cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ပဲခူးတိုင်းအရှေ့ခြမ်းမှာလဲ မိုးရွာနိုင်မဲ့ အခြေအနေက ၁၉-၂၀ ရက်တေတွအထိသာရှိနိုင်ပါမယ်။ ပဲခူးအရှေ့ခြမ်းက အနောက်ခြမ်းထက်တော့ မိုးရေချိန် နည်းနည်းပိုနိုင်ပါတယ်။
  • ပဲခူးတိုင်း ဧပြီ ၂၂ ရက် မှ ၂၅ ရက်အထိ ၇ ရက် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းခြင်း

     ပဲခူးတိုင်း၏ မိုးလေဝသအခြေအနေဖြစ်ပေါ်ပုံ အကျဉ်း 

    ပဲခူးတိုင်းမှာ ပဲခူးရိုးမရဲ့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး ပဲခူး-အရှေ့/ပဲခူး-အနောက်လို့ ခွဲခြားခေါ်ကြပါတယ်။ 

    အနောက်ဘက်ဘင်္ဂလားပင်လယ်အော်နဲ့ တောင်ဘက် ကပ္ပလီပင်လယ်(မုတ္တမကွေ့)ဘက်မှ ဝင်လာတဲ့ မိုးလေဝသအခြေအနေတွေက မိုးကြို/မိုးဦးနဲ့ မိုးလယ်ကာလတွေအထိရှိတတ်ပြီး၊ 

    တောင်တရုတ်ပင်လယ်နဲ့ထိုင်းပင်လယ်ကွေ့ဘက်ကဝင်လာတတ်တဲ့ မိုးလေဝသအခြေအနေတွေက မိုးနှောင်းနဲ့ မိုးလွန်ကာလတွေမှာ ရှိတတ်ပါတယ်။ 

    7 Days forecast 

    အခု ဧပြီ ၁၅ ရက်မှ ၂၂ ရက်အထိ ၇ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်မှာ - ပဲခူးတိုင်းအနောက်ပိုင်းက ၁၉-၂၀ ရက်လောက်အထိ ထစ်ချုန်းနိုင်တဲ့ အခြေအနေတွေဖြစ်ပေါ်ပြီး၊ မိုးရွာနိုင်ချေကတော့ ရွာတယ်ဆိုရုံအတော်နည်းနည်းပါဘဲ။ ပဲခူးတိုင်းအရှေ့ခြမ်းမှာလဲ မိုးရွာနိုင်မဲ့ အခြေအနေက ၁၉-၂၀ ရက်တေတွအထိသာရှိနိုင်ပါမယ်။ ပဲခူးအရှေ့ခြမ်းက အနောက်ခြမ်းထက်တော့ မိုးရေချိန် နည်းနည်းပိုနိုင်ပါတယ်။ ပဲခူးတိုင်းမှာ သတိထားသင့်တာတခုက နံနက် ၁၁ နာရီက နေ့လည် ၁ နာရီလောက်အထိ အချိန်အတွင်းမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အမြင့်ဆုံး level အထိမြင့်တက်နေတာပါဘဲ။ ယေဘူယျအားဖြင့် ပဲခူးတိုင်းဒေသအားလုံးမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး အရှေ့ဘက်ခြမ်းမှာ ဒေသအလိုက်မိုးများတာတော့ ဖြစ်နိုင်ပါမယ်။ 

    ပဲခူးတိုင်းအတွင်းက မိမိနေထိုင်လုပ်ကိုင်ရာဒေသနဲ့ နီးစပ်တဲ့ မြို့များ၏ ၄ ရက်စာမိုးလေဝသအခြေအနေကြိုတင်ကြည့်နိုင်ရန် Weather Widget တွေလဲ တင်ပေးထားပါတယ် - https://www.mmweather.org/divisional-cities-weather/bago-div 

     

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြောင်းစိုက်တောင်သူများထံသို့ 

    သီးနှံကာကွယ်ရေးဆိုင်ရာ အကြံပြုချက် 

    • ပြောင်းသီးနှံအတွက် မြေဩဇာအနေနဲ့ စိုက်ပြီး ၁၅-၂၀ ရက်တွင် NPK အချိုးညီသောမြေဩဇာ+ ဆာလဖာ (S) ပါဝင်သောမြေဩဇာ ၅၀ ကီလိုထည့်ပေးပါ။  
    • ၃၀ ရက်သားဘောင်လုံးချိန်တွင် NPK အချိုးညီမြေဩဇာကိုပဲ နောက်ထပ် ၅၀ ကီလိုထည့်ပေးပါ။ 
    • ဖူးစားပြောင်းဆိုရင် တစ်ပင်ကို ၁ ဖူးတည်းသာယူသင့်ပါတယ်။ ထိပ်ဆုံးက အဖူးကိုယူပါ။ 
    • ထိပ်ဆုံးအဖူးက ဝတ်မှုန်ကောင်းကောင်းကူးထားတဲ့ အကြီးဆုံးအဖူးဖြစ်ပါတယ်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ရုတ်တရက် မိုးရွာသွန်းသော အချိန်တွင် ကန် ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း ၊ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြရပါမည။် မိုးရွာပြီး နောက်တစ်နေ့တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကို ပြန်လည် တိုင်းတာပြီး ကျဆင်းနေပါက တစ်ဧက လျှင် ထုံး (၁၅)ပိဿာ ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။ 

    ကန်ရေဩဇာဓါတ်လည်း ကျဆင်းပျောက်ဆုံးခြင်းများလည်း ကြုံတွေ့ရပါမည်။ ထို့ကြောင့် မိုးရွာသွန်း ပြီးနောက် ရေကြည်နှုန်း (၁၈)လက်မကျော်နေပါက ပုလဲနှင့်တီစူပါ မြေဩဇာများပြန်လည်ထည့်သွင်းပေးပါရန် အကြံပြုတင်ပြအပ်ပါသည်။ 

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ 

    ---------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
  • article
  • article
likes
6
comments
1
views
3482