cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်း၏ မြောက်ဘက်အစွန်းဒေသများတွင် ၂၂ ရက်နေ့နောက်ပိုင်း နေ့အပူချိန်များ ၄၀°C အထက်အထိ မြင့်တက်လာနိုင်ပါမည်။
  • ဧရာဝတီတိုင်း ဧပြီလ ၁၇ ရက် မှ ၂၃ ရက် အထိ ၇ ရက် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက် 

    အနောက်ဘက်နှင့် အနောက်တောင်ဘက် ပင်လယ်ပြင်မှ တိုက်ခတ်လာသေည့် လေစီးကြောင်းနှုင့်အတူရွေ့လျားဝင်ရောက်လာသည့် မိုးတိမ်များကြောင့် ဧပြီ ၂၁ ရက်နေ့အထိ ဧရာဝတီတိုင်းအတွင်း မိုးထစ်ချုန်းရွာနိုင်မည့်အခြေအနေများဖြစ်ပေါ်နေနိုင်ပါမည်။ 

    မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့်နီးသော မြို့နယ်များတွင် မိုးရွာနှုန်းပိုနိုင်ပြီး ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်း(အပန်းဖြကမ်းခြေများဘက်)တွင် ယခုတစ်ပတ်အတွင်း မိုးလျော့နည်းရွာနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်များတွင်တွေ့ရပါသည်။ 

    ဧရာဝတီတိုင်း၏ မြောက်ဘက်အစွန်းဒေသများတွင် ၂၂ ရက်နေ့နောက်ပိုင်း နေ့အပူချိန်များ ၄၀°C အထက်အထိ မြင့်တက်လာနိုင်ပါမည်။  

    ဧရာဝတီတိုင်းအတွက် ၄ ရက်စာ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကြည့်ရန်: https://www.mmweather.org/divisional-cities-weather/ayarwaddy-div 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    • သီးနှံကာကွယ်ရေးဆိုင်ရာ အကြံပြုချက် 
    • ကွမ်းပင်တွင် ပျပိုးကျရောက်မှုနဲ့ပတ်သတ်ပြီး မေးမြန်းလာသောကြောင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။  
    • အရင်ဆုံး ပျကပ်နေတဲ့အရွက်တွေကို ညှပ်ပစ်ပြီး အိတ်ထဲထည့်ပြီးဖျက်ဆီးပစ်ပါ။ 
    • ပျပိုးသည် လိင်မဲ့နည်းနဲ့မျိုးပွားနိုင်တာကြောင့် အရမ်းဆိုးရင် ထိန်းချုပ်ရခက်ပါတယ်။ 
    • ပင်ကြားတန်းကြား၊စိုက်ခင်းလေဝင်လေထွက် ကောင်းအောင် ဆောင်ရွက်ပါ။ 
    • အစိုဓာတ်ကိုချိန်ညှိပါ၊ နိုက်ထရိုဂျင်မြေသြဇာ၊ ရွက်ဖျန်းအားဆေး အလွန်အကျွံသုံးခြင်းကိုရှောင်ပါ။  
    • ဓာတုဆေးအနေနဲ့- Acetamiprid, Spinosad, Fipronil အဆင်ပြေရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    အစားထိုးအစာများတွင် အင်းဆက် များမှရရှိသော အစားအစာများသည် တစ်ခုအပါအဝင်ဖြစ်လာပါတယ်။  

    အင်းဆက်တွေဟာ ပရိုတင်းကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ဒါတွေထဲမှ ယင်မဲဟာ ယနေ့ခေတ်မှာ နာမည် ကြီးလာတဲ့အတွက် ယင်မဲနဲ့ပတ်သက်တဲ့အကြောင်းလေး ရေးသားလိုက်ပါတယ် ခင်ဗျာ။   

    - ယင်မဲကောင်တွေဟာ သဘာဝအလျောက်နေထိုင်နိုင်ပြီး ပရိုတင်း ၄၂ ရာခိုင်နှုန်းနဲ့ အဆီ ၅.၈ ရာခိုင်နှုန်းပါဝင်ပြီး ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်း ရနိုင်ပါတယ်။   

    - တိရစ္ဆာန်အစားအစာလိုအပ်ချက်ကို လျှော့ချနိုင်ခြင်း။  

    - စက်ရုံထွက်အမှုန့်များကို မှီခိုရန်မလိုခြင်း။  

    - အော်ဂဲနစ်အလေအလွင့်များ အသုံးပြု မွေးမြူနိုင်ခြင်း။  

    - တီကောင်အုပ်စုထက် အော်ဂဲနစ်အလေအလွင့်များကို ဆွေးမြေ့မှုမြန်စေခြင်း။   

    - တိရစ္ဆာန်များ၏ အစာစားချင်စိတ်ကို မြှင့်တင်ပေးခြင်း။   

    - အော်ဂဲနစ်စိုက်ပျိုးရေး ရေရှည်တည်တံ့စေခြင်း။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
9
comments
0
views
5623