cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သူတို့အမေး ထွက်တိုးအဖြေ (ယင်မဲစစ်သည်အကြောင်း)

. ငါးမွေးမြူရေးလမ်းညွှန်
ယင်မဲစစ်သည်သားလောင်းမှာ ပရိုတင်းဓာတ် ၃၀%- ၅၃% ထိပါဝင်လို့ တိရိစ္ဆာန် အစာအပြင် လူ အစာ အဖြစ် အသုံးပြုရပါတယ်။
  • (၁) ယင်မဲစစ်သည် ဆိုတာ အိမ်မှာတွေ့နေကျယင်ကောင်ပဲလား။ 

    ယင်မဲစစ်သည် ယင်ကောင်တွေလိုပဲ အင်းဆက် အုပ်စုဝင်ဖြစ်ပေမဲ့ သူတို့ရဲ့ ရှင်သန် ပေါက်ရောက်ပုံက ကွဲပြားပါတယ်. ဥပမာ- သားလောင်းအရွယ်မှာသာ အစာစားကြပြီး အရွယ်ရောက်တဲ့ ယင်မဲ စစ်သည် (BSF) တစ်ကောင်ဟာ ယင်ကောင်တွေလို အစာ‌ဟောင်းတွေ စွန့်ပစ် ပစ္စည်း တွေကို မစားသုံးတော့ပဲ မျိုးပွားရန် အတွက် ရေ အနည်းငယ်သာ သောက်သုံးလေ့ရှိပါတယ်။ 

    (၂) ဘာအတွက် ယင်မဲ မွေးသင့်တာလဲ။ 

    ယင်မဲစစ်သည်သားလောင်းမှာ ပရိုတင်းဓာတ် ၃၀%- ၅၃% ထိပါဝင်လို့ တိရိစ္ဆာန် အစာအပြင် လူ အစာ အဖြစ် အသုံးပြုရပါတယ်။ ဒါအပြင် ယင်မဲ စစ်သည်သားလောင်းတွေ ဟာ စွန့်ပစ်ပစ္စည်းတွေကို လျင်လျင်မြန်မြန်ပဲ ဆွေးမြေ့စေတဲ့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးမှာ အကျိုးရှိစေတဲ့အပြင် သားလောင်းလေးတွေရဲ့ မစင်ကနေ စိုက်ပျိုးရေးအတွက် မြေဩဇာ အဖြစ် အသုံးပြုနိုင်ပါတယ်။ 

    (၃) ယင်မဲစစ်သည်မွေးဖို့ ဘာအစာတွေကျွေးရမလဲ။ 

    ပလစ်စတစ်ကလွဲရင် မီးဖိုချောင်၊ စားသောက်ဆိုင်၊ စိုက်ပျိုးရေး အကြွင်းအကျန်နဲ့ တိရိစ္ဆာန် အညစ်အကြေး အားလုံးဟာ ယင်မဲစစ်သည် အစာပါပဲ။  

    (၄) ယင်မဲစစ်သည်သားလောင်းကို တိရိစ္ဆာန်စာကျွေးမယ် ဘယ်လိုကျွေးရမလဲ။ 

    ယင်မဲစစ်သည်သားလောင်းကို တိရိစ္ဆာန်စာ အနေနဲ့ သုံးရင် သားလောင်း အရှင် အတိုင်းကျွေးလို့ရတဲ့ အပြင် အခြောက်ခံ အမှုန့်လုပ်၍ သော်လည်းကောင်း ၊ ဖွဲနု၊ အရွက်စိမ်းတွေနဲ့ ရောနှောပြီး ကျွေးနိုင်ပါတယ်။  

    ------------- 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483  

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
  • article
  • article
  • article
likes
6
comments
0
views
3317