ရန်ကုန်တိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
ဧပြီ ၂၁ ရက် မှ ၂၇ ရက်အထိ ရန်ကုန်တိုင်းအတွင်းဖြစ်နိုင်မည့် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်
မိုးကြိုကာလအတွင်းဝင်ရောက်လာသော်လည်း ပင်လယ်ပြင်မှာထူးခြားမိုးလေဝသအခြေအနေများမရှိသောကြောင့် မိုးရွာနိုင်မည့်အခြေအနေမရှိပါ။
ဒီတစ်ပတ်အတွင်းမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တော်တော်များများမှာ တိမ်အနည်းငယ်ဖြစ်ထွန်းပြီး နေသာချိန်များပါမယ်။
အနောက်-အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၅ မိုင်မှ ၁၅ မိုင်ခန့်အထိ ရှိနေနိုင်ပါတယ်။
နေ့အပူချိန်များနည်းနည်းချင်းတိုးလာနိုင်ပါတယ်။
ဒီတစ်ပတ်အတွင်း ရန်ကုန်တိုင်းမြောက်ပိုင်းဒေသတွေရဲ့ မြေအောက်အနက် ၁၀၀ စင်တီမီတာမှ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆ(Soil Moisture) ၂၂% ရှိနေပြီး တောင်ပိုင်းဒေသေတွေမှာ ၄၇% ရှိနေပါတယ်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငရုတ်စိုက်တောင်သူများထံသို့
သီးနှံကာကွယ်ရေးဆိုင်ရာအကြံပြုချက်
- ငရုတ်တွင်ကျရောက်သော မှဲ့ပြောက်စွန်းရောဂါနှင့်ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးလိုက်ပါတယ်။
- မှဲ့ပြောက်စွန်းရောဂါသည် မျိုးစေ့ဆောင်ရောဂါဖြစ်လို့ ထိုရောဂါကျသောစိုက်ခင်းက မျိုးကိုပြန်မစိုက်ပါနဲ့။
- မှဲ့ပြောက်စွန်းဖြစ်စေသော မှိုရောဂါသည် ပူနွေးတဲ့ရာသီဥတုနဲ့ စိုက်ခင်းစိုထိုင်းဆများတာကိုနှစ်သက်ပါတယ်။
- ဒါကြောင့် ထိုရောဂါကျရောက်ပါက စိုက်ခင်းစိုထိုင်းဆကို သေချာချိန်ညှိပြီး ပေါင်းမြက်များကိုသေချာရှင်းပေးပါ။
- နိုက်ထရိုဂျင် (N) ရွက်ဖျန်းမြေဩဇာကိုအလွန်အကျွံမသုံးပါနဲ့။
- ဓာတုဆေးအနေနဲ့ Azoxystrobin, Pyraclostrobin, Tebuconazole လိုဆေး Ai မျိုးအဆင်ပြေရာကိုအသုံးပြုနိုင်ပါတယ်။
ငါး/ပုစွန် ကန်ပြင်ဆင်ခြင်းအတွက် အကြံပြုချက်
ဧပြီလနှင့်မေလတို့သည် ကန်အောက်ခြေနေလှန်းရန် အကောင်းဆုံး သောအချိန်ဖြစ်ပါသည်။
ကန်အောက်ခြေပတ်ကြားကွဲအောင် နေလှန်းပြီးပါက၊ တစ်ဧကလျှင် ထုံး ၂၄၈ ပိဿာ ခန့်နေရာအနှံ့ပက်ပေးရန် လိုအပ်ပါသည်။
ထုံးပက်ပြီးပါက ကန်အောက်ခြေမြေသားကို ထယ်ခွဲပေးပါက ပိုမို ကောင်းမွန်ပါသည်။ ထုံးသည် မြေသားအောက်သို့ ရောက်ရှိစေခြင်း ဖြစ်ပါသည်။
ကန်အနှံ့ ထုံးပက်ပြီးပါက (၇)ရက်ခန့်နေလှန်းပေးပါ။ ထုံးနှင့်မြေသား သမစေလိုခြင်းဖြစ်ပါသည်။ ထုံး ထည့်ပြီး (၇)ရက်အကြာတွင် ကန်အတွင်းရေသွင်းနိုင်ပါသည်။ ရေသွင်းရာတွင် ရေစစ်ကို အသုံးပြုပြီး ရေသွင်းပါ။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437