cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းအချိန်အထိ နည်းနေဦးမည်ဖြစ်ပါသည်။ ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းအချိန်ရောက်မှသာ တိမ်ဖြစ်ထွန်းပြီး မိုးရွာနိုင်ချေ ၆၀% မှ ၉၅% အထိရှိနိုင်မည်ဖြစ်ပါသည်။
  • မကွေးတိုင်း ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ၁ ပတ်အတွင်းဖြစ်နိုင်မည့် မိုးလေဝသအခြေအနေ 

    ဤတပတ်အတွင်း မကွေးတိုင်းဒေသအတော်များများတွင် များသောအားဖြင့် နေသာနေပြီး နေ့အပူချိန်များ ၄၀°C နှင့်အထက်အထိ မြင့်တက်လာနိုင်ပါသည်။ 

    အနောက်ဘက်ရခိုင်ရိုးမကိုဖြတ်ကျော်တိုက်ခတ်လာသည့် လေစီးကြောင်းနှင့် တောင်ဘက် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ပဲခူးတိုင်းအနောက်ခြမ်းတို့ကိုဖြတ်သန်းတိုက်ခတ်လာမည့် လေစီးကြောင်းတို့တွင် ရေခိုးရေငွေကြွယ်ဝသော မိုးတိမ်ပါဝင်မှုသည်လည်း ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းအချိန်အထိ နည်းနေဦးမည်ဖြစ်ပါသည်။ 

    ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းအချိန်ရောက်မှသာ တိမ်ဖြစ်ထွန်းပြီး မိုးရွာနိုင်ချေ ၆၀% မှ ၉၅% အထိရှိနိုင်မည်ဖြစ်ပါသည်။ 

    ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းမှ မေလ လဆန်းပိုင်းအထိ မကွေးတိုင်းအတွင်း မိုးအနည်းငယ်ရွာနိုင်ပါမည်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရာသီဥတု ပူပြင်းလာတာနဲ့အမျှ နှမ်းပင်တွေမှာ လှေးပိုးကျရောက်မှုပိုမိုများပြားလာပါတယ် 

    လှေးပိုးကျရောက်မှုကြောင့် နှမ်းပင်များအပင်ပုတာတွေ အရွက်ပုံမမှန်တာတွေဖြစ်ပြီး အထွက်နှုန်းကို ထိခိုက်စေနိုင်တဲ့အတွက် တောင်သူကြီးများသတိပြုကာကွယ်သင့်ပါတယ်။ 

    • စိုက်ခင်းကို စဉ်ဆက်မပြက် ကွင်းဆင်းစစ်ဆေးပါ 
    • စိုက်ခင်း ပတ်လည်တွင် ပေါင်းမြတ်များရှင်းလင်းပါ 
    • လှေးပိုးစတွေ့ပြီဆိုရင် တမာပိုးသတ်ဆေးကို စတင်အသုံးပြုပါ 
    • နှမ်းခင်းအတွင်း အဝါရောင်/အပြာရောင် ပိုးကပ်ထောင်ခြောက်များအသုံးပြုပါ 
    • ဓါတုဆေးယဉ်ပါးမှုကို လျှော့ချနိုင်ရန်ဆေးတစ်မျိုးထဲ ဆက်တိုက်သုံးခြင်းကိုရှောင်ပါ 
    • Acetamiprid + Lambda cyhalothrin, Pymetrozine+Nitnepyram, Fipronil စတဲ့ဆေးများကို အလှည့်ကျအသုံးပြုနိုင်ပါတယ် 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာ လှုပ်ရှားခြင်း၊ အစာစားခြင်း၊ ရောဂါ ကျရောက်မှုနည်းပါးခြင်းနှင့် ငါးများအပေါ် ဖိစီးမှုနည်းခြင်းများ ဖြစ်ပေါ် စေပါသည်။ ငါးကန် အရည်အသွေးကျဆင်းပါက အစာစားနှုန်းကျဆင်းပြီး ငါးများတွင် အင်အားချိနဲ့လာပါ သည်။ ထို့အပြင် ငါးများအပေါ် ဖိစီးမှုများ ရှိလာပြီး ရောဂါဝင်ရောက်မှုလည်း မြန်ဆန်လာပါသည်။ 

    • ငါးမွေးမြူရေးလုပ်ငန်းစဉ်တွင် ရေ၏ချဉ်ဖန်နှုန်းသည် ၆ မှ ၉ အတွင်းမွေးမြူနိုင်ခြင်း၊ 
    • ကန်ရေ၏အပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ်အတွင်း ရှိရပါမည်။ 
    • ရေကြည်နှုန်းသည် ၁၂လက်မမှ ၁၈လက်မ အတွင်း ရှိရမည်ဖြစ်ပြီး ၊ 
    • ပျော်ဝင်အောက်စီဂျင်သည်  ၃ပီပီအမ်မှ ၅ပီပီအမ် အတွင်းရှိရမည်ဟု သတ်မှတ်ကြပါသည်။ 

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။  

    ---------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
likes
4
comments
0
views
5179