ပဲပုစွန်သီး(နွေပဲသီး)စိုက်ပျိုးနည်း
- ပဲပုစွန်သီး(နွေပဲသီး)ကို လူတိုင်းစားသုံးလေ့ရှိကြပြီး နူးညံ့သောပဲတစ်မျိုးဖြစ်သည်။ ပဲသီးနုနု များကို အရည်သောက်ချက်စားသလို ရေနွေးဖျော၍ပြုတ်စား ကြော်စားလေ့ရှိကြသည်။ အိမ်တွင်တစ်နိုင်တစ်ပိုင် စိုက်ပါကလည်း လွယ်ကူစွာစိုက်ပျိုးဖြစ်ထွန်းသည်။ စင်ထောင်၍သော်လည်းကောင်း ခြံစည်းရိုးများ တွင်ကပ်၍ သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။ - ပဲပုစွန်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပေမယ့် မိုးရာသီကုန်ဆုံးတဲ့အချိန်သီတင်းကျွတ်လနဲ့ တန်ဆောင်မုန်းလတွေမှာ စိုက်ပျိုးရင် ပိုပြီးတော့ကောင်းပါတယ်။ - စိုက်ပျိုးနည်း - -------------- - အရှည် ၃ပေ၊အကျယ် ၁ပေခွဲရှိတဲ့ ကျင်းတွေကို ၁ပေခန့်အနက်ရအောင် တူးရပါမယ်။ ပြီးရင်မြေဆွေးနဲ့ အပေါ်ယံမြေသားဆတူရောပြီးထည့်ပေးရပါမယ်။ ကျင်းအလယ်မှာ (၄-၅)စေ့ခန့်ကို (၄)လက်မအနက်မှာချပြီး မြေပြန်ဖုံးထားရပါမယ်။ ပြီးရင် နေ့တိုင်းရေမှန်မှန်လောင်းပေးရပါမယ်။ - အပင်ပြုစုစောင့်ရှောက်ခြင်း - -------------------------------- - အပင်ငယ်တွေ (၁)ပေခန့်မြင့်ရင် စင်ထိုးပြီး အပင်တွေတွယ်တက်ဖို့တိုင်တွေ ခပ်ကျဲကျဲထောင်ပေးရပါမယ်။ (၁)လတစ်ကြိမ် နှမ်းဖတ်ပုပ် နို့ဆီဗူး ၂ဗူး ဒါမှမဟုတ် သာကူစေ့မြေသြဇာတွေကို နို့ဆီဗူးဝက်ခန့်ထည့်ပေးသင့်ပါတယ်။ - ဆွတ်ခူးချိန် - -------------- - ဆောင်းရာသီမှာစိုက်ပျိုးတဲ့ အပင်တွေဟာ ရက်ပေါင်း ၉၀မှာ စတင်ပြီးတော့ အသီးသီးပါတယ်။ (၄၅)ရက်လောက် ဆက်တိုက်သီးပါတယ်။ နွေရာသီမှာ စိုက်ပျိုးတဲ့အပင်မှာ အသီးလှီကင်းပါတယ်။ တစ်ပတ်ကို ၅ပိဿာခန့်ခူးဆွတ်နိုင်ပါတယ်။ - Source; စိုက်ပျိုးရေးဦးစီးဌာန - ------------------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
