cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဒိုချက်ကင်း ပြုလုပ်နည်း

. မြေဆီလွှာ
ဒိုချက်ကင်းဟူသော ဝေါဟာရသည် ဂျပန်စကား၊ အသုံး အနှုန်းဖြစ်သည်။ ဒိုချက်ကင်းမှိုကို ဝါးရုံမြေ၊ သစ်တောမြေရှိသည့် ဒေသတိုင်းတွင် လွယ်လွယ် ရရှိနိုင်သော သဘာဝဇီဝမြေဩဇာဖြစ်သည်။
  • မြေဆီလွှာအတွင်းရှိ စွမ်းရည် (၃)ရပ်အနက် ဇီဝစွမ်းရည်သည် ပဓာနအကျဆုံး ဖြစ်သည်။ ဇီဝစွမ်းရည်တွင် မှိုမျှင်များ၊ ဘက်တီးရီးယားများ၊ ယိစ်များ၊ အင်ဇိုင်းများ၊ အနုဇီဝများ ပါဝင်ကြသည်။ အဆိုပါ ဇီဝသက်ရှိများ ရှင်သန်နေမှသာ မြေဆီလွှာအတွင်းရှိ ဝတ္တုပစ္စည်းများ (မြက်၊ ပေါင်း၊ သစ်ပင် အကြွင်းအကျန်များ၊ သစ်ပင်အပိုင်းအစများ၊ သစ်ပင်အမှော်အမှိုက်များ) မြန်မြန်နှင့် ကောင်းစွာ ဆွေးမြေ့မှုကို ပေးစွမ်းနိုင်ပါသည်။ မြေဆီလွှာအတွင်း မြေဆွေးများအဖြစ် ပွားများရပ်တည်နေမှသာ အပင်ကလိုအပ်သည့် အာဟာရဓာတ်များ (မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်) ကို အပင်အမြစ်က လွယ်ကူစွာစုပ်ယူစားသုံးနိုင်ပါသည်။ ဒိုချက်ကင်းဟူသော ဝေါဟာရသည် ဂျပန်စကား၊ အသုံး အနှုန်းဖြစ်သည်။ ဒိုချက်ကင်းမှိုကို ဝါးရုံမြေ၊ သစ်တောမြေရှိသည့် ဒေသတိုင်းတွင် လွယ်လွယ် ရရှိနိုင်သော သဘာဝဇီဝမြေဩဇာဖြစ်သည်။ ဝါးရုံပင်အောက် သစ်တောမြေအောက်တွင် ဝါးရုံရွက်များ၊ သစ်တောသစ်ရွက်များ နှစ်နှစ်၊ သုံးနှစ်ကြာ ကြွေကျဆွေးမြေ့နေသော အဆွေးအမြေ့ များတွင် ဒိုချက်ကင်းမှိုကို တွေ့ရှိရသည်။ အဆိုပါ ဝါးရုံမြေ (ဒိုချက်ကင်း) သဘာဝဇီဝ မြေဩဇာကို လူတို့မှ ပြုပြင်ဖန်တီး ထုတ်လုပ်ရာတွင် အဆင့်နှစ်ဆင့်ဖြင့် ထုတ်လုပ်ရသည်။  

    ပထမအဆင့်မှာ ဝါးရုံမြေ (ဒိုချက်ကင်း) မှိုများ မွေးမြူခြင်းနှင့် ဒုတိယအဆင့်မှာ ဝါး ရုံမြေ (ဒိုချက်ကင်း) သဘာဝဇီဝမြေဩဇာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်အသုံးပြုခြင်းဖြစ်သည်။ ပထမ အဆင့် ဝါးရုံမြေ ဒိုချက်ကင်းသဘာဝ ဇီဝမှိုများ မွေးမြူရာတွင် ဝါးရုံပင်အောက်တွင် နှစ်ကြာရှည်စွာ ဆွေးမြေ့နေသော အပေါ်ယံဝါးရွက်ဆွေး သစ်ရွက်ဆွေးများကို တုတ်ဖြင့်သပ်ဖယ်ပြီး အောက်မှာရှိသော မြေဆွေးထု ခြောက်လက်မထုခန့် အချင်းသုံးပေအကျယ်ကို ပေါက်ပြားနှင့် တူးဆွရန် လိုပါသည်။ မတူးဆွမီ ရေလေးဂါလံကို တင်လဲရည် (ထန်းညက်ရည်) တစ်ပုလင်းနှင့် ရောစပ်ပြီး သမအောင် မွှေထားရသည်။ ထို့နောက် ဖွဲနုသုံးပြည်ခန့်ကို ပေါက်ပြားနှင့်တူးဆွထားသော မြေဆွေးပေါ်သို့ ညီညာ အောင် ဖြန့်ဖြူးပေးရန် လိုပါသည်။ မြေဆွေးနှင့် ဖွဲနုကို သမအောင် ပေါက်ပြားနှင့် မွှေပေးရပါသည်။ ထို့နောက် ၎င်းမြေဆွေး၊ ဖွဲနုအရောပေါ်သို့ တင်လဲဖျော်ရည်ကို ရေပန်းကရားဖြင့် ဖြန်းပေးပြီး သမအောင်ပေါက်ပြားနှင့် မွှေပေးရပါသည်။ တင်လဲရည်ကို အနေတော်ဖြစ်အောင် ချိန်ဆဖျန်းပေးရန် လိုပါသည်။ မြေဆွေးနှင့် ဖွဲနုအရောကို တင်လဲရည်ဖျန်းပြီး လက်နှင့်ဆုပ်ကြည့်ပါက မြေလုံး မကွဲလျှင် အနေတော်ဖြစ်သည်။ ဝါးရုံမြေဆွေး၊ မြေဆွေး၊ ဖွဲနု၊ တင်လဲ ရည်ဖျန်းပေးပြီးပါက မျက်နှာပြင်ညီအောင် ဖြန့်ပြီး ၎င်းအပေါ်သို့ ကနဦးက ဘေးဖယ်ထားသော ဝါးရွက်ဆွေးများဖြင့် ပြန်လည်ဖုံးအုပ် ပေးထား ရမည် ဖြစ်သည်။ ၎င်းအပေါ်မှ ပီနံအိတ်ခွံ၊ ပလပ်စတစ် စသည်များနှင့် လုံအောင်ဖုံးအုပ်ပေးထားရန် လိုအပ်ပါသည်။ စတင်အုပ်ပေးသည့်နေ့မှ လေးရက်မြောက်သောနေ့တွင် ဖုံးအုပ်ထားသော ပီနံအိတ်ခွံ၊ ပလပ်စတစ်များကို လှန်ကြည့်ပါက ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝ မှိုမျှင် ကလေးများ ဖွေးနေအောင် များစွာထွက်ရှိနေသည်ကို တွေ့ရသည်။ မှိုမျှင်များ၏အနံ့သည် ချိုမွှေးစူးရှသည်။ လက်ဖြင့် စမ်းကြည့် ပါက အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်မှ ၇၀ ဒီဂရီ စင်တီဂရိတ်ခန့် ရှိနေသည်ကို တွေ့ရသည်။ အပူချိန်သည် တဖြည်းဖြည်းလျော့သွားပြီး ပထမအဆင့်ပြီး ဆုံးပါသည်။ 

    ဒုတိယအဆင့်မှာ ဝါးရုံမြေ ဒိုချက်ကင်းသဘာဝဇီဝမြေဩဇာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ် အသုံးပြုခြင်းဖြစ်ပါသည်။ ပထမဦးစွာ သစ်ပင်အရိပ်အာဝါသအောက်တွင် စပါးခွံများကို ခြောက်ပေ ပတ်လည်အမြင့် ခြောက်လက်မရရှိအောင် ပုံ၍ရေဖျန်းပေးရပါမည်။ ၎င်းအပေါ်မှ ကောင်းမွန်စွာ ဆွေးနေသော နွားချေး၊ မြေဆွေး ခြောက်လက်မထုရရှိအောင် ဖြန့်ခင်းပေးရသည်။ ထို့နောက် အပေါ်မှ မွေးမြူထားသော ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝမှိုများကို လက်ဖြင့်ဆယ်ဆုပ်ခန့် ညီညာအောင် ဖြန့်ပေးပြီး ရေဖျန်းပေးရန် လိုပါသည်။ ရေဖျန်း ပေးပြီးပါက အပေါ်မှ ကောက်ရိုး (သို့) မြက်ခြောက်များ လုံလောက်ဖြန့်ခင်းပြီး ပိပြားသွားအောင် ခြေထောက်နှင့် နှံ့စပ်သွားအောင် နင်းပေးရသည်။ ၎င်းပေါ်မှ ရေမနည်း၊ မများ ဖျန်းပေးရန် ဖြစ်သည်။ ဤသို့ ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝမြေဩဇာ ပြုလုပ်ခြင်းကို ခြောက်လက်မထု သုံးလွှာတစ်ထပ် သတ်မှတ်ပြီး အထပ်လေးထပ်၊ ငါးထပ်မြင့်အောင်၊ (အမြင့် ငါးပေခွဲ၊ခြောက်ပေ)ထိ ပြုလုပ်ရပါသည်။ ၎င်းကို မြေဆွေးတစ်ပုံဟု သတ်မှတ်ပါသည်။ နောက်ဆုံးတွင် အပေါ်ဆုံးအထပ်ပေါ်၌ စပါးခွံနှင့်လုံအောင်ဖုံးအုပ်ပေးထားရန် ဖြစ်ပါသည်။ ပြုလုပ် ထားသော မြေဆွေးပုံပေါ်တွင် ပလပ်စတစ်၊ ပီနံအိတ်ခွံများ ဖုံးအုပ်ပေးထားနိုင်ပါက မြန်မြန် ဆွေးမြေ့လွယ်ပါသည်။ မြေဆွေးပုံကို နေပူထဲတွင် မပြုလုပ်ရပါ။ မြေဆွေးပုံလုပ်ပြီး သုံးလေးရက် ကြာလျှင် မြေဆွေးပုံထဲ၌ အပူချိန်မြင့်တက်လာပါသည်။ သုံးလေးပတ်ကြာလျှင် အပူချိန်တဖြည်းဖြည်း လျော့ကျသွားပြီး နောက်ဆုံးတွင် အပူချိန် လုံးဝမရှိတော့ပါ။ အပူချိန်လျော့ကျသွားပါက အတွင်း၊ အပြင် သမသွားစေရန် အပုံကို အထောက်အောက်လှန်၍ နေရာရွှေ့ပုံပေးရပါသည်။ အပုံနေရာရွှေ့သည့်အခါ ခြောက်လက်မထုရအောင် ဖြန့်ခင်းလိုက်၊ ရေဖျန်းလိုက် လုပ်ပေးရပါသည်။ အပုံပြောင်းရွှေ့ခြင်း နှစ်ကြိမ် ပြုလုပ်ပြီးသောအခါ ၉-၁၀ ပတ်ကြာတွင် အသုံးပြု၍ ရနိုင်သော ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝမြေဩဇာကို ရရှိပါသည်။ အနံ့၊ အပူချိန်လုံးဝမရှိတော့ပါ။ ဒိုချက်ကင်း ဇီဝမှိုမျှင်ကလေးများ မြေဆွေး ပုံတစ်ပုံလုံးကို ပွားများပျံ့နှံ့၍ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။ သီးနှံစိုက်ခင်းများတွင် အသုံးပြုသောအခါ မြေဆီလွှာအတွင်း ဝါးရုံမြေဒိုချက်ကင်း သဘာဝဇီဝမှိုမျှင်ကလေးများပွားများ ပျံ့နှံ့သွားပါသည်။ ဓာတုပစ္စည်းလုံးဝ မပါဝင်သဖြင့် သဘာဝမြေဩဇာစစ်စစ်ဖြစ်ပါသည်။ ယနေ့ခေတ် ခေတ်စားလာသော ဓာတုဓာတ်ကြွင်းကင်းစင်ရေး လုပ်ငန်းစဉ်နှင့် သဘာဝ မြေဩဇာနှင့် သီးနှံ ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွင် ပိုမိုအသုံးပြုသင့်ပါသည်။ ဝါးရုံမြေ ဒိုချက်ကင်း သဘာဝ ဇီဝမြေဩဇာ သည် စိုက်ပျိုးရေးသာမက ဝက်မွေးမြူရေး၊ ကြက်မွေးမြူရေးခြံများတွင် အောက်ခံအခင်းအဖြစ် အသုံးပြုပါက အနံ့ကင်း၊ ရောဂါကင်းစေ၍ အကျိုးများစေနိုင်ပါသည်။ မြေဆီလွှာပျက်သုဉ်းခြင်းကို ကာကွယ်ကုသရန်အတွက် အကောင်းဆုံးသဘာဝမြေဩဇာပင် ဖြစ်သည်။ ဒိုချက်ကင်မြေသြဇာသည် မြေအတွင်း လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ပေးနိုင်ပြီး သီးနှံ အထွက်နှုန်းကို တိုးစေပါတယ်။ စိုက်ပျိုးရေးမှာ သာမက မွေးမြူရေးမှာလည်း အသုံးပြုနိုင် ပါတယ်။ ၀က်မွေးမြူရေးအတွက် ဒိုချက်ကင် မြေသြဇာ ၅၀ % နှင့် လွှစာမှုန့် ၅၀ % ရောပြီး ၁ ပေခွဲ မှ ၃ ပေ အနက်တူးထားသည့် မြေကျင်းထဲမှာ ဝက်မွေးမြူမည်ဆိုရင် အနံ့ဆိုးလုံးဝမထွက်၊ ရောဂါဒဏ်လည်း ခံနိုင်ပြီး အစာကျွေးနှုန်းလဲ သက်သာ စေပါသည်။ ကြက်မွေးမြူရေးအတွက် ၁ ပေခွဲခန့် အောက်မှခင်းပေးလျင် လုံလောက်ပါသည်။ ဒိုချက်ကင်မှိုက ဒေသတွင်းရှိ အပေါ်ယံမြေဆွေးကိုယူပြီး မွေးမြူခြင်းဖြစ်လို့ မိမိတို့ရဲ့ ဒေသ/ရာသီဥတု နဲ့ ကိုက်ညီပြီး မိမိ ယာမြေ၊ စိုက်ခင်းမြေ အတွင်းမှာ အလွယ်တကူ နေထိုင် ပြန့်ပွားနေနိုင်ပါသည်။ . 

    Credit - အောင်ဆန်း (စိုက်ပျိုးရေး) 

    ✦✦✦✦✦✦✦✦ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 


  • article
likes
9
comments
1
views
3397