သင်္ကြန်စာ (၇ ရက်သား/သမီးများအတွက်)
ဇေယျတု သဗ္ဗမဂ်လံ......နှစ်အမည်ကား သရဝဏ္ဏ နှစ်တည်း။
နှစ်ကို မိကျောင်းစောင့်၏။ လကို ယုန်စောင့်၏။
ရက်ကို သကြ်န်စောင့်၏။ မြေကို ကုမ္ဘဏ်ဘီလူးစောင့်၏။ ကောင်းကင်ကို ကြက်စောင့်၏။ ရေကို
မဂါရ်းစောင့်၏။ မိုးကို လင်းတစောင့်၏။ တောကို
ဆင်စောင့်၏။ လူတို့အဓိပတိကား ဘုရား အခြေလေးခုတို့၏ အဓိပတိကား မိကျောင်း။ ငှက်တို့၏
အဓိပတိကား ကျီး။ သစ်ပင်တို့၏ အဓိပတိကား သရက်ဖြူ။ ဝါးတို့၏ အဓိပတိကား ကြသောင်း။
မြက်တို့၏ အဓိပတိကား မြက်ခါး။ နက္ခတ် ၇လုံး
ငုပ်၏။ ၈လုံးပေါ်၏။ မြေသြဇာ တတ်၏။ မိုးဦးတတ်အံ့။ မိုးလယ်မိုးနှောင်းကောင်းအံ့။ ရေကြီးအံ့။ ငါး သားရှားအံ့။ မိုးအကြိမ် ၇၀ ရွာအံ့။ မိကျောင်းရဲအံ့။ မြွေထူအံ့။ ကဆုန် သီတင်းကျွတ်
တန်ဆောင်မုန်း ပြာသို တပို့တွဲ ဤ၅လကား ပြည့်ရှင်မင်း တို့ထံ လာဘ်သပ်ပကာရောက်အံ့။ ကောက်ပဲသီးနှံကောင်းအံ့။ ဝပြောအံ့။ လူတို့ အနာအဖျားများကုန်အံ့။ တပေါင်းလဆန်း မိုးသံကြားအံ့။ ကဆုန်လမှာရွာအံ့။ အပျက်အစီးများအံ့။ ပြည်ရွာမီးလောင်ဘန်များအံ့။ ဇနပုပ်တိုင်းကား ပုန်ကန်အံ့။ ခိုက်ရန်များအံ့။ မင်း ရဟန်း ပုဏ္ဏားမကောင်း အချင်းချင်း သတ်ကြအံ့။ မုဒိမ်းဒဏ္ဍထူပြောအံ့။ ထိုနှစ်ဖွားသော သားကား ပညာလျင်အံ့။ ထက်မြက်အံ့။ ပိဋိကတ်ဗေဒင်တတ်အံ့။ ဘုန်းတန်ခိုးအာနုဘော်ကြီးအံ့။ စောင်းမန်ကြီးအံ့။
အခြေလေးခုသခင်ဖြစ်အံ့။ ခိုက်ရန်မလို အသက်၉၀ နေရအံ့။ (ယခုနှစ်အတာစား သည့်သားသမီးမှာ ဗုဒ္ဓဟူးသားသမီးများဖြစ်သည်)။
တနဂ်နွေနေ့ဖွားသားသမီးတို့သည်။ ။ ဤနှစ်တွင် အယူအဆဆန်းသစ်မှုဖြင့် စိတ်ကူးပုံဖော်ထားသည့်အတိုင်း ပန်းတိုင်ထားကြိုးစားပေမဲ့ လမ်းခုလပ်တွင် ပိတ်မိနေတတ်သည်။ မိသားစုတွင် မိမိထက်ငယ်ရွယ်သောသူ သားသမီးများနှင့် မကြာခဏ စကားများတတ်၏။ အဆောက်အဦးရောင်း ပေါင် ငှားနှင့် ချေးထားသော ငွေကြေးတို့ ပြန်လည်ရအံ့။ ငယ်ရွယ်သူအဖို့ ရည်းစားများပြီး အိမ်ထောင်သည်များအနေဖြင့် ယုံကြည်မှုတည်ဆောက်ရန် ခက်ခဲသောကာလဖြစ်အံ့။ တည်ငြိမ်သောစိတ်ဓာတ်ဖြင့် မမိတ်မသုန်ကြိုးစားပါမှ ရည်မှန်းထားသော ပညာရေးအဆင့်ကို ရောက်ရှိမည်။ မတော်တဆ ထိခိုက်ဒဏ်ရာ ဦးခေါင်းနှင့်ပတ်သတ်၍ရနိုင်အံ့။ သွေးအားနည်းခြင်း ခါးနာသောရောဂါဝေဒနါတို့ခံစားရအံ့။
ယတြာ။ ။ မွေးနေ့ နံနက် ၁၀း၃၆ အချိန် ထောပတ်ထမင်းဆွမ်းကို အိမ်ဘုရားတွင် ကပ်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်းမှာ ၃. ၆. ၈
တနလ်ာနေ့ဖွားသားသမီးတို့သည်။ ။ဤနှစ်တွင် လုပ်ငန်း၏ဝင်ငွေထက်ပို၍ အသုံးများတတ်အံ့။ စိတ်ပူပန်စေသော အကြောင်းအရာတို့နှင့် မကြာခဏ ကြုံတွေ့ရအံ့။ ရေနှင့် နီးစပ်သော နေရာတို့ အန္တရာယ်ရှိအံ့။ ဦးဆောင်တတ်သော အမျိုးသမီးတို့၏ ကူညီမစထောက်ခံပေးခြင်းတို့ရရှိအံ့။ အချစ်ရေးနှင့် ကျောချင်းကပ်လျက် ဝေးကွာနေအံ့။ အိမ်ထောင်ရေး သာယာမှုရှိပြီးသားသမီးရတနာတိုးပွားလာအံ့။ ကျောက်စိမ်း ကုန်မာပစ္စည်းနှင့် ကားရောင်းဝယ်ခြင်းတို့မှ အကျိုးအမြတ်များအံ့။ တန်ဘိုးကြီးရတနာပစ္စည်းမျာား စာရွက်စာတမ်းများပျောက်ဆုံးမှုရှိအံ့။ စီးပွားရေး အတွက်ပြည်ပခရီးမကြာခဏထွက်ရအံ့။ ပညာရေးတွင် အသင့်အတင့်ကောင်းမွန်ပြီး ရည်မှန်းချက်အတိုင်း ပြည့်စုံအံ့။ ကျန်းမာရေး တွင် အရေပြားနှင့် သွေးအားနည်းရောဂါဝေဒနါတို့ ခံစားရအံ့။ ယတြာ။ မွေးနေ့နံနက် ၉း၂၇ မိနစ်အချိန် အိမ်ဘုရားတွင် ဒိန်ချဥ်ဆွမ်းကပ်၍ လိုရာဆုတောင်းပါ။အကျိုးပေးဂဏန်းမှာ ၄. ၇. ၂
အဂ်ါနေ့ဖွားသားသမီးတို့သည်။ ။ ဤနှစ်တွင် အနာဂတ်စီးပွားရေးစီမံခန့်ခွဲမှုများအတွက် စိတ်ပူပန်နေရအံ့။ စကားပြောဆိုဆက်ဆံရာ၌ လိမ္မာပါးနပ်မှုရှိရန် အထူးလိုအပ်သည်။ စိတ်ဝမ်းကွဲစရာကိစ္စရပ်များဖြင့် မိတ်ဆွေများနှင့် ကြုံရအံ့။
စာပေ စက္ကူနှင့် စာရေးကိရိယာ ထုတ်ဝေရေး လုပ်ငန်းတို့မှ အကျိုးအမြတ်များအံ့။ မမျှော်လင့်ထားသောလုပ်ငန်းတို့နှင့် လက်တွေ့ကျသော လုပ်ဆောင်ချက်တို့ကြောင့် ဝင်ငွေများအံ့။ အောင်မြင်မှုနှင့်အတူ စိတ်လွတ်လပ်ရန် အလို့ငှာ တရားဓမ္မတို့နှင့် မပြတ်ရှိနေရန် အထူးလိုအပ်သည်။ အချစ်ရေး ဆန်းပွင့်သောကာလဖြစ်ပြီး အိမ်ထောင်မှု ကိစ္စအဝဝကို အပေးအယူမျှတစွာ နားလည်မှုပေးနိုင်အံ့။ ကျန်းမာရေး တွင် ဆီးချို အသဲ စသောရောဂါဝေဒနါတို့ ခံစားရအံ့။ ယတြာ မွေးနေ့နံနက် ၉း၅၄ အချိန် အိမ်ဘုရားတွင် အုန်းပေါင်းကပ်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်းမှာ ၇. ၈. ၂
ဗုဒ္ဓဟူးနေ့ဖွားသားသမီးတို့သည်။ ။ ဤနှစ်တွင် လုပ်ငန်းအပြိုင်အဆိုင်များပြီး ယှဥ်တွဲ၍လုပ်ဆောင်ရသော အစုစပ် အဖွဲ့အစည်းနှင့်ပတ်သတ်သောလုပ်ငန်းများ အကျိုးမရှိပါ။ ပညာရေးတွင် စိတ်ဝင်စားမှု အားနည်း၍ ပိုမိုကြိုးစားအားထုတ်သင့်သည်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ဆောင်ခြင်းခံရတတ်။ ခန္ဓာကိုယ် ရေဓာတ်အားနည်းခြင်းနှင့် ဓာတ်မတည့်သော ရောဂါကြုံတွေ့ရအံ့။ တွေးခေါ်ယူဆချက်ကောင်းမွန်ပြီး အများနှင့်ဆန့်ကျင်သော ဖြစ်စဥ်များကြောင့် ဖယ်ကြဉ်ခြင်း ခံရအံ့။ စိတ်ထွက်ပေါက်အတွက် အပျော်ရှာသော ကာလဖြစ်၍ အပျက်သဘော မဆန်အောင် ရှောင်သင့်သည်။ အိမ်ခြံမြေ ပိုင်ဆိုင်မှုများအတွက် စကားများ စိတ်ရှုပ်ထွေးရအံ့။ ယတြာ။ မွေးနေ့နံနက် ၉း၉
အချိန်တွင် ပဲနံပြားဆွမ်းကို အိမ်ဘုရားတွင် ကပ်လှူ၍လိုရာဆုတောင်းပါ။အကျိုးပေးဂဏန်းမှာ
၃. ၆. ၀
ရာဟုနေ့ဖွားသားသမီးတို့သည်။ ။
ဤနှစ်တွင် ဂဏ္ဍမျိုးစုံ ရင်းနှီးမြှုပ်နှံမှုရှိပြီး ကြွေးမြီးတင်နိုင်အံ့။ ရေတိုစီးပွားရေးတွင် မထည့်ဝင်သင့်ပါ။ အကျိုးအမြတ်နည်းအံ့။ စက်ပစ္စည်းနှင့် အီလက်ထရောနစ်ပစ္စည်းများ အလေအလွင့် အပျောက်အပျက်ရှိအံ့။ ညီ ညီမငယ် တို့၏ ကျန်းမာရေး အထူးဂရုစိုက်ရအံ့။ ထီပေါက်ကိန်းရှိအံ့။ ကြိုးစားသလောက် အကျိုးနဲသည် ဖြစ်ရာ
မူလထက်ပို၍ နှစ်ဆကြိုးစားအားထုတ်သင့်သည်။
အချစ်ရေး ကံကောင်းပြီး အဝေးရောက်ချစ်သူတို့နှင့် ဆုံဆည်းရသောအချိန်ဖြစ်အံ့။ ဆန့်ကျင်ဘက်လိင်တို့၏ စိတ်ဝင်စားမှု အထူးခံရ၏။ ပညာရေးတွင် မလျော့သောလုံ့လဖြင့် အောင်မြင်မှု ရရှိအံ့။
အရောင်းအဝယ်မှားယွင်း၍ ငွေကြေးဆုံးရှုံးရနိုင်အံ့။ ယတြာ။ မွေးနေ့နံနက် ၁၀း၂၇ အချိန်တွင် အိမ်ဘုရားတွင် နာနတ်ယိုကပ်လှူ၍ လိုရာဆုတောင်းပါ။အကျိုးပေးဂဏန်းမှာ ၁. ၀. ၉
ကြာသပတေးနေ့ဖွားသားသမီးတို့သည်။ ။
ဤနှစ်တွင် ဆရာသမားနှင့် မိတ်ဆွေတို့၏ အရေးပေးခံရမှုကြောင့် အတွေးနှင့်အလုပ် အံဝင်ဂွင်ကျ မှုဖြစ်အံ့ ရပ်ဝေးစီးပွားမိတ်ဆွေ တိုးပွားအံ့။ ရသင့်သောအခွင့်အရေးထက်ပို၍ ကြံရွယ်လုပ်ယူမိသောကြောင့် အဆင်မပြေဖြစ်အံ့။ အိမ်ထောင်ရေး ကိစ္စ
အဆင်မပြေမှုများအံ့။ အချစ်ရေး တွင် မကြာခဏ
နားလည်မှုလွဲနိုင်အံ့။ ပညာရေးတွင် စိတ်ဝင်စားမှုအားနည်း၍ အနည်းငယ်ညံ့အံ့။ တဇွတ်ထိုးလုပ်ဆောင်မှုများကြောင့် မိသားစုခြင်း မကြာခဏ သဘောထားကွဲလွဲ နိုင်အံ့။ ထက်မြက်၍ ပြတ်သားသော စကားများကြောင့် လူအများ၏ ယုံကြည်မှု
ရအံ့။ ကျန်းမာရေး တွင် အမြင်အာရုံ ချွတ်ယွင်း
အသေးစားခွဲစိတ်မှုများ ကြုံရအံ့။ ယတြာ။ မွေးနေ့နံနက် ၉း၀၀ အချိန် တွင် အိမ်ဘုရားမှာ
ရွှေလိမ္မော်သီးကပ်လှူ၍ လိုရာဆုတောင်းပါ။အကျိုးပေးဂဏန်းမှာ ၂. ၅. ၆
သောကြာနေ့ဖွားသားသမီးတို့သည်။ ။ဤနှစ်တွင် အချစ်ရေး ၌ မိမိထက်အစစသာလွန်သော အမျိုးကောင်းသား သမီးတို့နှင့် ဖူးစာဆုံရတတ်၏။ ငယ်ရွယ်သူတို့အဖို့ ကာလအတန်ကြာ ဝေးကွာနေအံ။ သံ သစ် သစ်သီးရောင်းဝယ်ခြင်းတို့ မှ အကျိုးအမြတ်များအံ့။ သူတပါး၏ ပြဿနာ နှင့် အာမခံကိစ္စများတွင် စေတနာဖြင့် လိုက်ပါဖြေရှင်းရာမှ ပိုမိုရှုပ်ထွေးပြီး မီးလောင်ရာ
လေပင့်သလိုဖြစ်တတ်၏။ အတွေ့အကြုံ အသစ်အဆန်းလိုချင်၍ လုပ်ပါမှ လမ်းမှားရောက်၍ မဟုတ်တာကို လုပ်နေသလိုဖြစ်တတ်သည်။ နဂိုမူလလုပ်ငန်းတို့ကို ထိန်းသိမ်းလုပ်ဆောင်၍ လုပ်ငန်းအသစ် မတိုးချဲ့သင့်ပါ။ ပတ်ဝန်းကျင်အသစ်တွင် ပျော်မွေ့နိုင်ရန် ကြိုးစားပြီး မိတ်ဆွေသစ်တို့ဖြင့် အဆင်ပြေနေအံ့။ ယတြာ။ မွေးနေ့နံနက် ၉း၄၅အချိန်တွင်အိမ်ဘုရားတွင် စွန်ပလွန်သီးကပ်လှူ၍ လိုရာဆုတောင်းပါ။အကျိုးပေးဂဏန်းမှာ ၄. ၇. ၉
စနေနေ့ဖွားသားသမီးတို့သည်။ ။ဤနှစ်တွင်
ဘဝတွက် ရွေးချယ်ထားသော ကြင်ရာဖက် ချစ်သူတို့နှင့်ပတ်သတ်၍ စိတ်ညစ်ညူးဖွယ်အမှတ်တရများ ကျန်ရစ်နိုင်အံ့။ လုပ်ငန်းတူ ပြိုင်ဘက်များ၏ တိုက်ခိုက်မှုကို အမြဲတစေခံရအံ့။ အများအကျိုးပြုလုပ်ငန်းများနှင့် အဖွဲ့အစည်းတို့တွင် ပါဝင်ခြင်း မလုပ်ဆောင်သင့်ပါ။ သစ္စာရှိသော
တပည့်တပန်းတို့ရနိုင်အံ့။ လောဘများသော အတွေးများဖြင့် အမှားတွေ့တတ်သည်။ စွန့်စားရသော အလုပ်များ ရွေးချယ်လုပ်ဆောင်လိုစိတ်ရှိအံ့။ တနှစ်ပတ်လုံး၏ အဓိကအကြောင်းအရင်းကား အဆိပ်သင့်သော အတွေးကအရာရာကို မှားယွင်းစေနိုင်သည်။ ကျန်းမာရေး တွင် ကျောက်ကပ်အားနည်းခြင်း စသော ဝေဒနါတို့ခံစားရအံ့။ ပညာရေးတွင် အဆုံးစွန် ကြိုးစားရသော အချိန် အခါဖြစ်အံ့။ ယတြာ။ မွေးနေ့နံနက် ၁၀း၄၅အချိန်တွင် အုန်းနို့ခေါက်ဆွဲ ကပ်လှူ၍လိုရာဆုတောင်းပါ။အကျိုးပေးဂဏန်းမှာ ၀. ၆. ၈ ဖြစ်သည်။
#ဆရာကြီးဦးမင်းသိန်းနှင့် ဆရာကြီးစောထွန်းအောင်တို့အားဦးထိပ်ထားလျှက် ပြန်လည်မျှဝေပါသည်။
နဝင်းမောင်(ဂမ္ဘီရလောကီပညာ)
19.1.2025
မူရင်းရေးသားသူအား crd ပေးအပ်ပါသည်။
'--------------
ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857