နွေစပါး၊ မိုးစပါးစျေးကွက်ကျဆင်းနေပြီး ဝယ်ယူသူမရှိသလောက်ဖြစ်နေ
- မေ၁၉ - ပြည်တွင်းဆန်စပါးစျေးကွက်မှာ ဝယ်လိုအားနည်းတဲ့အတွက် နွေစပါးအသစ်စျေးကွက် ကျဆင်းနေသလို မိုးစပါးအဟောင်းစျေးကွက်လည်း ကျဆင်းနေတယ်လို့ သိရပါတယ်။ - စပါးစျေးကွက် ကျဆင်းနေတဲ့အပြင် စပါးဝယ်ယူသူလည်း ရှားနေတာကြောင့် မိုးစပါးသို လှောင်ထားသူတွေနဲ့ နွေစပါးစိုက်တောင်သူတွေမှာ အခက်ကြုံနေရပါတယ်။ - ပြည်ပကို ဆန်တင်ပို့မှုလျော့ကျတဲ့အတွက် ဆန်ကုန်သည်ကြီးတွေနဲ့ ဆန်စက်ပိုင်တွေကလည်း ဆန်၊ စပါးဝယ်ယူမှု ရပ်နားခြင်း၊ ပမာဏကိုလျော့ချဝယ်ယူခြင်းကြောင့် စပါးစျေးကွက်က ပျက် ပြီး စျေးတန်းကျဆင်းနေတာဖြစ်တယ်လို့ သိရပါတယ်။ - "စပါးက အများကြီး မဝယ်ဘူး။ အရင်ဆိုရင် စပါးကြိုက်ရက် ရသလောက်စပါးအကုန်ဝယ် တယ်။ အခုတော့ စပါးက တစ်ရက်မှာ နည်းနည်းပဲဝယ်တယ်။ အများကြီးမဝယ်ရဲဘူး။ ရောင်းချင်တဲ့သူတွေက များတယ်။ စျေးကလည်းမကောင်းပါဘူး။ ဝယ်တဲ့အခါ လယ်သမားကို စပါးစျေး ပြောရတာတောင် အားနာရတယ်။" လို့ ပဲခူးတိုင်းမှာ စပါးဝယ်ယူတဲ့ ပွဲစားဖြစ်သူက ပြောပါတယ်။ - လက်ရှိဖြစ်ပေါ်နေတဲ့ စပါးစျေးနှုန်းတွေက နွေစပါးဆိုရင် အညာသားစပါးက အစို ၊ အခြောက် အပေါ်လိုက်ပြီး အမြင့်ဆုံး ၁၄ သိန်းကျပ်လောက်အထိသာ စျေးရရှိနေတယ်လို့ သိရပါတယ်။ - GW 11 စပါး၊ ဆာဖိုးသာ၊ ဗီယက်နမ် နဲ့ နယူးဧရာစပါးအသစ်တွေကတော့ စပါး ၁၀၀ ကိုမှ ၁၁ သိန်းကျော်ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။ - စပါးစျေးနှုန်းဟာ နေရာဒေသအလိုက် စျေးနှုန်းအပြောင်းအလဲ ကွာခြားမှုရှိနိုင်တယ်လို့ သိရ ပါတယ်။ - ပြီးခဲ့တဲ့ မိုးရာသီကထွက်ရှိခဲ့တဲ့ မိုးစပါးအဟောင်းတွေကတော့ ငွေတိုးရင်၊ မှော်ဘီ၊ နှံကောက် ၊ ကရင်မ စတဲ့ ဆန်ကြမ်းအုပ်စုဝင်စပါးတွေက စပါးတင်း ၁၀၀ ကိုမှ ၁၆ သိန်းမှ ၁၇ သိန်းကျပ် ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။ - "မိုးစပါးပေါ်ချိန်တုန်းကတောင် စက်ကျစပါးစျေး ၁၆ သိန်း ၃၀၀၀၀ ရှိခဲ့တယ်။ အခုက ၁၆ သိန်းကိုတောင် ဝယ်သူကမရှိဘူးဆိုတော့ ကျွန်တော်တို့မိုးစပါးလှောင်ထားသူတွေ ရှုံးနေပြီ။ စပါးစိုက်ရမှာကိုတောင် ကြောက်မိတယ်။ စပါးစျေးသာမတက်တာ ကျန်တဲ့သွင်းအားစုအလုပ်သမားခ အကုန်တက်နေပြီ။"လို့ တောင်သူတစ်ဦးက ပြောပါတယ်။ - လက်ရှိမှာ စပါးကို ဝယ်ယူသူမရှိတဲ့အပြင် စျေးတန်းပါကျဆင်းနေတာကြောင့် နွေစပါးစိုက် တောင်သူတွေလည်း အရှုံးနဲ့ရင်ဆိုင်နေရသလို မိုးစပါးသိုလှောင်ထားသူတွေလည်း အရှုံးနဲ့ကြုံ နေရတယ်လို့ သိရပါတယ်။ - ပြီးခဲ့တဲ့နှစ်တုန်းက ယခုလိုကာလမှာ မိုးစပါးအဟောင်းစျေးကွက်အနေနဲ့ ဝယ်လိုအားရှိပြီး စပါးတင်း ၁၀၀ ကို အနိမ့်ဆုံး ၂၂ သိန်းအထိရှိခဲ့သလို နွေစပါးစျေးသည်လည်း စက်ကျ စ ပါးကို ၁၆ သိန်းဝန်းကျင်အထိရှိခဲ့တယ်လို့ သိရပါတယ်။ - AMIA - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
