cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ်အတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ရှမ်းပြည်နယ်တွင် ခရမ်းချဉ်စိုက်ပျိုးရာ၌ အပူချိန်မြင့်မားပြီးမိုးရွာသွန်းပါက ရာသီဥတု ပူနွေးစိုစွတ်လာကာ အဝါရောင်အရွက်လိပ် ဗိုင်းရပ်စ်ရောဂါ သယ်ဆောင်သည့် ယင်ဖြူများ ကျရောက်တတ်ပါသည်။
  • ရှမ်းပြည်နယ် မေလ ၃ ရက် မှ မေလ ၉ ရက်အထိ မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်း 

    လာမည့်ရက် သတ္တပါတ် ၁ ပါတ်အတွင်း ရှမ်းပြည်နယ်မှာ မေလ ၄ ရက်နေ့ကစ ပြီး အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းရပ်တန့်သွားမယ်၊ မေလ ၁၀ ရက်နေ့နောက်ပိုင်းမှ မုတ်သုံမိုးဦး စတင်ရွာသွန်းလာပြီး ၂၀၂၅ ခုနှစ်ရဲ့ “မိုးဦးကာလ”အတွင်း စတင်ဝင်ရောက်လာပါမယ်။ 

    ၂၀၂၅ ခုနှစ် မိုးရာသီကာလခန့်မှန်းချက်(Seasonal Precipitation Forecast)အရ ရှမ်းပြည်နယ်တခွင်မှာ ဇွန်လ ၃၀ ရက်နေ့အထိ အကြုံးဝင်တဲ့ မိုးဦးကာလအတွင်း နှစ်စဉ်ရွာသွန်းမြဲအထက်”မိုးရေချိန်ပိုမိုရွာသွန်းပြီး” မိုးကောင်းနိုင်ပါမယ်။ 

    လတ်တလောအချိန်မှာ အနောက်-အနောက်တောင်ဘက်မှ မိုးတိမ်တိုက်တွေ မြန်မာနိုင်ငံ တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေကို နေ့စဉ်ဖြတ်ပြီးဝင်လာတာတွေရှိနေတာကြောင့် မထင်မှတ်ထားတဲ့ လေပြင်းကျနိုင်ခြင်း၊ နေရာကွက်ပြီးမိုးသည်းထန်နိုင်ခြင်း စတဲ့ မိုးဦးကျ မိုးလေဝသဖြစ်စဉ်တွေ ရှမ်းပြည်နယ်တခုလုံးမှာ ဖြစ်နိုင်ပြီး ရုတ်တရက်ဖြစ်လာတတ်တဲ့ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းတတ်ခြင်း စတဲ့ သဘာဝဖြစ်စဉ်တွေကို သတိထားကြရပါမယ်။ 

    ၆ နာရီတကြိမ် အလိုအလျှောက် update ဖြစ်နေတဲ့ ၄ ရက် ကြိုတင်မိုးလေဝသခန့်မှန်း widget များတင်ပေးထားတဲ့ MMWeather Site က page ကိုလဲ ကြည့်ကြပါ၊ မိုးသံလေသံကြာမှ ကြည့်ကြတာများပါတယ်။ https://www.mmweather.org/divisional-cities-weather 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရှမ်းပြည်နယ်အတွင်း ခရမ်းချဉ်စိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်တွင် ခရမ်းချဉ်စိုက်ပျိုးရာ၌ အပူချိန်မြင့်မားပြီးမိုးရွာသွန်းပါက ရာသီဥတု ပူနွေးစိုစွတ်လာကာ အဝါရောင်အရွက်လိပ် ဗိုင်းရပ်စ်ရောဂါ သယ်ဆောင်သည့် ယင်ဖြူများ ကျရောက်တတ်ပါသည်။ ဗိုင်းရပ်စ်ရောဂါကြောင့် အရွက်များလိပ်ခြင်း၊ စိမ်းဖျော့ရောင်အဖြစ်သို့ ပြောင်းလဲခြင်းနှင့် အစွန်းဖက်များတွင် အဝါရောင် ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ အတွင်းဖက်သို့ အရွက်လိပ်ခြင်းထက် ဗိုင်းရပ်စ်ရောဂါ ဝင်ရောက်ပါက အပေါ်ဖက်သို့ ခွက်ပုံစံ အရွက်လိပ်ခြင်း အစက်အပြောက်များ ဖြစ်ပေါ်ခြင်း၊ ခရမ်းချဉ်သီး အတွင်းဖက်တွင် အညိုရောင်များဖြစ်ပေါ်ခြင်း စသည့်အချက်များကို ဖြစ်ပေါ်စေနိုင်ပါသည်။ တခြားအပင်များသို့လည်း ပင်ရည်စုပ်စားခြင်းမှ တစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ပါသည်။ 

    ကာကွယ်နှိမ်နှင်းနည်းလမ်းများမှာ 

    ၁. စိုက်ခင်းအစိုဓာတ်အား ပုံမှန်ထိန်းပေးခြင်း၊ 

    ၂. အာဟာရဓာတ် ညီမျှစွာ ထည့်သွင်းခြင်း၊ 

    ၃. ပုလဲဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ဖော့စဖရပ်စ် ဓာတ်များကို အချိုးညီမျှစွာ ထည့်သွင်းပေးခြင်း၊ 

    ၄. ဗိုင်းရပ်စ်ရောဂါ သယ်ဆောင်သည့်ယင်ဖြူအား နှိမ်နင်းရန် Cartap Hydrochloride၊ Acetamiprid၊  Lambda Cyhalothrin၊ Thiamethoxam ပါဝင်သော ဓာတုဆေးများအသုံးပြုနိုင်ပါသည်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    • ရှမ်းပြည်နယ် မိုးရွာချိန် သတိပြုသင့်သည်များ -  
    • မိုးရေတွင် အက်စစ်ပါသောကြောင့် ငါးမွေးကန်အတွင်း ရေချဉ်ဖန်နှုန်းကျတတ်ပါသည်။ 
    • ကန်ပြင်ဆင်ချိန်တွင် ကန်အတွင်း ထုံးထည့်သွင်းခြင်းမရှိပါက ရေချဉ်ဖန်နှုန်းကျဆင်းခြင်းများလာပြီး ငါးများသေစေနိုင်သည့်အဖြစ် ရောက်ရှိပါသည်။ 
    • ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။ 
    • ထို့ကြောင့် ကန်ရေ၏ချဉ်ဖန်နှုန်း ကို နေ့စဉ် ဖြစ်စေ၊ (၃)ရက်တစ်ကြိမ်ဖြစ်စေ စစ်ဆေးပြီး ကန်ရေချဉ်ဖန်နှုန်း (၆)အောက်ရောက်နေပါက တစ်ဧက လျှင် ထုံး(၁၅)ပိဿာခန့် ထည့်သွင်းပေးရပါမည်။ 
    • ထုံးထည့်သွင်းရာတွင်လည်း ကန်အတွင်း တိုက်ရိုက်ပက်ခြင်းကို မပြုလုပ်ရပါ။ ထုံးကို တစ်ညအိပ် ရေစိမ်ပြီးမှ နောက်တစ်နေ့မနက် (၈)နာရီခန့် နေပူချိန်တွင်ထည့်သွင်းပေးပါရန် တင်ပြအပ်ပါသည်။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
5311