ရန်ကုန်တိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ ဧပြီလ ၁၄ ရက် မှ ၂၀ ရက်အထိ - ===== - ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းက မြို့နယ်တွေမှာ ဧပြီ ၂၀ ရက်အထိ နေသာချိန်ရှိပြီး မိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။ - တောင်ဘက်နဲ့အနောက်တောင်ဘက်ကဝင်လာတဲ့ မိုးတိမ်တောင်များရွေ့လျားရာလမ်းတစ်လျှောက် ခေတ္တခဏမျှ မိုးသည်းထန်နိုင်ပါတယ်။ - ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းပိုင်းတွေအတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ဘက်မှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း ဖြစ်လာရင်တော့ ကမ်းရိုးတန်းအနီးမှ စိုက်ပျိုးရေးတောင်သူများ လေ/မိုးများနိုင်တာကို သတိထားကြရမဲ့ အချိန်ဖြစ်ပါတယ်။ ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်လာရင် ကြိုတင်အသိပေးတင်ပြပေးသွားပါမယ်။ - ဒီတစ်ပတ်အတွင်းမှာ အနောက်ဘက်အရပ်မှ လေတိုက်နှုန်း တစ်နာရီ ၅ မိုင်မှ ၁၂ မိုင်ခန့်ရှိနိုင်ပြီး ပျမ်းမျှ အမြင့်ဆုံးအပူချိန် ၃၅°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၆°C ရှိနိုင်ပါမယ်။ - Weather source: U Win Naing - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံသို့
- စိုက်ပျိုးရေးဆိုင်ရာအကြံပေးချက်
- လက်ရှိသီးနှံတွေသိမ်းပြီး မြေလှပ်ထားမည့်တောင်သူများအနေဖြင့် မိမိတို့သီးနှံရာသီအတွင်း မြေဆောင်မှိုရောဂါများကျရောက်ခဲ့ပါက နောက်သီးနှံမစိုက်ခင် အနည်းဆုံး၂ ပတ်ခန့်ကြိုတင်ပြီး မြေကြီးကိုထရိုင်ဂိုဒါးမားထည့်သွင်းပြုပြင်သင့်ပါတယ်။
- Trichoderma (ထရိုင်ဂိုဒါးမား) အမှုန့်ထည့်သွင်းမည်ဆိုပါက ၁.၅-၃ ကီလိုဂရမ်/ဧကနှုန်းထား
- ထည့်သွင်းနည်း- ကောင်းစွာဆွေးမြည့်နေသော မြေဆွေး (သို့မဟုတ်) နွားချေး ၅၀ ကီလို+ ထရိုင်ဂိုဒါးမား ၁-၁.၅ ကီလိုဂရမ် ကိုမြေကြီးပေါ်တွင် ညီညာစွာဖြန့်ပါ။
- ထယ်အနက် ၁၀-၁၅ စင်တီမီတာအနက်ထိရောမွှေပါ။
- ထရိုင်ဂိုဒါးမားအရည် အသုံးပြုလိုပါက ၂လီတာ/ဧက နှုန်း၊ ထည့်သွင်းနည်းအားဖြင့် ထရိုင်ဂိုဒါးမား ၂လီတာ+ရေ ၂၀၀ လီတာဖျော်ပါ။ ထယ်ကြောင်းဆွဲထားသောမြေပေါ်မှာ ညီညာစွာဖျန်းပါ။
- အသုံးပြုချိန်မှ စ၍ ၇ ရက်အတွင်း Trichoderma ကောင်းစွာပွားများနိုင်ရန် မြေအစိုဓာတ် ၇၀-၈၀ % ရှိသင့်ပါတယ်။ (Dr.DaDa)
 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - နွေရာသီကာလများတွင် အပူချိန်မြင့်တက်နေသဖြင့် ငါးကန်များတွင် ကန်ရေအပူချိန်သည် မြင့်တက် နေတတ်ပါသည်။ ငါးကန်များတွင် ကန်ရေအပူချိန်သည် ၃၀ မှ ၃၂ ဒီဂရီစင်တီဂရိတ် နှင့် အထက်ရှိနေတတ်ပါသည်။ - ထိုအချိန်တွင် မိုးရွာသွန်းပါက ကန်ရေအပူချိန်သည် ချက်ချင်း ကျဆင်းပြီး ငါးများအတွက်ရှော့ဖြစ်သေ ဆုံးခြင်းများရှိတတ်ပါသည်။ - ကန်ရေအနက် ၅ပေ ရှိပါက ကန်ရေအပူချိန်ပြောင်းလဲခြင်းသည် သက်သာသော လည်း ကန်ရေအနက် (၃)ပေနှင့်အောက်ရှိသောကန်များတွင် အပူချိန်ပြောင်းလဲခြင်း မြန်ဆန်ပြီး ငါးများရှော့ဖြစ်တတ်ပါသည်။ - ထို့ကြောင့်ကန်ရေအနက်ကို အနည်းဆုံး (၅)ပေထားရှိရန်လိုအပ်ပါသည်။ - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးကောစင်တာနံပါတ် -09977910000 သို့ ဆက်သွယ်နို်ငပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
