cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“ အုန်းရည် “

. ကျန်းမာရေးဆောင်းပါးများ
အုန်းရည်မှာ ဆိုဒီယမ် ကြွယ်ဝစွာ ပါဝင်ပြီး လေ့ကျင့်ခန်း အကြာကြီး ပြုလုပ်ပြီးနောက် သောက်သုံးဖို့သင့်တော်ပါတယ်။
  • အုန်းရည်မှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ် နှင့် မက်ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်ပြီး ချိုသော အရသာ ရှိပါတယ်။  

    အုန်းရည် သောက်ခြင်းဖြင့် ရေဓာတ် ပြန်လည် ပြည့်ဝစေတယ်။  

    အုန်းရည်မှာ ကယ်လိုရီ ပါဝင်မှု နည်းပြီး အဆီ နှင့် ကိုယ်လက်စထရောလည်း မပါဝင်ဘူး လို့ ဆိုပါတယ်။  

    အုန်းရည် 8 Ounces (240 ml မှာ ကယ်လိုရီ 40-60 ပဲ ပါဝင်ပါတယ်။  

    ဒါကြောင့် ကယ်လိုရီ နည်းတဲ့ အချိုရည်လို့ မှတ်ယူလို့ ရပါတယ်။  

    အုန်းရည် 94% က ရေ ဖြစ်ပြီး အဆီလည်း မပါဝင်ပါ။   

    ဒါကြောင့် အတော်လေး ကောင်းတဲ့ အားဖြည့် အချိုရည် ဖြစ်ပါတယ်။  

    ရေဓာတ် ဖြည့်တင်းဖို့အတွက် ရေ က အကောင်းဆုံးဖြစ်ပါတယ်။  

    ဒါပေမည့် အုန်းရည်မှာ ဆိုဒီယမ် ကြွယ်ဝစွာ ပါဝင်ပြီး လေ့ကျင့်ခန်း အကြာကြီး ပြုလုပ်ပြီးနောက် သောက်သုံးဖို့သင့်တော်ပါတယ်။  

    အုန်းရည်မှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်ပြီး သွေး အတွင်းက ပိုလျှံနေတဲ့ ဆိုဒီယမ် တွေကို ဖယ်ထုတ်နိုင်ပါတယ်။  

    ဒါကြောင့် အုန်းရည် သောက်ခြင်းဖြင့် သွေးတိုး ကျစေပါတယ်။  

    ဒါပြင် ဆီးကျောက်တည်ခြင်း ကိုလည်း တားနိုင်တယ် ရေးပါတယ်။  

    အုန်းရည်က ဘယ်အချိန် သောက်သောက် အဆင်ပြေတဲ့ စားစရာ တစ်ခု ဖြစ်ပါတယ်။  

    အခြား ဖျော်ရည် တစ်ခုခုအတွင်း အုန်းရည် ထည့်ပြီး သောက်လို့ ရပါတယ်။   

    အုန်းရည်ကို သကြား မထည့်ဘဲ သောက်သုံးခြင်းက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။  

    လေ့ကျင့်ခန်း လုပ်ပြီး အုန်းရည် သောက်လျှင် ရေဓာတ် ပြန်လည် ပြည့်ဝစေပါတယ်။  

    ဝမ်းသွားခြင်းကြောင့် ရေဓာတ် ဆုံးရှုံး ထားလျှင်လည်း အုန်းရည် သောက်လို့ ရပါတယ်။  

    ဆီးချို ရောဂါသည်တွေလည်း အုန်းရည် သောက်လို့ရတယ်။  

    ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျောက်ကပ် ဆေးရမည့် လူနာများ မသောက်သင့်ပါ။  

    ခွဲစိတ်မှု မပြုလုပ်ခင် ၂ ပတ်လောက် ကြိုတင်ပြီး အုန်းရည် သောက်ခြင်း ရပ်နားထားဖို့ လိုပါမည်။  

    - ဒေါက်တာ ဖြိုးမောင်မောင်။ 

    ---------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
9
comments
0
views
3343