cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ဧပြီလနှင့်မေလတို့သည် ကန်အောက်ခြေနေလှန်းရန် အကောင်းဆုံး သောအချိန်ဖြစ်ပါသည်။ ကန်အောက်ခြေပတ်ကြားကွဲအောင် နေလှန်းပြီးပါက၊ တစ်ဧကလျှင် ထုံး ၂၄၈ ပိဿာ ခန့်နေရာအနှံ့ပက်ပေးရန် လိုအပ်ပါသည်။
  • ဧပြီလ ၁၈ ရက် မှ ၂၄ ရက်အထိ မန္တလေးတိုင်းအတွင်း၊ မိုးလေဝသအခြေအနေခန့်မှန်းချက် - 

    မိုးရွာနိုင်မည့်အခြေအနေ - မန္တလေးတိုင်း၊ မန္တလေးမြို့ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက် မိုးကုတ်၊ ပြင်ဦးလွင်ခရိုင်တွေဘက်မှာတော့ ၂၄ ရက်နေ့အထိ မိုးတိမ်တွေဖြစ်ထွန်းပြီး မိုးပါးပါးရွာနိုင်ပါတယ်၊ နေရာကွက်ပြီးတော့လဲ မိုးအသင့်အတင့်ရွာနိုင်ပါတယ်။ မန္တလေးမြို့အပါအဝင် မြို့တောင်ဘက်နဲ့ အရှေ့ဘက်က ပုဂံညောင်ဦးနယ်ဘက်မှာတော့ မိုးရွာသွန်းနိုင်မဲ့ အခြေအနေမရှိသလောက်ဖြစ်နေပါမယ်။  

    အမြင့်ဆုံးနှင့်အနိမ့်ဆုံးအပူချိန်များ - ပြင်ဦးလွင်၊ မိုးကုတ်ဒေသတွေဘက်မှာမိုးပါးပါးစွေပြီးရွာနေနိုင်တာကြောင့် နေ့အပူချိန်သည် ၂၅°C ဝန်းကျင်နဲ့ ညအပူချိန်အနိမ့်ဆုံး ၁၉°Cအထိ ကျဆင်းပြီး အေးနေနိုင်ပါတယ်၊ မိုးနည်းရေရပ်ဝန်းထဲက သဲတော+ဝမ်းတွင်း၊ ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ မလှိုင် စတဲ့ဒေသတွေမှာတော့ နေ့အပူချိန်တွေ ၄၀°Cဝန်းကျင်အထိမြင့်နေနိုင်ပါမယ်။  

    လေတိုက်နှုန်း - များသောအားဖြင့် တောင်ဘက်နဲ့ အနောက်ဘက်အရပ်မှ တနာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်အထိ လေတိုက်နှုန်းရှိနေပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး/ပုစွန် ကန်ပြင်ဆင်ခြင်းအတွက် အကြံပြုချက်  

    ဧပြီလနှင့်မေလတို့သည် ကန်အောက်ခြေနေလှန်းရန် အကောင်းဆုံး သောအချိန်ဖြစ်ပါသည်။  

    ကန်အောက်ခြေပတ်ကြားကွဲအောင် နေလှန်းပြီးပါက၊ တစ်ဧကလျှင် ထုံး ၂၄၈ ပိဿာ ခန့်နေရာအနှံ့ပက်ပေးရန် လိုအပ်ပါသည်။  

    ထုံးပက်ပြီးပါက ကန်အောက်ခြေမြေသားကို ထယ်ခွဲပေးပါက ပိုမို ကောင်းမွန်ပါသည်။ ထုံးသည် မြေသားအောက်သို့ ရောက်ရှိစေခြင်း ဖြစ်ပါသည်။ 

    ကန်အနှံ့ ထုံးပက်ပြီးပါက (၇)ရက်ခန့်နေလှန်းပေးပါ။ ထုံးနှင့်မြေသား သမစေလိုခြင်းဖြစ်ပါသည်။ ထုံး ထည့်ပြီး (၇)ရက်အကြာတွင် ကန်အတွင်းရေသွင်းနိုင်ပါသည်။ ရေသွင်းရာတွင် ရေစစ်ကို အသုံးပြုပြီး ရေသွင်းပါ။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
2
comments
0
views
3650