မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
ဧပြီလ ၁၆ ရက် မှ ၂၂ ရက်အထိ မကွေးတိုင်းရဲ့ မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေအရ -
မိုးရွာနိုင်မဲ့အခြေအနေလျော့နည်းပြီး နေ့အပူချိန်များမြင့်တက်လာနိုင်
ဒီနေ့ဧပြီ ၁၆ ရက်နေ့မှာ မိုးကြိုကာလအတွင်းကိုတော့ စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။
မကွေးတိုင်းအတွင်း မိုးရွာနိုင်ချေ မိုးရွာနိုင်မဲ့ ရာခိုင်နှုန်း အတော်နည်းပြီး ၂၁-၂၂ ရက်တွေမှာ အပူချိန်တွေ ၄၀°C အထက်အထိ ပြန်လည်မြင့်တက်လာနိုင်ကြောင်းတွေ့ရပါတယ်။
အဲ့ဒီနေ့တွေမှာ ခံစားရတဲ့ အပူချိန် ၄၃°Cအထိ မြင့်နေနိုင်ပါတယ်။
မနက် ၁၁ နာရီ မှ နေ့လည် ၁ နာရီအချိန်အတွင်းမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်တက်နေနိုင်တာကိုလဲ တွေ့နေရတာကြောင့် နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ အလုပ်လုပ်ကိုင်ကြသူများ သတိထားကြဘို့တော့ မှာချင်ပါတယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
- အခုအချိန်ဟာ ရာသီဥတုပူပြင်းတဲ့အချိန်ကို ရောက်လာပြီဖြစ်ပါတယ်။ ငါးရောဂါအဖြစ်များပြီး အသေအပျောက်များတဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။
- ငါးတွေ အောက်ဆီဂျင်ပြတ်လပ်မှုကို ခံစားရနိုင်တဲ့အနေအထားလည်းဖြစ်ပါတယ်။
- အပူချိန်ကြောင့် ငါးကန်အောက်ခြေမှ ပစ္စည်းတွေ ပုပ်သိုးတာ၊ အစာကြွင်း၊ အစာကျန်တွေ ပုပ်သိုးတာတွေ ပိုဖြစ်ပြီး ငါးတွေကို ဆိုးကျိုးလည်း ဖြစ်စေနိုင်ပါတယ်။
- ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ထားခြင်းဖြင့် မိမိတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ အနေအထားတွေ လုပ်ထားရမှာဖြစ်ပါတယ်။
- ငါးကန်အပူချိန်ကို အမြဲတိုင်းတာပြီး ၃၅°Cထက် မပိုစေအောင် လုပ်ဆောင် ပေးရပါလိမ့်မယ်။
- ရေကိုလည်း တစ်လတစ်ကြိမ်ခန့် လဲလှယ်ပေးခြင်းဖြင့် အောက်စီဂျင် ပြတ်လပ်မှုနဲ့ ငါးတွေရောဂါဖြစ်ပွါး ခြင်းများကို ကာကွယ်ပေးပါလိမ့်မယ်။
- အစာတွေကိုလည်း ချင့်ချိန်ပြီး ကျွေးရမယ့် ကာလဖြစ်ပါတယ်။
- ငါးကန်အောက်ခြေမှာရှိတဲ့ ပစ္စည်းတွေနဲ့ အစာကြွင်းအစာကျန်တွေ ပုပ်သိုးတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးကြရမှာဖြစ်ပါတယ်။
ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437