မန္တလေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
မန္တလေးတိုင်း မေလ ၂ ရက်မှ မေလ ၈ ရက်အထိ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်း
လာမည့်ရက် သတ္တပါတ် ၁ ပါတ်အတွင်း မန္တလေးတိုင်းတခွင်လုံးနီးပါးမှာ မေလ ၄ ရက်နေ့ထိ မိုးဆက်ရွာနိုင်ပြီး မေလ ၅ ရက် မှ မေလ ၁၀ ရက်နေ့အထိ ခေတ္တမိုးပြတ်သွားနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေ အစပျိုးလာချိန် မေလ ၁၁ ရက်နောက်ပိုင်းမှာတော့ မိုးအနည်းငယ်ပြန်ရွာလာနိုင်ပါတယ်။
မေလ ၂ ရက် နဲ့ ၃ ရက်နေ့တွေမှာ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း နယ်စပ်အနီး၊ မန္တလေးမြို့တောင်ဘက်ဒေသတွေနဲ့ ဝမ်းတွင်းမြို့အရှေ့ဘက် တောင်ပေါ်ဒေသ(ရွာငံ)တွေမှာ မိုးဆက်ရွာနေနိုင် မိုးများနေနိုင်ပါတယ်။ သဲတော+ဝမ်းတွင်းမြို့နဲ့ အနီးပါတ်ဝန်းကျင်ဒေသတွေမှာလဲ မိုးရေချိန် ၄၀ မီလီမီတာအထက်(၁ လက်မခွဲကျော်ခန့်)မိုးရွာနိုင် မိုးများနိုင်ပါတယ်။
မိုးဦးမကျမီ အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း၊ မိုးတိမ်များဖြစ်ထွန်းပြီး မိုးအုံနေခြင်းတို့ကြောင့် မန္တလေးတိုင်းအတွင်းနေ့အပူချိန်များလျော့နည်းကျဆင်းနေနိုင်ပြီး အမြင့်ဆုံးအပူချိန် ၃၅°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၄°C ခန့်ရှိနိုင်မည်ဖြစ်ကြောင်းခန့်မှန်းရပါတယ်။
မိုးကျပြီးတဲ့နောက် လေထုစိုထိုင်းဆတွေ မြင့်တက်နေမှာကြောင့် ခံစားရတဲ့အပူချိန်(Apparent Temperature or Feels Like Temperature ကတော့ ၄၀°C အထက်မှာ ရှိနေနိုင်တာကြောင့် အခုလိုရာသီအကူးအပြောင်းကာလမှာ သက်ကြီးရွယ်အိုများနဲ့ ကလေးများအထူးသတိထားသင့်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
- မန္တလေးတိုင်း မိုးရွာချိန် သတိပြုသင့်သည်များ -
- မိုးရေတွင် အက်စစ်ပါသောကြောင့် ငါးမွေးကန်အတွင်း ရေချဉ်ဖန်နှုန်းကျတတ်ပါသည်။
- ကန်ပြင်ဆင်ချိန်တွင် ကန်အတွင်း ထုံးထည့်သွင်းခြင်းမရှိပါက ရေချဉ်ဖန်နှုန်းကျဆင်းခြင်းများလာပြီး ငါးများသေစေနိုင်သည့်အဖြစ် ရောက်ရှိပါသည်။
- ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။
- ထို့ကြောင့် ကန်ရေ၏ချဉ်ဖန်နှုန်း ကို နေ့စဉ် ဖြစ်စေ၊ (၃)ရက်တစ်ကြိမ်ဖြစ်စေ စစ်ဆေးပြီး ကန်ရေချဉ်ဖန်နှုန်း (၆)အောက်ရောက်နေပါက တစ်ဧက လျှင် ထုံး(၁၅)ပိဿာခန့် ထည့်သွင်းပေးရပါမည်။
- ထုံးထည့်သွင်းရာတွင်လည်း ကန်အတွင်း တိုက်ရိုက်ပက်ခြင်းကို မပြုလုပ်ရပါ။ ထုံးကို တစ်ညအိပ် ရေစိမ်ပြီးမှ နောက်တစ်နေ့မနက် (၈)နာရီခန့် နေပူချိန်တွင်ထည့်သွင်းပေးပါရန် တင်ပြအပ်ပါသည်။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437