ရှမ်းပြည်နယ်အတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
ထူးခြားမိုးလေဝသဖြစ်စဉ်(လေဖိအားနည်းရပ်ဝန်းဖြစ်နေဆဲအချိန်အတွင်း၊ နိုင်ငံတစ်နိုင်ံလုံး မိုးရွာနိုင်ပြီးဒေသတချို့မှာ နေရာကွက်၍ မိုးများခြင်းဖြစ်လာနိုင်ပါသည်၊ ရှမ်းပြည်နယ်၏ မိုးလေဝသအခြေအနေသည် - ရှမ်းပြည်နယ်(မြောက်ပိုင်းမှာ မိုးအနည်းငယ်မှ အသင့်အတင့်)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းတို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်မည့်အခြေအနေများ၊ ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အတွင်း ဖြစ်လာနိုင်ပါမည်။
နောက် ၄ ရက်အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းမှ မြို့အချို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်ခွဲခန့်အထိ မိုးရွာသွန်းကာ မိုးများနိုင်သောကြောင့် MMWeather မှတင်ပေးထားသည့် ရှမ်းပြည်နယ်မြို့များအတွက် ၄ ရက် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်း weather widgets page - https://www.mmweather.org/divisional-cities-weather/shan-state မှာလည်းကြည့်ပေးကြပါရန် အကြံပြုပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများအတွင်း မိုးအသင့်အတင့်မှ မိုးများသည့်အခါ ရုတ်တရက် တောင်ကျချောင်းရေကျဆင်းပြီး ရေကြီးနိုင်ခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးများဖြစ်လာနိုင်သည့်အပြင် မတ်လ ၂၈ ရက်ငလျင်ကြီးလှုပ်စဉ်က ထိခိုက်ထားသည့်ဒေသများ၌ မြေသားပျော့အိပြီး မြေပြိုနိုင်ခြင်းကို သတိပြကြပါရန် အသိပေးထားလိုပါသည်။
Weather source: U Win Naing
စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
- လက်ရှိရာသီဥတုအနေထားအရ မိုးများလာတာနဲ့အမျှ ရှမ်းပြည်နယ်အတွင်းရှိ ဂေါ်ဖီထုတ်ပင်တွေမှာ ပင်ခြေပုပ်မှိုရောဂါ တွေ့ရှိရနိုင်ပါတယ်
- မြေဆောင်ရောဂါဖြစ်တဲ့ လက်ခံပင်မဟုတ်တဲ့သီးနှံတွေအတွက် သီးလှည့်စိုက်ပါ
- လက္ခဏာပေါ်မှ ဆေးဖျန်းတာက ထိရောက်ဖို့ခက်ပါတယ်။
- Tebuconazole 20+ Cymoxanil 10 ကို အပင်ခြေမြေကြီးကို သေချာထိအောင်ဖျန်းပေးပါ။
- ဆေးမဖျန်းခင် စိုက်ခင်းအစိုဓာတ်အနည်းငယ်ရှိဖို့လိုပါတယ်၊
- ရောဂါကျ ပင်ကြွင်းပင်ကျန်တွေကိုသေချာရှင်းပေးပါ။ စိုက်ခင်းထဲမထားခဲ့ပါနဲ့။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ပူပြင်းသော ရာသီတွင် ငါးမွေးတောင်သူများသည် မိမိ၏ငါးမွေးကန်ကို နေ့စဉ်အောက်ပါအချက်များ ကြည့်ရှုစစ်ဆေးသင့်ပါသည်။ ပုံမှန်မဟုတ်သော လက္ခဏာများမှာ-
ငါး၊ပုစွန်များ ကန်ဘောင်ရေစပ်တွင် တက်နေခြင်း
နံနက်စောစောရေမျက်နှာပြင်အထက်တွင် မလှုပ်မရှားနေ၍ လက်ဖြင့် လွယ်ကူစွာဖမ်းနိုင်ခြင်း
ငါး၊ ပုစွန် အသေများတွေ့ရှိခြင်း
ရေညှိဖတ်များ ရေတွင် မျှောနေသည်ကိုတွေ့ရခြင်း
ရေအရောင်ပြောင်းလဲခြင်း (စိမ်း ၊စိမ်းရင့် ၊နီ)
(ရေကြည်နှုန်း ၂၀စင်တီမီတာအောက် လျှော့နည်းနေခြင်း)
နေ့အချိန်တွင် ငါး၊ ပုစွန်များ ရေမျက်နှာပြင်ပေါ်တွင် ထိတ်လန့်စွာ ကူးခတ်နေခြင်း
ကန်ရေအပူချိန် ၃၂ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေခြင်း
ကန်ရေမျက်နှာပြင်ပေါ်တွင် အမြုပ်များဖြစ်ပေါ်နေခြင်း
ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးကောစင်တာနံပါတ် -09977910000 သို့ ဆက်သွယ်နို်ငပါသည်။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437