cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဉာဏ်စမ်းအဖြေမှန်နှင့်ဖုန်းဘေလ်ကံထူးသူများစာရင်း🤗🤗

. ဉာဏ်စမ်း
ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။
  • ငရုတ်တွင်ကျရောက်သော ရွက်တွန့်လိမ်ဗိုင်းရပ်စ် (Leaf Curl Virus) ရောဂါသည် ယင်ဖြူကျရောက်မှုကြောင့် ကူးစက်နိုင်သောရောဂါဖြစ်ပါသည်။ ငရုတ်၊ ခရမ်းချဥ်၊ ဝါ စသောသီးနှံများတွင် ကျရောက်မှုများသည်။ပင်ပိုင်းကြီးထွားချိန်တွင် ယင်ဖြူကျပြီး ရွက်တွန့်လိမ်ဗိုင်းရပ်စ်ကူးစက်ခံရပါက အပင်သေသည်အထိပြင်းထန်ပြီး ဆုံးရှုံးမှုများစေပါသည်။ ငရုတ်၊ ခရမ်းချဥ်တွင် ယင်ဖြူကျရောက်ပြီး ၇-၁၀ ရက်အတွင်းထိုလက္ခဏာကိုတွေ့ရတတ်ပါသည်။

    လက္ခဏာပုံစံအနေဖြင့် အရွက်အနားများတွန့်လာပြီး အပေါ်ဘက်သို့(ခွက်ပုံသဏ္ဍာန်) ကွေးလာသည်။ အရွက်တစ်ရှူးသားများရောင်မညီကွက်ကြားဖြစ်လာခြင်း၊ ညီညာမှုမရှိဘဲ အဖုအထစ်များဖြစ်လာခြင်း၊ အရွက်အရွယ်အစားသေးငယ်ခြင်း၊ အဆစ်တိုအပင်ပုခြင်းကိုငရုတ်တွင်အဓိကတွေ့ရတတ်ပါသည်။

    ဒါကြောင့် ဒီတစ်ပတ်ဉာဏ်စမ်းမေးခွန်းရဲ့အဖြေမှန်က (၃) ယင်ဖြူ ဖြစ်ပါတယ်။ 

    ဝင်ရောက်ဖြေဆိုသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

    ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။

    ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    ထွက်တိုး Download ရယူရန် - https://bit.ly/htwettoev2


  • article
  • article
likes
15
comments
1
views
1815