cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် မေလ ၁၀ ရက် မှ မေလ ၁၆ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ပြောင်းစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေးအကြံပေးချက်
  • မေလ ၁၀ ရက်နေ့မှ စတင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ မိုးစရွာနိုင်ပါမယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ မေလ ၁၂ ရက်နေ့မှာမှ မိုးစရွာနိုင်တဲ့ အခြေအနေ‌ စ တင်ဖြစ်လာနိုင်ပြီး-

    ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မေလ ၁၁ ရက်နေ့မှ စတင်ကာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာနှင့်အထက်(၁ လက်ကျော်ခန့်)မိုးရွာသွန်းနိုင်ပါမယ်။

    ရှမ်းပြည်နယ်တောင်ပိုင်းမှာ မေလ ၁၂ ရက်မှ စတင်ကာ မိုးများနိုင်(၂၄ နာရီအတွင်း ၁.၂ လက်မခန့်အထိ) ပျမ်းမျှမိုးရေချိန်ရရှိစေနိုင်တဲ့ မိုးရွာသွန်းမှာဖြစ်ပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ မေလ ၁၃ ရက်နဲ့ ၁၅ ရက်နေ့ နောက်ပိုင်းရက်တွေမှသာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာအထက်(၁ လက်မကျော်)မိုးရွာသွန်းနိုင်မှာဖြစ်ပါတယ်။

    ရှမ်းပြည်နယ်တခုလုံးအနေနဲ့ပြောရရင်တော့ မေလလယ်လောက်က စ ပြီး မုတ်သုံမိုးအဝင် စ တင်ရှိလာနိုင်ကာ မိုးရာသီမိုးရွာသွန်းခြင်း စ တင်တော့မှာဖြစ်ပါတယ်။


    ရှမ်းပြည်နယ်ရဲ့ အပူချိန်တွေက မေလ ၁၅ ရက်အထိ ၃၀°C အထက်မှာ ရှိနေရာက ၁၅ ရက်နောက်ပိုင်းမှာ ၃၀°C အောက် ၂၃°C ခန့်အထိ ကျဆင်းလာနိုင်ကြောင်း၊ အနိမ့်ဆုံး(ည အပူချိန်)တွေသည်လည်း ၁၈°C အထိ ကျဆင်းလာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာ တွေ့နေရပါတယ်။


    ရှမ်းပြည်နယ်အတွင်းသတိထားရမဲ့ သဘာဝဘေးများအနေနဲ့ -


    · ဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်းမှတဆင့် ရွေ့လျားဝင်ရောက်လာနိုင်သည့်မုန်တိုင်းအကြွင်းကျန်မိုးတိမ်များနှင့် ထိုင်းနိုင်ငံဘက်မှ ရွေ့လျားဝင်ရောက်လာတတ်သည့် မိုးတိမ်များကြောင့် ရံဖန်ရံခါနေရာကွက်ပြီး မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်တတ်သည့် မျှော်မှန်းမထားနိုင်သော သဘာဝဘေးများကို သတိပြုကြရန်လိုပါတယ်။


    ဦးဝင်းနိုင်(မိုးလေဝသပညာရှင်)


    ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေးအကြံပေးချက်

    ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်ခင်းများတွင် ပေါင်းပင်များ၏ဖျက်ဆီးမှုကြောင့် ပြောင်းဖူး အစေ့အထွက်နှုန်းကို ၃၆ မှ ၆၀ ရာခိုင်နှုန်းထိ လျော့နည်းနိုင်ပါသည်။ ပေါင်းထူထပ်စွာ ပေါက်ပါက ပေါင်းပင်ကြောင့် အထွက်နှုန်းလျော့နည်းသည့်ပြင် ပေါင်းပင်ကတစ်ဆင့် ‌ရောဂါပိုးမွှားများ ကူးစက် ပြန့်ပွားကာ ပြောင်းဖူးအထွက်ကို ပို၍ထိခိုက်နိုင်ပါသည်။ သို့ဖြစ်ပါ၍ ပြောင်းစိုက်ပျိုးမည့် တောင်သူများ ပြောင်းခင်းများပေါင်းကင်းရှင်း၍ အထွက်နှုန်းတိုးစေရန် အောက်ပါနည်းလမ်းများအတိုင်း ကြိုတင် ပြင်ဆင်ထားနိုင်ပါသည်။

    ရာသီအလိုက် စိုက်ချိန်မှန်၊ မျိုးမှန် ရွေးချယ်စိုက်ပျိုးခြင်း။

    သင့်တော်သော အပင်အတန်းအကွာအ‌ဝေးဖြင့် စိုက်နည်းစနစ်မှန်မှန်စိုက်ပျိုးခြင်း။

    သတ်မှတ်အပင်ဉီးရေ ပြည့်မီအောင်စိုက်ပျိုးခြင်း။

    ကြားထွန်တိုက်ခြင်း၊ ပေါက်ပေါင်းပေါက်ခြင်း၊ လက်ပေါင်းလိုက်ခြင်းတို့ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အတန်းလိုက်စိုက်ပျိုးခြင်း။

    ပြောင်းဖူးသီးနှံ စိုက်ပျိုးခြင်းမပြုမီ(Preplant)အသုံးပြုနိုင်သည့် ပေါင်းသတ်ဆေး၊ ပြောင်းဖူးသီးနှံ စိုက်ပျိုးပြီးသော်လည်း ပေါင်းမြက်အပင်မပေါက်မီ (Preemergence) အသုံးပြုနိုင်သည့် ပေါင်းသတ်ဆေး၊ ပြောင်းဖူးသီးနှံစိုက်ပျိုးပြီး အပင် ပေါက်ချိန်တွင် ပေါင်းမြက်အပင်ပေါက်ပြီး (Postemergence) အသုံးပြုနိုင်သည့် ပေါင်းသတ်ဆေးဟူ၍ ခွဲခြားထားရာ အသုံးပြုလိုသည့် ဓာတုပေါင်းသတ်ဆေးကို ရွေးချယ် အသုံးပြုနိုင် ပါသည်။ Atrazine နှင့် Mesotrione ပါဝင်သော ပြောင်းရွေးချယ်ပေါင်းသတ်ဆေးများ အသုံးပြုနိုင်ပါသည်။


    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက်

    မိုးဦးလည်း ဝင်လာပြီဆိုတော့ ငါးကန်များ အ‌စာ‌ကျွေးရာမှာ အ‌လေအလွင့်မဖြစ်စေဖို့ အကြံပြုအပ်ပါသည်။ - မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြောင့် ငါးများ အစာစားနှုန်း ကျတတ်ပါသည်။ - အစာများ စျေးကြီးနေချိန် အလေအလွှင့် မဖြစ်စေဖို့ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျွေးပေးသင့်ပါသည်။ - ဗီတာမင်စီ၊ သတ္တုဓာတ်တို့ ထည့်သွင်းကျွေးခြင်းဖြင့် ငါး၊ပုစွန်များ ခံနိုင်ရည်ရှိမှုကို ကောင်းစေပါသည်။ - ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။ - အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်‌သောကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။ ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။

    -------------------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
7
comments
0
views
5550