ဧရာဝတီတိုင်း မေလ ၈ ရက် မှ မေလ ၁၄ ရက် အထိ မိုးလေဝသအခြေအနေ
ဧရာဝတီတိုင်းအတွင်းမိုးဖြိုင်ဖြိုင်ရွာနိုင်မှာက မေလ ၁၄ ရက်နေ့နဲ့ မေလ ၁၅ ရက်နေ့နောက်ပိုင်းမှသာဖြစ်နိုင်ပါမယ်၊ ၁၃ ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်း ၆၀% ရှိနေပြီး မိုးရေချိန်က ၂၄ နာရီအတွင်း ၅ မီလီမီတာခန့်(၀.၂ လက်မ ခန့်)သာရှိမှာမို့ မိုးအလွန်နည်းနိုင်ပါတယ်။ မိုးဦးကျစကာလဖြစ်တာကြောင့် ဧရာဝတီတိုင်းအတွင်းမှာ ရွှေလောင်း၊ ဝါးခယ်မမြို့တွေရဲ့တောင်ဘက်ဒေသတွေမှာ မိုးပိုများနိုင်ပြီး၊ ညောင်တုန်း၊ ဓနုဖြူ အထက်ဘက်ဒေသတွေမှာတော့ မိုးလျော့နည်းနေနိုင်ပါသေးတယ်။
မေလ ၁၂ ရက် နောက်ပိုင်းနေ့အပူချိန်တွေ ၃၃°C နဲ့အောက်အထိ တဖြည်းဖြည်းကျဆင်းလာနိုင်ပါတယ်။ အနိမ့်ဆုံးအပူချိန်(ညအပူချိန်) က ၂၆°C ဝန်းကျင်မှာ ဆက်ရှိနေပါမယ်။
ဒီကာလအတွင်း အနောက်ဘက်၊ အနောက်တောင်ဘက်နဲ့ တောင်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့်အထိ တိုက်နိုင်ပြီး၊ ဧရာဝတီတိုင်းအနောက်ဘက် အပန်းဖြေကမ်းခြေများရှိတဲ့ဒေသတွေမှာတော့ အနောက်ဘက်၊ အနောက်မြောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ မိုင်၂၀ ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။
ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ရုတ်တရက် မိုးရွာသွန်းသော အချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း၊ ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြရပါမည်။ နေ့ပွင့်ချိန်မှာ ပြန်ကျွေးနိုင်ပါသည်။
မိုးရွာပြီး နောက်တစ်နေ့တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကို ပြန်လည် တိုင်းတာပြီး ကျဆင်းနေပါက တစ်ဧက လျှင် ထုံး (၁၅)ပိဿာ ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။
ကန်ရေဩဇာဓါတ်လည်း ကျဆင်းပျောက်ဆုံးခြင်းများလည်း ကြုံတွေ့ရပါမည်။ ထို့ကြောင့် မိုးရွာသွန်း ပြီးနောက် ရေကြည်နှုန်း (၁၈)လက်မကျော်နေပါက ပုလဲနှင့်တီစူပါ မြေဩဇာများပြန်လည်ထည့်သွင်းပေးပါရန် အကြံပြုတင်ပြအပ်ပါသည်။
ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။
------------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437