မိုးရွာနိုင်ချေ ရာခိုင်နှုန်း ၉၀ နှင့်အထက်ရှိနေ
- မေလ ၁၃ ရက် ညနေပိုင်း/ညပိုင်းမှာ ကပ္ပလီပင်လယ်ပြင်အတွင်း အထက်အမြင့်ပေ ၅၀၀၀ တွင် လေပွေလှိုင်း(Upper Air Cyclonic Circulation - UACC)ဖြစ်ပေါ်လာနိုင်ကြောင်း WINDY မှ ECMWF, GFS နဲ့ ICON model တွေရဲ့ ကြိုတင်ခန့်မှန်းချက်မှာ တွေ့ရပါတယ်။ - ဖြစ်ပေါ်လာနိုင်တဲ့ အထက်လေပွေလှိုင်းသည် အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီ မေလ ၁၇ ရက် နံနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း ECMWF AI က ခန့်မှန်းထားတာတွေ့ရပါတယ်။ - အခုလို လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို METEOBLUE NEMS GLOBAL model ခန့်မှန်းချက်မှာလဲ တွေ့နေရပါတယ်။ - ပင်လယ်ပြင်မှာဖြစ်ပေါ်လာတဲ့ ထူးခြားမိုးလေဝသအခြေအနေများကြောင့် - - မန္တလေးတိုင်းအတွင်းမှ ဒေသအချို့ - ပုဂံညောင်ဦး/မြင်းခြံ/ကျောက်ပန်းတောင်းနှင့် စစ်ကိုင်းတိုင်းအတွင်းမှ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ချောင်းဦးစသည့်ဒေသအချို့မှအပ ကျန်ဒေသအားလုံးမှာ "မေလ ၁၃ ရက် မှ မေလ ၁၉ ရက်အတွင်း" မိုးရွာနိုင်ချေ ရာခိုင်နှုန်း ၉၀ နှင့်အထက်ရှိနေကြောင်းတွေ့ရပါတယ် (METEOBLUE NEMS-GLOBAL Model Forecast) - ၄ ရက် ကြိုတင်ခန့်မှန်း မိုးလေဝသအခြေအနေကြည့်ရန် - - https://www.mmweather.org/divisional-cities-weather - (မေလ ၁၂ ရက် ည ၁၁ နာရီ) - Weather Source - U Win Naing - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
