cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်း မေလ ၇ ရက် မှ မေလ ၁၃ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ပဲစဥ်းငုံစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေးအကြံပေးချက်
  • မေလ ၉ ရက်နေ့က စ ပြီးအနောက်တောင်ဘက်ကလေတိုက်ပြီး မိုးဖွဲစတင်ကျနိုင်တဲ့ အခြေအနေမှာ အပူချိန်တွေ ၄၀°C အထက်ထိ မြင့်တက်နေတာတွေ့ရပါတယ်။ ရုတ်တရက်ဆောင့်တိုက်လိုက်တဲ့လေပြင်း(Wind Gust)ပြင်းနိုင်ပါတယ်။ မေလ ၁၁ ရက် မွန်းလွဲ/ညနေပိုင်းနဲ့ မေလ ၁၂ ရက် မနက်ပိုင်းတွေမှာ မိုးရေချိန်မများတဲ့ မိုးသက်လေပြင်းကျနိုင်ပါတယ်။ နေ့အပူချိန်များလည်း မေလ ၁၂ ရက်မှ စတင်ကာ ကျဆင်းသွားနိုင်ပါတယ်။

    မေလ ၁၃ ရက်နဲ့နောက်ပိုင်းရက်တွေမှာတော့ အနောက်တောင်မုတ်သုံလေနဲ့ဆက်ပြီး မိုးအသင့်အတင့်ဆက်လက်ရွာနိုင်ပါတယ် မိုးရေချိန်လဲ ၂၄ နာရီအတွင်း ၀.၈ လက်မ(20mm)ခန့်ရွာနိုင်ပါတယ်။


    ဦးဝင်းနိုင်

    မိုးလေဝသပညာရှင်


    မကွေးတိုင်းဒေသကြီးအတွင်း ပဲစဥ်းငုံစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေးအကြံပေးချက်

    ပဲစဥ်းငုံစိုက်ပျိုးရာတွင် ပေါင်းပင်များသည် ပဲစဥ်းငုံသီးနှံ အထွက်ကိုထိခိုက်စေပါသည်။

    ပဲစင်းငုံပင်သည် အစပိုင်း ကြီးထွားမှုနှေးသောကြောင့် ပေါင်းမြက်များကို ယှဉ်ပြိုင် နိုင်စွမ်း မရှိသည့်အတွက် သီးနှံစိုက်ပြီးကာလ ပထမ(၂)လ အတွင်း ပေါင်းများကို ကောင်းစွာ နှိမ်နှင်းထားရမည်။

    ပေါင်းမြက်ကင်းစင်ရန်(၂၀)ရက်သားလျှင်ကြားထွန်တစ်ကြိမ်၊(၂၅)ရက်သားတွင်သံထွန်တစ်ကြိမ်၊(၃၀)ရက်သားတွင်ပေါက်ပြားဖြင့် တစ်ကြိမ်၊ (၆၀)ရက်သားတွင် ပေါင်းမြက်ကင်းစင်ရန်နှင့်ရရှိထားသောမိုးရေနှင့်အစိုဓာတ်ကိုထိန်းသိမ်းနိုင်ရန်ထယ်ကြောင်းထိုးပါ။

    မြေတွင်းအစိုဓာတ်မြင့်မားလာပါက မြေဆောင်မှိုရောဂါဖြစ်သော ခါးရိရောဂါများ ဆိုးရွားစွာ ကျရောက်တတ်သောကြောင့် မစိုက်ခင်မျိုးစေ့အား Thiram၊ Fludioxanil၊ Metalaxyl၊ Thiamethoxam ပါဝင်သောမှိုသတ်ဆေးဖြင့် လူးနယ်၍စိုက်ပေးခြင်းဖြင့် အပင်ပေါက်သေဆုံးခြင်းများအားကာကွယ်ပါ။

    မြေပြင်ချိန်တွင် Hymexazol ပါဝင်သော မြေပြင်ဖျန်းမှိုသတ်ဆေးအား ဖျန်းပေးခြင်း ဖြင့်လဲ ကြိုတင်ကာကွယ်ပေးပါ။



    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက်👇👇

    မိုးဦးလည်း ဝင်လာပြီဆိုတော့ ငါးကန်များ အ‌စာ‌ကျွေးရာမှာ အလအလွင့်မဖြစ်စေဖို့ အကြံပြုအပ်ပါသည်။

    - မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြောင့် ငါးများ အစာစားနှုန်း ကျတတ်ပါသည်။

    - အစာများ စျေးကြီးနေချိန် အလေအလွှင့် မဖြစ်စေဖို့ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျွေးပေးသင့်ပါသည်။

    - ဗီတာမင်စီ၊ သတ္တုဓာတ်တို့ ထည့်သွင်းကျွေးခြင်းဖြင့် ငါး၊ပုစွန်များ ခံနိုင်ရည်ရှိမှုကို ကောင်းစေပါသည်။

    - ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။

    - အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်‌သောကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
3
comments
0
views
2873