခြောက်တုံးလောက်ပဲရတယ် ၊ ပြီးခဲ့တဲ့ရက်က တစ်ရက်ဝယ်လိုက်သေးတယ် ၊ အဲဒီတုန်းက ကိုးတုံး ၊ ဆယ်တုံးလောက်ရတယ် ”ဟု ရန်ကုန်မြိုကနေ အိမ်ရှင်မတစ်ဦးက ပြောသည် ။ - နှစ်စဉ် သင်္ကြန်ကာလရောက်ပြီဆိုပါက အခြေခံစားသောက်ကုန်မှစ၍ ကုန်ပစ္စည်းစျေးနှုန်းများမှာ မြင့် တက်လေ့ရှိ သော်လည်း ယခုနှစ်တွင်မူ စျေးတက်သည်သာမက စားသောက်ကုန်ပစ္စည်းအချို့ ဝယ်မရဖြစ် နေကြောင်း သိရပါတယ်။ - နေလင်း - #OpinionLeadersMedia မှ ကူးယူဖော်ပြပါသည်။ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
