cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

"ရှမ်းပြည်နယ် ဧပြီလ ၂၆ ရက် မှ မေလ ၂ ရက်အထိ ၁ ပါတ်အတွင်းဖြစ်နိုင်မည့် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်"

. ရာသီဥတု သတင်းများ
ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကို အမြဲတမ်း 5ppmအထက်မှာ ထိန်းထားရပါမယ်။ ငါးများအတွက် လိုအပ်သောအောက်စီဂျင်ပမာဏရမှသာ ငါးများတွင် ဖိစီးမှု (Stress)မရှိပဲ ကိုယ်ခံအား (Immunity)ကောင်းပြီး ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဧပြီ ၂၈ ရက်နေ့မှ စတင်၍ မေလ ၁ ရက်နေ့အထိ မိုးအသင့်အတင့်မှ မိုးများနိုင်ပါမည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့ထက် မိုးရွာသွန်းနှုန်းပိုမိုနိုင်(မိုးပိုများနိုင်)ပါသည်။  

    မိုးရေချိန် ကြိုတင်ခန့်မှန်းချက်များ- 

    ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဧပြီ ၂၈-၂၉ ရက်နေ့များ၌ ၂၄ နာရီအတွင်းရွာသွန်းနိုင်သည့် မိုးရေချိန် ၂၀ မီလီမီတာမှ ၂၈ မီလီမီတာ(၀.၈ လက်မ မှ ၁.၁ လက်မခန့်) 

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဧပြီ ၂၈-ရက်နေ့၌ ၂၄ နာရီအတွင်းရွာသွန်းနိုင်သည့် မိုးရေချိန် ၁၅ မီလီမီတာ (၀.၈ လက်မ ခန့်) 

    ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဧပြီ ၂၈-၂၉-၃၀ နှင့် မေလ-၁ ရက်နေ့များ၌ ၂၄ နာရီအတွင်းရွာသွန်းနိုင်သည့် မိုးရေချိန် ၁၄ မီလီမီတာမှ ၂၂ မီလီမီတာ(၀.၅၅ လက်မ မှ ၀.၉ လက်မခန့်) အသီးသီး ရွာသွန်းနိုင်ပါသည်။ 

    လေတိုက်နှုန်းကြိုတင်ခန့်မှန်းချက်များ-  

    ရှမ်းပြည်နယ်တောင်ပိုင်းတွင် - အနောက်၊ အနောက်တောင်ဘက်နှင့် အရှေ့တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ မိုင် ၂၀ခန့်၊  

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် - အနောက်၊ အနောက်မြောက်ဘက်နှင့် အရှေ့ဘက်တို့မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ မိုင် ၂၀ ခန့်၊  

    ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် - တောင်ဘက်၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တို့မှ လေတိုက်နှုန်း တနာရီ ၅ မိုင်မှ ၁၅ မိုင်ခန့် အသီးသီးတိုက်ခတ်နိုင်ပါမည်။  

    အမြင့်ဆုံးနှင့် အနိမ့်ဆုံးအပူချိန် ကြိုတင်ခန့်မှန်းချက်များ- 

    ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၁ ပါတ်အတွင်း အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ၊ 

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမြင့်ဆုံးအပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၁°C ရှိနိုင်ပြီး၊ 

    ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အမြင့်ဆုံးအပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၂၂°C အသီးသီး ရှိနိုင်ပါမည်။ 

    ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တွင် ထူးခြားသော မိုးလေဝသအခြေအနေဖြစ်ပေါ်ခြင်းမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home  

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    • ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကိုထိန်းထားခြင်း အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။  
    • ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကို အမြဲတမ်း 5ppmအထက်မှာ ထိန်းထားရပါမယ်။ အဲ့ဒါမှ ရောဂါဖြစ်စေသောဘက်တီးရီးယား (Pathogenic Bacteria) ပေါက်ပွားမှုနည်းပါမည်။ ငါးများအတွက် လိုအပ်သောအောက်စီဂျင်ပမာဏရမှသာ ငါးများတွင် ဖိစီးမှု (Stress)မရှိပဲ ကိုယ်ခံအား (Immunity)ကောင်းပြီး ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ 
    • (3ppm) ရှိလျှင် ငါးများအသက်ရှူနိုင်သော ပျော်ဝင်အောက်စီဂျင်ရှိသော်လည်း ကန်ရေအရည်အသွေးနှင့် ရာသီဥတု အပူချိန်ကြောင့် ပျော်ဝင်အောက်စီဂျင် (DO) သည် (3ppm)အောက်ကျရောက်ပြီး ငါးများအတွက် အသက်ရှူ မဝဖြစ်စေပြီး သေဆုံးတတ်ပါသည်။ 
    • ကန်ရေ၏ အတိမ်အနက်သည် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်ပြန့်နှံ့စေခြင်းကို ဖြစ်စေပါသည်။ အပူပိုင်းဇုံတွင် မွေးမြူသော ငါးများအတွက် ကန်ရေအနက်သည် (၅)ပေမှ (၆)ပေခွဲ ထားရှိရပါမည်။ ပုစွန်ကန်များအတွက် ကန်ရေအနက်သည် (၄)ပေ မှ (၆)ပေအထိထားရှိရပါမည်။   
    • ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင် မေးမြန်းနိုင်ပါသည်။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
1
views
4326