cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်ပစျေးကွက်အလားလာရှိသော ထန်းပင်မှတန်ဖိုးမြှင့်ထုတ်ကုန်များ

. ဈေးကွက်သတင်းများ
အချို့သောနိုင်ငံများတွင် အရွက်များကို ဦးထုပ်များ၊ ပန်ကာများ တံမြက်စည်းများကဲ့သို့ အသုံးပြုခြင်းများ ရှိပြီး ယဉ်ကျေးမှုဆိုင်ရာပွဲလမ်းသဘင်များတွင်လည်းကောင်း၊ ပစ္စည်း ပစ္စယများပြုလုပ်ရာတွင်လည်းကောင်း သုံးစွဲခြင်းများ ရှိသည်။
  • မြန်မာနိုင်ငံတွင် အညာဒေသ၏အလှတစ်ပါးဟုတင်စားကြသလို သဘာ၀၏လက်ဆောင်မွန်ဟူ၍ လည်း တင်စားပြောဆို နိုင်ကြသည့် ထန်းပင်များမှာ ပြည်ပစျေးကွက်အတွက် အလားအလာကောင်းသည့် စျေးကွက်ဝင် တန်ဖိုးမြှင့်ထုတ်ကုန်များ အဖြစ်ထုတ်လုပ်ပေးနိုင်စွမ်းရှိသော အခြေအ နေမျိုးပိုင်ဆိုင်ထားလျက်ရှိသည်။

    ထန်းပင်များကို စိုက်ပျိုးရန်အတွက် ဓာတ်မြေဩဇာမလိုအပ်သလို ပိုးသတ်ဆေးဖြန်းခြင်း၊ ရေသွင်း ပေးခြင်းတို့လည်း မလိုဘဲ သဘာ၀အလျောက်ရှင်သန်နိုင်သော အပင်မျိုးဖြစ်သည့်အတွက် အားသာချက်များစွာရှိသည့် အပင်မျိုးလည်းဖြစ်သည်။ ရေဓာတ်ရှိသောမြေတွင် ၁၅ နှစ်၊ ခြောက်သွေ့သောမြေတွင် ၂၅ နှစ်အတွင်း အရွယ်ရောက်အသုံးချနိုင်သည့်အပြင် နှစ်တစ်ရာအထိ ရှင်သန်နိုင်သော အံ့ဩဖွယ်ရာကောင်းသည့် အပင်မျိုး လည်းဖြစ်သည်။

    ထန်းပင်မှဖန်တီးရရှိလာသော လူမှုအသုံးအဆောင်ပစ္စည်းတို့မှာ ကျေးလက်ဒေသခံတို့ နေ့စဉ်လူမှုဘ၀အတွက် များစွာအသုံးဝင်ပြီး အကျိုးကျေးဇူးများစွာကို ဖန်တီးပေလျက်ရှိသည်။ အမြစ်တွင် ရေကိုသိုလှောင်နိုင်စွမ်းရှိခြင်းကြောင့် ရှေးလူကြီးသူမများက အင်းအိုင်၊ မြစ်ချောင်း၊ ရေကန်တို့အနီးဝန်းကျင်တွင် စိုက်ပျိုးထားခြင်းများရှိသည်။ နေအိမ်ခေါင်မိုး၊ ခြံစည်းရိုး အကာအရံအဖြစ်ဖြင့်လည်း ထန်းပင်မှဖန်တီးနိုင်ပြီး ထန်းရွက်ပုတီးများမှာလည်း အညာဒေသ၏ ဘုရားပွဲတော်များတွင် စိတ်ဝင် စားစရာ အကောင်းဆုံးဖြစ်သော ပစ္စည်းများဖြစ်လာခဲ့သည်။

    မြေ ဆီလွှာဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်သောအပင်မျိုးဖြစ်သည်ဟု စိုက်ပျိုးရေးပညာရှင်များက ဆိုထားကြသလို ကျေးငှက်မျိုးစုံတို့အတွက် အကောင်းဆုံးခိုလှုံရာလည်းပေးစွမ်းနိုင်ခြင်းကြောင့် ဇီ၀မျိုးစုံမျိုးကွဲများ ရှင်သန်ရပ်တည် ပေါက်ပွားရေးအတွက်လည်း အထောက်အကူပြုစေခဲ့သည်။

    လူ၏ခန္ဓာကိုယ်အတွက် အချိုဓာတ်မှာလိုအပ်လျက်ရှိပြီး သွေးအတွင်း အချိုဓာတ်များ လျော့နည်းသည့်အခါ ပင်ပန်းနွမ်းနယ်၍ မူးဝေခြင်း၊ ချွေးစေးပြန်ခြင်း၊ ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း၊ အမြင်အာရုံများ ဝေဝါးလာခြင်း၊ နှလုံးခုန်နှုန်းများ မြန်လာခြင်း စသည်ဖြင့် ဖြစ်စေတတ်သည်ဟူ၍လည်း ကျန်းမာရေးဆိုင်ရာ သုတေသီတစ်ဦးက ဆိုထားသည်။

    ထိုသို့ခန္ဓာကိုယ်အတွက် လိုအပ်သော အချိုဓာတ်ကို အများစုမှာ သကြားမှရယူအသုံးပြုနေကြခြင်း ဖြစ်ပြီး သကြားထုတ်လုပ်ရန် ကြံစိုက်ပျိုးသည့်အခါ ရေအရင်းအမြစ်များစွာကို အသုံးပြုကြသလို ဓာတ်မြေဩဇာ နှင့် ပိုးသတ်ဆေးတို့ကိုလည်း အသုံးပြုရသည်။ ထို့အပြင် ကြံမှ သကြားထုတ်လုပ်ရာတွင်လည်း ထုတ်လုပ်ရသည့် လုပ်ငန်းစဉ်မှာ ကျယ်ပြန့်ပြီး ထန်းပင်မှ ထုတ်လုပ်မှုနှင့်နှိုင်းယှဉ်ပါက ကြံထက်များစွာ အားသာချက်ရှိသော အခြေအနေမျိုးကို ပိုင်ဆိုင်ထားလျက်ရှိသည်။

    ထို့အပြင် ထန်းပင်ထုတ်လုပ်သော ထွက်ကုန်တစ်မျိုးဖြစ်သည့် ထန်းလျက်မှာလည်း အခြားသော မည်သည့်ဓာတုပစ္စည်းကိုမျှ အသုံးပြုထုတ်လုပ်ရန်မလိုသည့် အချိုဓာတ်မျိုးကို ရရှိစေပြီး ဗီတာမင်ဘီ၊ သံဓာတ်၊ မဂ္ဂနီ ဆီယမ်နှင့် ပိုတက်ဆီယမ်တို့လည်း ကြွယ်၀စွာပါဝင်လျက်ရှိသလို တိုင်းရင်းဆေးပညာ၌ ဆေးတစ်ပါးအဖြစ်ဖြင့်လည်း ထန်းလျက်ကို သတ်မှတ်ထားကြသည်။

    ထန်းပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသ၏ ဇာတိမျိုးရိုးဖြစ်ပြီး အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများတွင် ထန်းနှင့် ထန်းအမျိုးတူ အပင်များကို တွေ့နိုင်ကြသလို တရုတ်နိုင်ငံတွင်လည်း မြေယာရှုခင်းများ အလှဆင်ရာတွင် စိုက်ပျိုးထားခြင်းများရှိသည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံကဲ့သို့သော ပူပြင်းသည့် နိုင်ငံများတွင် ထန်းပင်များကို အများအပြားတွေ့နိုင်သလို မြန်မာနိုင်ငံတွင် ရေဝပ်ရာ ဒေသမှလွဲ၍ နေရာအနှံ့အပြားတွင် ရှင်သန်ပေါက်ရောက်နိုင်သည့် အားသာချက်များစွာရှိသည်။

    တရုတ်နိုင်ငံတွင် ထန်းပင်မျိုးစိတ်ဝင် အပင်တွေကို စိုက်ပျိုးကြခြင်းများရှိသည်။ "Chinese Fan Palm" (Trachycarpus fortunei) ဟုခေါ်သည့် အပင်များမှာ အရွက်များပန်ကာပုံသဏ္ဌာန်ရှိပြီး နိုင်ငံတစ်ဝန်း၌ တွင်ကျယ်စွာ စိုက်ပျိုးမှုကို တွေ့ရလေ့ရှိသည်။ အချို့သောနိုင်ငံများတွင် အရွက်များကို ဦးထုပ်များ၊ ပန်ကာများ တံမြက်စည်းများကဲ့သို့ အသုံးပြုခြင်းများ ရှိပြီး ယဉ်ကျေးမှုဆိုင်ရာပွဲလမ်းသဘင်များတွင်လည်းကောင်း၊ ပစ္စည်း ပစ္စယများပြုလုပ်ရာတွင်လည်းကောင်း သုံးစွဲခြင်းများ ရှိသည်။

    တရုတ်နိုင်ငံတွင် တွေ့ရှိမှုအများဆုံးဖြစ်သော "Chinese Fan Palm" ထန်းပင်မှာ သိပ္ပံအမည်- Livistona chinensis ဟုခေါ်တွင်ပြီး ၎င်း၏ပန်ကာပုံသဏ္ဍာန် အရွက်များနှင့် ကျက်သရေရှိသော အသွင်အပြင်များကြောင့် လူသိများကြသည်။ နိုင်ငံတောင်ပိုင်းဒေသ ဇာတိလည်းဖြစ်သလို တရုတ်နိုင်ငံတစ်ဝန်းရှိ ပန်းခြံများနှင့် ရှုခင်းများတွင် အသုံးပြုလေ့ရှိသည်။ အဆိုပါ ထန်းပင်၏ပုံသဏ္ဌာန်အသွင်အပြင်မှာ လှပခြင်းကြောင့်လည်း ရှုခင်းအလှဆင်ရာတွင် အဓိကအလှဆင်အပင်အဖြစ် သုံးစွဲခြင်းများရှိပြီး ခံနိုင်ရည်ရှိခြင်း၊ သာယာ၀ပြောခြင်းနှင့် ငြိမ်းချမ်း ခြင်းတို့ကို ကိုယ်စားပြုသည့်အနေဖြင့် ရိုးရာဥယျာဉ်များ၊ ဘုံဗိမာန်များတွင် စိုက်ပျိုးထားလေ့ရှိတတ်သည်။

    အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသများနှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၊ ပူပြင်း ခြောက်သွေ့သော ဒေသများတွင်လည်း အများဆုံးတွေ့ရတတ်သလို တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အလေ့ကျပေါက်သော ထန်းပင်အနည်းအကျဉ်းကိုလည်း မြင်တွေ့နိုင်သေးကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။

    အရှေ့အလယ်ပိုင်းရှိ သဲကန္တာရဒေသများတွင် ထန်းပင်အမျိုးတူအပင်အုပ်စုများရှိသည့်နေရာများ၌သာ ရေရှိသည့်အတွက် အိုအေစစ်ဟူ၍ခေါ်ကာ တန်ဖိုးထားထိန်းသိမ်းကြသည်။ အညာဒေသတွင် ပေ၂၀၀ အနက် လောက် ရှိသည့် မြေအောက်ရေ စုတ်ယူပေးနေသော ထန်းပင်အမြစ်များက သောင်းနှင့်ချီရှိသည့် သဘာဝ ရေစုပ်စက်များအဖြစ် တင်စားပြောဆိုခြင်းများ ရှိကြသည်။

    ထန်းပင်မှထွက်သော ထန်းရည်ကို ထန်းရည်အတိုင်းသောက်သုံးရန်နှင့် ကျိုချက်ရရှိသော ထန်း လျက်ကို အလုံးအတိုင်း စားသုံးခြင်းနှင့် ထန်းလျက်အမှုန့်အဖြစ် တင်ပို့ရောင်းချခြင်းများဖြင့် လုပ် ကိုင်လျက်ရှိသည်။ မြန်မာ့ရိုးရာအစားအစာများအတွင်းတွင် တစ်မျိုးအဖြစ်ပါဝင်သော ထန်းလျက်သည် မြန်မာ့ရိုးရာမုန့် အများစုတွင်လည်း မပါမဖြစ် အသုံးပြုလေ့ရှိကြသည်။ အထူးသဖြင့် မြန်မာ့ရိုးရာမုန့်များဖြစ်သော မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ မုန့်ကျွဲသဲ၊ မြေပဲယို၊ သာကူ စသည့် မုန့်များတွင် ထည့်သွင်းစားသုံးကြသည့်အပြင် ဟင်းချိုမှုန့်အစား ထန်းလျက်မှုန့် ကို အသုံးပြုလေ့ရှိသည်။ အချို့သော ဒေသများတွင် မုန့်ဟင်းခါးဟင်းရည်ချက်ရာတွင်လည်း ထန်းလျက်အနည်း ငယ်ထည့်၍ ချက်ခြင်းဖြင့် အချိုအရသာကို လေးနက်စေရန် ပြုလုပ်လေ့ရှိကြသည်။

    အဆိုပါ ထန်းပင်မှရရှိလာသည့် ထန်းသီးဆံကို မြင်းခြံမြို့၊ စက်မှုဇုန်တွင် အခြေစိုက်သော ကုမ္ပဏီတစ်ခုက ဝယ်ယူ၍ တရုတ်နိုင်ငံသို့ စမ်းသပ်တင်ပို့ရောင်းချခြင်းများရှိခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနရှိ အချက်အလက်များ၌ ဖော်ပြထားသည်။ ထိုထန်းသီးဆံများကို အေးခဲ၍တင်ပို့ရောင်းချခြင်းဖြစ်ပြီး တန်ဖိုးမြှင့်ထုတ်လုပ်၍ စည်သွပ်ဘူးများဖြင့် ထည့်သွင်းတင်ပို့ကာ ရောင်းချခြင်းဖြစ်သည်။

    ယခင်က အပင်လိုက်ခုတ်လှဲရောင်းချခြင်းထက် ယခုလို တန်းဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ် ရောင်းချခြင်းများကို တွင်ကျယ်အောင်လုပ်ဆောင်နိုင်ပါက တောင်သူများအတွက်လည်းအကျိုးရှိစေမည်ဖြစ်သလို ဒေသဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်သည်။ ထန်းသီးတစ်လုံးတွင် အဆံသုံးဆံပါပြီး ပြည်တွင်းစျေးကွက်အတွင်း စားသုံးရန်အတွက် ရောင်းချခြင်းများရှိသော်လည်း အများစုမှာ တိရစ္ဆာန်အစာအတွက် ခုတ်ထစ်၍အသုံးပြုခဲ့ကြရသည်။

    ထို့ကြောင့် ထန်းသီးသာမက ထန်းမြစ်များအပါအဝင် ထန်းမှထွက်သောပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ယခုထက်ပိုမို ထုတ်လုပ်လာနိုင်ပါက အကျိုးကျေးဇူးများပြားမည့် အခြေအနေမျိုးကို ကြုံလာနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ထန်းသီးကိုစည်သွပ်ဘူးဖြင့်တင်ပို့ခြင်းတို့အပြင် အခြားနည်းလမ်းဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်ကာ ထုတ်လုပ်တင်ပို့ရန်လည်း ကြိုးပမ်းနေကြသည့် သူများရှိသလို ဘီယာဘူးများဖြင့် ဘီယာကဲ့သို့သော ထုတ်ကုန်များအဖြစ်ထုတ်လုပ်ကာ ပြည်တွင်းစျေးကွက်အတွင်းရောင်းချ၍ ပြည်ပစျေးကွက်သို့လည်း တင်ပို့ခြင်းများရှိလာခဲ့ကြသည်။

    ဤကဲ့သို့ ပြည်ပစျေးကွက်အလားလာကောင်းများရှိနေသလို သဘာ၀ပတ်ဝန်းကျင်နှင့် ဇီ၀မျိုးစုံမျိုးကွဲများအတွက်လည်း များစွာအကျိုးပြုနေသည့် ထန်းပင်မှတိုးတက်ခေတ်မီသော နည်းပညာများပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များကို ဆက်လက်ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသခံများ၏လူနေမှုဘ၀နှင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုးရှိလာစေမည် ဖြစ်သလို သဘာ၀ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းကာကွယ်ရာ ရောက်စေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။

    ဧပရယ်လ်

    Opinion Leaders Media မှ ကူးယူဖော်ပြပါသည်။


  • article
likes
3
comments
0
views
896