အာလူးတွင်ကျရောက်သော ဘတ်တီးရီးယားရောဂါများ
- အာလူးမျိုးများအားလုံးသည် လောင်ဖြူ/ပင်ညှိုးရောဂါကို ခံနိုင်ရည်မရှိကြပါ - မြန်မာနိုင်ငံတွင် အာလူးစိုက်ပျိုးထုတ်လုပ်ခြင်းတွင် အဓိကကျရောက်သော ဘတ်တီးရီးယားရောဂါများမှာ- - ၁။လောင်ဖြူ/ပင်ညှိုး - ၂။ပင်ခြေမဲ - ၃။အကြေးဖက်ရောဂါများ - ၁။လောင်ဖြူ/ဘတ်တီးရီးယားပင်ညှိုးရောဂါ - -လောင်ဖြူ/ပင်ညှိုးရောဂါသည် ဘတ်တီးရီးယားကြောင့်ဖြစ်သောရောဂါဖြစ်သည်။ - -ဘတ်တီးရီးယားများသည် အပင်၏အစာရေကြောစနစ်ကို ပိတ်လိုက်သည့်အချိန်တွင် ရောဂါလက္ခဏာများစတင်ဖြစ်ပေါ်လာသည်။ - -ပူသည့်ရာသီဥတု(ပုံမှန်အပူချိန် ၂၇-၃၅ °C) မြေကြီးစိုနေသည့်အချိန်ကို နှစ်သက်သည်။ - ရောဂါလက္ခဏာ - -အရွက်များ အစိမ်းရောင်မပျက် ညှိုးသွားခြင်း - -ပင်စည်နှင့်အမြစ်များ အညိုရောင်ပြောင်းသွားခြင်း - -ပင်စည်အားဖြတ်ကြည့်ပါက ပင်စည်ပုံစံပျက်စီးနေခြင်းတို့ဖြစ်ပါသည်။ - ဘက်စုံကာကွယ်ရေးနည်းလမ်းများ - -လောင်ဖြူ/ပင်ညှိုးရောဂါကင်းစင်သော စိုက်ပျိုးမြေတွင် အာလူးကိုစိုက်ပျိုးပါ။ - -သွင်းရေအသုံးပြုရာတွင်လည်း ရောဂါကင်းသော ညစ်ညမ်းမှုမရှိသောရေကို အသုံးပြုပါ။ - -သွင်းရေကို ကွင်းမျက်နှာပြင်ပေါ်မှဖြတ်သန်းစီးဆင်းလာသော ရေမဖြစ်စေရန် သေချာဂရုစိုက်စီမံပါ။ - -ကျန်းမာသော(မှတ်ပုံတင်ရှိသော)မျိုးကိုသာ အသုံးပြုပါ။ - -အသုံးပြုပြီးသောလယ်ယာသုံးပစ္စည်းများကို သန့်ရှင်းရေးပြုလုပ်ပါ။ - -ရောဂါကျရောက်ဖူးသော အပင်အကြွင်းအကျန်များနှင့်ပေါင်းပင်များကိုဖယ်ရှားရှင်းလင်းပါ။ - -ကောင်းမွန်ဆွေးမြေ့ပြီးသော သဘာဝမြေဩဇာကိုအသုံးပြုပါ။ - -ရောဂါကျရောက်ပြီးသော အပင်များနှင့်အာလူးဥများကို တစ်ရာသီ တစ်လျှော်လုံးဖျက်ဆီးပါ(အမြစ်နှင့်မြေကြီးအပါအဝင် အနီးနား ၂ ပင်ကိုပါဖျက်ဆီးပစ်ရမည်)။ - -သီးလှည့်စိုက်ပျိုးပါ။ - -မှိုသတ်ဆေးများသည် ပင်ညှိုးရောဂါအတွက် ထိရောက်မှုမရှိပါ။ - -ဒိုလိုမိုက်(ထုံး)ကို ရောဂါကျရောက်နေသည့်အပင်ပတ်လည်တွင်ထည့်သွင်းနိုင်သည်။ထုံးထည့်ခြင်းဖြင့် မြေကြီးအတွင်း၌ pH တက်လာပြီး ဘတ်တီးရီးယားကျရောက်မှုကို သက်သာစေသည်။ - သတိပြုရမည့်အချက်များ - -အာလူးမျိုးများအားလုံးသည် လောင်ဖြူ/ပင်ညှိုးရောဂါကို ခံနိုင်ရည်မရှိကြပါ။ - -မြေကြီးထဲတွင် ရောဂါဖြစ်စေသောဘတ်တီးရီးယားရှိနေသော်လည်း ထိခိုက်ဒါဏ်ရာမရှိသောအပင်များက ကျန်းမာစွာရှင်ကျန်နေမည်။ ထိုအပင်များသည် ရောဂါကျရောက်နိုင်ခြေနည်းသော်လည်း ရောဂါကျရောက်မှုလက္ခဏာမပြပဲငုပ်လျှိုးနေတတ်သည်။ - -လောင်ဖြူ/ပင်ညှိုးရောဂါသည် မြေကြီးထဲတွင်နှစ်အလိုက်အသက်ရှင်နေနိုင်သည်။ - -ရောဂါကျရောက်နေသည့် အာလူးဥများသည် မြေနှင့်ရေမှတဆင့် ရောဂါကူးစက်ပျံ့ပွားနိုင်ခြင်းသည် ထည့်သွင်းစဉ်းစားရမည့် အကြီးမားဆုံးသော ပြဿနာတစ်ရပ်ဖြစ်သည်။ - ၂။ဘတ်တီးရီးယားပင်ခြေမဲရောဂါ - -ပင်ခြေမဲရောဂါသည် ဘတ်တီးရီးယားကြောင့်ဖြစ်သောရောဂါဖြစ်သည်။ - -ပင်စည်အောင်ပိုင်းတွင် အနက်ရောင်ပြောင်းပြီး ပုပ်သွားတတ်သည်။ - -အပင်ညှိုးနွမ်းမှု မြန်ဆန်ပြီး အရွက်များအဝါရောင်ပြောင်းသွားတတ်သည်။ - ၃။အကြေးဖက်ရောဂါ - -အကြေးဖက်ရောဂါများသည် ဘတ်တီးရီးယားကြောင့်ဖြစ်သော ရောဂါများဖြစ်သည်။ - -မြေကြီးအစိုဓါတ်များလျှင် ကြေးဖက်ရောဂါပိုများနိုင်ပြီး အာလူးဥအစိတ်အပိုင်းများတွင်ဖြစ်ပွားနိုင်သည်။ - ဘက်စုံကာကွယ်ရေးနည်းလမ်းများ - -ခံနိုင်ရည်ရှိသောမျိုးများကို စိုက်ပျိုးပါ။ - -သီးလှည့်စိုက်ပျိုးပါ။ - Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။ - ------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
