cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကညွတ်ပင် အကြောင်း သိကောင်းစရာ

. စိုက်ပျိုးနည်းစနစ်များ
သက်နုကညွတ်ပင်များ နှစ်နှစ်သား သို့မဟုတ် သုံးနှစ်သားအရွယ်မှာ ကညွတ် အစို့ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့်သာ ဖြတ်ယူသင့်ပါတယ်။ သုံးနှစ်သားကျော်လျှင်တော့ တစ်နှစ်အတွင်း လေးကြိမ် သို့မဟုတ် ငါး ကြိမ် အထိ ဖြတ်ယူနိုင်ပါတယ်။
  • ကညွတ်ပင်တို့ကို အထက်မြန်မာ ပြည်မှာ တွေ့ရနည်းပါးပြီး၊ စွတ်စိုထိုင်းမှိုင်းသော အရပ်ဒေသများ၊ တောင်ပေါ်ဒေသ များနှင့် အေးသော အရပ်ဒေသများမှာ စိုက်ပျိုး ဖြစ်ထွန်းနိုင် ပါတယ်။ သဘာဝအလျောက် ပေါက်ရောက်နိုင်ပြီး (က)မျိုးစေ့ ပျိုးထောင်ခြင်း၊ (ခ)စိုက်ပျိုးခြင်း၊ (ဂ)ပြုစု ဂရုစိုက်ခြင်း၊ (ဃ)ရိတ်သိမ်းခြင်း စတဲ့ နည်းတို့ဖြင့် စိုက်ပျိုးနိုင်ပါတယ်။

    (က) မျိုးစေ့ ပျိုးထောင်ခြင်း

    အစေ့မှ ပျိုးထောင်ပါက တစ်နှစ်ခန့် ပျိုးထောင်ပေး ရပါ့မယ်။ အစေ့မှ အပင်ပေါက်ရန် ရက်သတ္တ နှစ်ပတ်မှ ခြောက်ပတ် ကြာတတ်ပါတယ်။ ၃၀ ဒီဂရီစင်တီ ဂရိတ် အပူရှိန်ရှိတဲ့ ရေထဲမှာ သုံးမိနစ် သို့မဟုတ် လေးမိနစ် ခန့်ကြာ စိမ်ပြီး စိုက်ပျိုး ခြင်းဖြင့် လေးရက်သို့မဟုတ် ငါးရက် အတွင်း အပင်ပေါက်နိုင်ပါတယ်။ ပျိုးခင်းဘောင် များကို နှစ်ပေ သို့မဟုတ် သုံးပေ ခွာပြုလုပ်၍ ထိုဘောင်များပေါ်မှာ မျိုးစေ့ကို သုံးလက်မ သို့မဟုတ် လေးလက်မခြားစီ အကွာအဝေးထား၍ ပျိုးကြဲပေးသင့်ပါတယ်။

    (ခ) စိုက်ပျိုးခြင်း

    မြေဆွေးသြဇာဓာတ် များတဲ့ မြေကို ထွန်ယက်ပြုပြင်ပြီးနောက် အကျယ် သုံးပေအနက် တစ်ပေရှိတဲ့ စိုက်မြောင်းများကို လေးပေစီခွာ၍ တူးဖော်ပါ။ ပြီးရင် ၎င်း စိုက်မြောင်းထဲသို့ တစ်နှစ်သားအရွယ်ရှိ ပျိုးပင်ကို အမြစ်အုံမနာစေဘဲ မိုးဥကျအချိန်မှာ စိုက်ပေးရမှာပါ။

    (ဂ) ပြုစု ဂရုစိုက်ခြင်း

    ပေါင်းသင် မြေဆွခြင်း လုပ်ငန်းတွေကို မကြာမကြာ ပြုလုပ်ပေးရပါ့မယ်။ ကညွတ်ရိုးကို ဖြူအောင်ပြုလုပ်တဲ့အခါ ဥတက်များပေါ်တွင် အညှောင့်များ မထွက်မီ ထယ်ထိုး၍ မြေဖို့ထားပေးပါ။

    (ဃ) ရိတ်သိမ်းခြင်း

    သက်နုကညွတ်ပင်များ နှစ်နှစ်သား သို့မဟုတ် သုံးနှစ်သားအရွယ်မှာ ကညွတ် အစို့ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့်သာ ဖြတ်ယူသင့်ပါတယ်။ သုံးနှစ်သားကျော်လျှင်တော့ တစ်နှစ်အတွင်း လေးကြိမ် သို့မဟုတ် ငါး ကြိမ် အထိ ဖြတ်ယူနိုင်ပါတယ်။ ကညွတ်ပင် နှင့်ကျန်းမာရေး ကညွတ်ပင်ဟာ မိုးဦးကျ ရာသီစာ ဟင်းသီးဟင်းရွက် ဖြစ်ကာ တန်ဖိုးလည်း ကြီးမြင့်တာကြောင့် အမြတ်တနိုးဝယ်ယူ စားသုံးကြရ ပါတယ်။ ချိုစိမ့်သော အရသာရှိပြီး အပင်စို့ပေါက်ကို ပြုတ်၍လည်းကောင်း၊ ဓားပြားရိုက်၍လည်းကောင်းကြော်ချက်၍ စားသုံးနိုင်ပါတယ်။ အဖူးကို ရေနွေးဖျော၍ ချဉ်ရည်ချက်စားနိုင်ပါတယ်။ အပူပေး ချက်ပြုတ်စားခြင်းထက် အစိမ်းလိုက်စားခြင်းက ပိုမိုဆေးစွမ်းထက်မြက်စေပါတယ်။ အဖြူနှင့် အစိမ်း နှစ်မျိုးရှိရာ အစိမ်းရောင် ကညွတ်က ပိုမိုဆေးဘက်ဝင်ပါတယ်။

    (၁) မြန်မာ့ ဆေးကျမ်း၏ အဆိုအရ ကညွတ်သည် ချိုဆိမ့်၏၊ ခါး၏၊ ကြေကျက် သွားသောအခါ ချို၏၊ ခွန်အားနှင့် ပညာကိုပြုတတ်၏၊ ဝမ်းမီးကိုတောက်စေ၏၊ ဝဖြိုးစေ၏၊ ပြေပြစ်၏၊ သုတ်၊ နို့ရည်ကို ပွားစေတတ်၏၊ နှလုံးရောဂါ၊ ဝမ်းသက်၊ သွေးအန်၊ သွေးကျ၊အဆုတ်နာ တို့ကို ပျောက်ကင်း စေတတ်၏ဟု ဖော်ပြထားပါတယ်။

    (၂) အရွက်၊ အပင်၊ အစို့၊ အမြစ်(ဥ)၊ အသီး အားလုံးဆေးဖက်ဝင်ကြပြီး၊ အထူးသဖြင့် အစို့နှင့်အမြစ်(ဥ)တို့က ပို၍အသုံးတည့် လှပါတယ်။

    (၃) ကညွတ်ထဲတွင် လူကို ဘေးဖြစ် စေတတ်သောကိုလက်စထရောနှင့် အဆီ လုံးဝကင်းစင် ရုံသာမက ဗီတာမင်နှင့် သတ္တုဓာတ်တို့ <ကယ်ဝတာကြောင့် လူသားတို့ ကျန်းမာရေးကို လွန်စွာအထောက်အကူ ဖြစ် စေပါတယ်။

    (၄) ကညွတ်ထဲတွင် asparagine (ခေါ်) အမိုင်နို အက်ဆစ် တစ်မျိုးပါရှိသဖြင့် ဆီးရွှင်ဆေး အဖြစ် အသုံးဝင်ပါတယ်။ ဆီးပူ၊ ဆီးအောင့်နှင့် သည်းခြေရောဂါများအတွက် အပင်မြစ်ကို ရေဖြင့် ငါးခွက် တစ်ခွက်တင်ကြို၍ ပျားရည်၊ သကြားခဲတို့ဖြင့် ရောသောက်ပါ။ အဆိပ်အမျိုးမျိုး သင့်သော ရောဂါနှင့် ဆီးကျောက်တည်ခြင်းအတွက် အပင်မြစ်ရည်ကို နွားနို့ဖြင့် ဆတူရော သောက်ပါ။

    (၅) ကညွတ်ထဲရှိ ဓာတ်ပေါင်းစု များဟာ ခန္ဓာကိုယ် ရောင်ရမ်းနာအမျိုးမျိုးနှင့် ပန်းနာရင်ကျပ်ဝေဒနာတို့ကို ကောင်းကျိုး ပြုပါတယ်။ (၆) အမေရိကန်နိုင်ငံရှိ UCLA Medical Center မှ အစားအစာသုတေသီများ၏ ကောက်နှုတ်ချက်အရ အစာချေစနစ်ကို ကောင်းမွန်စေကာ ဝမ်းဗိုက်မှအဆီကျ စေပါတယ်တဲ့။

    (၇) ကညွတ်ပင်ထဲမှာ ဗီတာမင်ကေနှင့်Osteocalcin ခေါ် အရိုးတစ်ရှူး အတွက် ပရိုတင်း အားဖြည့်ဓာတ် တစ်မျိုး ပါရှိ၍ အရိုးပွခြင်းနှင့် အရိုးအဆစ် ရောင်ရမ်းနာ များကိုကာကွယ်ပေးပါတယ်။

    (၈) ဖောလိပ်နှင့်ဗီတာမင်ဘီ ဓာတ်ပေါင်းစု ပါရှိခြင်းတို့ကြောင့် နှလုံးကို ကျန်းမာစေပါတယ်။ နှလုံးရောဂါတို့ အပြင် နှလုံးနှင့်ပတ်သက်သော လေဖြတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

    (၉) အမျိုးသမီးအများစုမှာ သားဖွား ပြီးနောက် ဖောလိပ်ဓာတ်ချို့ယွင်း၍ ကျောရိုး နာဗ့်ကြောရောဂါ ခံစားရလေ့ ရှိပါတယ်။ ထိုပြဿနာမှ ကင်းဝေးအောင် ကိုယ်ဝန်သည်များနှင့် သားသမီးယူရန်အစီအစဉ်ရှိသော မိခင်လောင်းများအနေဖြင့် ဖောလိတ် ကြွယ်ဝသော ကညွတ်ကို ကြိုတင် စားပေးသင့်ပါတယ်။ ဒါ့ပြင် မျိုးအောင်သော ဆဲလ်များကို အထောက်အပံ့ပေးကာ လမစေ့ခင် ကလေးမီးဖွားခြင်း နှင့် အာရုံကြော အားနည်းခြင်း တို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

    (၁၀) သွေးထဲရှိ သကြားပမာဏကို မျှခြေဖြစ်စေတာကြောင့် သွေးချို ရောဂါသည်များ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။

    (၁၁) ဗီတာမင်အေ <ကယ်ဝသော အစိမ်းရောင်ကညွတ်ကို စားသုံးပေးခြင်း ဖြင့် မျက်စေ့အတွင်းတိမ်နှင့် အမြင်အာရုံထဲတွင် အမည်းစက်ပြောက်များ မြင်ခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။

    (၁၂) Glutathione ခေါ် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတစ်မျိုး ပါရှိခြင်းကြောင့် အရေပြားကို ကောင်းကျိုးပြုကာ နေလောင်ခြင်းနှင့်အသက်ကြီးလာ၍ အသားအရေ ညစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

    (၁၃) ကညွတ်ထဲရှိ အကျိုးပြု ဓာတ်ပေါင်းစုများဟာအမှတ်-၂ ဆီးချို ရောဂါကို ကာကွယ်ပေးပါတယ်။

    (၁၄) သွေးပေါင်မြင့်တက်ခြင်းမှ ထိ ရောက်စွာ ကာကွယ်ပေးနိုင်တဲ့အတွက်သွေးတိုး ရောဂါသည်များ စားပေးသင့်ပါတယ်။

    (၁၅) အမျှင်ဓာတ် အရင်းအမြစ် ကြွယ်ဝသော ကညွတ်ကို စားသုံးခြင်းဖြင့်အစာကေ၊ျ လေကျေစေပြီး ကိုယ်ခံ စွမ်းအားကို တိုးတက်မြင့်မားလာစေ ပါတယ်။

    (၁၆) Inulin ခေါ် ကစီဓာတ်တစ်မျိုး ပါရှိတာကြောင့် ဝမ်းမချုပ်စေဘဲ အူကို သန့်စင်စေကာ အူမကြီးကင်ဆာ မဖြစ်စေတော့ပါဘူး။ ဒါ့ပြင် ဓာတ်တိုး ဆန့်ကျင် ပစ္စည်းများ အလုံအလောက်ပါရှိတဲ့အတွက် ဆီးအိမ်၊ ရင်သား၊ အဆုတ်၊ မမျိုးဥနှင့် အမျိုးသားများဆီးကျိတ် (သုတ်ရည်ဂလင်း) ကင်ဆာတို့မှ ထိထိရောက်ရောက် ကာကွယ်ပေး ပါတယ်။

    (၁၇) ကညွတ်ပင်၏ ပုံသဏ္ဌာန်ဟာအထီးလိင်အင်္ဂါနှင့် ခပ်ဆင်ဆင် တူနေတာကြောင့် ပြင်သစ် ဘာသာစကားအရ ကညွတ်ကို asperge (ဝါ) ကျားလိင်အင်္ဂါဟု ခေါ်လေ့ရှိပြီး သဘာဝ ကျားခွန်အားဖြစ် စေသဖြင့် အမျိုးသားများ အားထား လောက်တယ်ဟု ညွှန်းဆို ထားပါတယ်။

    (၁၈) ကညွတ်စားပါ သို့မဟုတ် ကညွတ်ဥအမြစ်ကို နွားနို့နှင့်အတူ နို့ထမင်း ကဲ့သို့ ပြုလုပ်စားပေးပါက ကာမ အားတိုး၍ သုတ်ပွားစေပါတယ်။

    (၁၉) ကညွတ်ထဲမှာglumatic glycine နှင့် cysteine ဟူသော အစွမ်း ထက်မြက်သည့် အမိုင်နို အက်ဆစ် သုံးမျိုးပါရှိနေတာကြောင့် အရွယ် တင်နုပျိုစေပါတယ်။

    (၂၀) ဒါ့ပြင် ဒူလာပါဒရက်၊ လေးဘက်နာ၊ ဖောယောင်ခြင်း၊ ဝမ်းသွန်ခြင်း၊ သွေးလုံး၊လေလုံး ရောဂါတို့အတွက်လည်း ကညွတ်ပင်က အစွမ်းထက်မြက်ပါတယ်။

    (၂၁) ချောင်းခြောက်ရောဂါအတွက် ကညွတ်ဥ၊ မယားကြီးရွက်၊ သကြားခဲတို့ဖြင့် ရော၍ သောက်ပေးပါ။

    (၂၂) အိပ်မပျော်ခြင်းအတွက် နွားနို့နှင့် ကညွတ်ဥမှုန့်တို့ကို နို့ထမင်းလုပ်၍ ထောပတ်ဖြင့် ရောစားပေးပါ။

    (၂၃) လေဖျင်းရောဂါ အတွက် ကညွတ်ဥအရည်နှင့် ဆင်တုံးမနွယ်အရည် တို့ကို ဆတူရော၍ ထန်းလျက်ဖြင့်ရော သောက်ပါ။

    (၂၄) အဆစ်အမြစ် ရောင်ကိုက်ခြင်း စသော တစ်ကိုယ်လုံးဖောက်ပြန်သော လေရောဂါအတွက် ကညွတ်ဥအရည်ကို ခပ်ပျစ်ပျစ် ကြိုချက်၍ ရလာသော အနှစ်ရည်ဖြင့်ခန္ဓာကိုယ်အနှံ့ လိမ်းကျံပေးပါ။ (ဆေးအရည်ကုန်၍ အပေါ်ယံ အဆီဝေ့ လာသည် အထိ ချက်ပေးရမှာပါ)

    (၂၅) သွေးအန်ခြင်းအတွက် ကညွတ် ဥ အစိုကို နွားနို့နှင့်ကြိတ်၍ အဖတ်များကို စစ်သောက်ပါ။ ၎င်းသတ္တုရည် (ကညွတ်ဥကြိတ်ရည်)ဖြင့် ချက်ထားသော ထောပတ်ကိုလည်း စားပေးပါ။

    (၂၆) ခေါင်းကိုက် ရောဂါအတွက် ကညွတ်ဥ လတ်လတ်ဆတ်ဆတ်ကို ထုချေ၍ ရလာသော၎င်းသတ္တုရည် (ကညွတ် ဥကြိတ်ရည်)ကို နှမ်းဆီဖြင့် အလေးချိန် ဆတူ ရော၍ချက်ပါ။ ထိုအဆီကို ခေါင်းတွင် လိမ်းကျံပေးပါ။ သို့မဟုတ် ခေါင်းပူ ခေါင်းကိုက်ခြင်းအတွက် ကညွတ်ဥ ကြိတ်ရည်ကို ပျားရည်နှင့် နွားနို့ရော၍ နံနက်အိပ်ယာထ သောက်ပေးပါ။

    (၂၇) အသံဝင်၊ အသံပျက်ခြင်းတို့ အတွက် ကညွတ်အမြစ်ဥ၊ ရွှေတံတိုင်း (ဝက်ချီးပနှဲပင်အမြစ်)၊ သကြား၊ ပျားရည် တို့ဖြင့် လျှက်ပါ။

    (၂၈) အရက်မူးလွန်ခြင်းအတွက် ကညွတ်ဥရည်၊ နွယ်ချိုမှုန့်၊ နွားနို့တို့ကို ရောချက်၍ ရလာသောအနှစ်ကို သောက်ပါ။

    (၂၉) အဆစ်ရောင် ရောဂါအတွက် သတ္တုရည်(ကညွတ်ဥကြိတ်ရည်) နှစ်ပိဿာခွဲ၊ လှီးဖြတ်ထားသော ကညွတ်ဥ ၉၅ ကျပ်သား၊ နွားနို့နှစ်ပိဿာခွဲ၊ ထောပတ် ၆၅ ကျပ်သား တို့ရော၍ သောက်ပေးပါ။

    (၃၀) အမျိုးသမီးများ ရောနိ(မအင်္ဂါဇာတ်) ပူခြင်း၊ ကြေးညိုရောင်အဆင်းရှိသော မီးယပ်သွေးပျက်များ ဆင်းခြင်းအတွက် ကညွတ်အမြစ်ဥပြုတ်ရည်ကို မကြာခဏ သောက်ပေးပါ။

    (၃၁) နို့တိုက်မိခင်များ နို့ရည်လှိုင် လှိုင်ထွက်စေဖို့အတွက် ကညွတ်ဥမှုန့်ကို နွားနို့ဖြင့် ရောသောက်ပေးသင့်ပါတယ်။

    (၃၂) ဝက်ရူးပျံရောဂါ ရှိသူများအား ကညွတ်ဥမှုန့် ၁၂ ပဲသားကို နွားနို့ဖြင့်ရော၍ တိုက်ကျွေးပေးနိုင်ကြောင်း ရေးသားလိုက် ရပါတယ်။

    - ပေါက်ပေါက်

    မြန်မာတောင်သူကြီးများ ဂျာနယ် မှထုတ်နုတ်ဖေါ်ပြထားပါတယ်

    -----------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
4
comments
0
views
3406