တားရော့ကံကြမ္မာ
တားရော့ကံကြမ္မာ
နှစ်တနှစ်ရဲ့ ပဥ္စမမြောက်ဖြစ်တဲ့ မေလကိုရောက်ရှိလာပါပြီ။
မေလရဲ့သဘောတရားက -
တိုးတက်ပြောင်းလဲမှူတွေ၊
ရွှင်လန်းချမ်းမြေ့ခြင်းတွေ၊
မျှော်လင့်ချက်တွေ၊
ပြည့်ဝနေတဲ့လလေးပဲဖြစ်ပါတယ်။
အဲဒီတော့ မေလထဲမှာဘာတွေတိုးတက်ပြောင်းလဲလာမလဲ၊မျှော်လင့်ထားတာလေးတွေရောပိုင်ဆိုင်ရမလား။ ဆိုတာလေးကို
အနှစ်သက်ဆုံးပုံလေးရွေးထားပြီး အဖြေလေးတွေပုံအောက်မှာကိုဖတ်ပေးပါဦးနော်။
မေတ္တာများစွာဖြင့်
လင်း🍀
Healing Heart Tarot by Linn
မေတ္တာဖြင့် ဖော်ပြခွင့် ပေးပါသော ဆရာမ အား ထွက်တိုးမှ ကျေးဇူး အထူးတင်ရှိပါတယ်ဗျ။
----------------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
Pile 1 ရွေးထားသူလေးများရှင်
မေလအတွင်းမှာတော့ အရင်ကက်ိုယ့်အပေါ်မကောင်းတဲ့အရာတွေ၊မကောင်းတဲ့သူတွေ၊မကောင်းတဲ့ကံတွေ ဖယ်ခွါသွားမဲ့လလေးပါရှင်။
ဘုရားတရားများများလေးပိုလုပ်ပေးပါရှင်။
ဘုရားဖူးခရီးလေးထွက်လိုက်ရင်တော့ပိုကောင်းပါတယ်ရှင်။
စီးပွါးရေးကိစ္စတွေမှာ သောကြာနံလုပ်ငန်းများမလုပ်သင့်သေးပါဘူးရှင်။
ရောင်းရေးဝယ်တာကိစ္စတွေမှာ အရင်နှစ်ကကျန်ခဲ့တဲ့ပစ္စည်းတွေဒီလရောင်းထွက်ပါလိမ့်မယ်။
အရေးကြီးကိစ္စတွေပြောဆိုလုပ်ကိုင်တော့မယ်ဆိုရင် အပြာနုရောင်လေးဝတ်ပြီးပြောပေးပါရှင်။
၁၆ ရက်နေ့ကိုတော့ရှောင်ပေးပါရှင်။
ဒီလမှာToxic တွေဝေးသွားပြီ၊စိတ်ချမ်းသာရပြီလို့ များများရွတ်ပေးပါ။
Pile 2 ရွေးထားသူလေးများရှင်
မေလလေးက လာဘ်ရွှင်နေမဲ့လလေးပါရှင်။
လာဘ်လာဘပေါမယ်။စိန်ကဲ့သို့အဖိုးတန်အရာဝင်လာပါလိမ့်မယ်။
အလုပ်မှာလဲနာမည်ကောင်းရပြီး လက်အောက်ငယ်သားအကျိုးပေးပါမယ်ရှင်။
မေလထဲမှာ လုပ်ဆောင်စရာကိစ္စရှိရင် ရဲရဲသာလုပ်ပါ။အောင်မြင်ပါမယ်ရှင်။
မိဘကျန်းမာရေးလေးဂရုစိုက်ပေးပါဦးရှင်။
ငွေကြေးနဲ့ပက်သက်ပြီးအစစရာသတိထားတာတော့မမှားပါဘူးနော်။
ဒီလထဲမှာ အနီရောင်၊ရွှေရောင်၊အဝါရောင် များများဆောင်ပေးပါ။
မိမိနေအိမ်ရဲ့ရှေ့တံခါးဝမှာ ဆားလေးနဲနဲ (သို့) ရှာလကာရည် ဖြူးထားပေးပါ။
မကောင်းတဲ့အန္တရာယ်တွေမှ ကာကွယ်ပေးပါမယ်။
Pile 3 ရွေးထားသူလေးများရှင်
မေလလေးကတော့ ပညာရေးကံကောင်းနေတဲ့လလေးဖြစ်ပါတယ်။
ပညာရပ်တစ်ခုသင်ရတတ်ပါတယ်။
ဖြေဆိုထားတဲ့စာမေးပွဲရှိရင်အောင်မြင်ပါမယ်။
တန်ခိုးဩဇာမြင့်မားနေတတ်ပါတယ်။
မျှော်လင့်မထားတဲ့သူဆီက အကူညီကောင်းတွေရရှိပါမယ်။
လုပ်ငန်းခွင်၊ လူမှုရေးနဲနဲသတိထားပါ။
လမ်းခရီးသွာလာရာမှာ မိမိပိုင်ပစ္စည်းများသေချာသတိထားသိမ်းဆည်းပါရှင်။
မျက်လုံးကျန်းမာရေးဂရုစိုက်ပေးပါရှင်။
မေလထဲမှာလုပ်ကိုင်မဲ့ကိစ္စတွေ အောင်မြင်ပါမယ်။
မကြာမီအချိန်တွင်းသိသာထင်ရှားစွာအကျိုးပေးပါလိမ့်မယ်။
ရွှေဝါရောင်၊အစိမ်းရောင်များများဆောင်ပေးပါ။