လိုင်ချီးသီးမှ ရရှိသော ကျန်းမာရေးအကျိုးကျေးဇူး (၁၀) မျိုး
အရသာရှိလှတဲ့ လိုင်ချီးသီးတွေကို စားရတာက ရေငတ်ပြေစေပါတယ်။ ဘဲဥပုံ ဒါမှမဟုတ် အသည်းနှလုံးပုံရှိပြီး အတွင်းသားမှာ အဖြူရောင်ရှိတဲ့ ဂျယ်လီ အမျိုးအစား ဖြစ် ပါတယ်။ လိုင်ချီးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ပါဝင်နေပါတယ်။
(၁) ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ ကိုလက်စထရော ပါဝင်မှုလည်း နည်းပါတယ်။
(၂) လိုင်ချီးသီးမှာ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်များ တဲ့ သူတွေအနေနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်အောင် လိုင်ချီးသီးကို စားသင့်ပါတယ်။
(၃) လိုင်ချီးသီးမှာပါတဲ့ အိုလီဂိုနောဆိုတဲ့ အင်တီအောက်ဆီးဒင့်ဟာ တုပ်ကွေးဗိုင်းရပ်စ် ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းစေ ကာ ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် အသားအရေကို ခရမ်းလွန် ရောင်ခြည်ကြောင့် မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၄) လိုင်ချီးသီးမှာ နိုင်ယာစင်၊ သိုင်ယာမင်နဲ့ ဖောလိတ်စတဲ့ ဗီတာမင်ဘီ အုပ်စုကောင်းကောင်း ပါဝင်ပါတယ်။ ဒီ ဗီတာမင်တွေက ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်း စတာတွေကို ကောင်းကောင်း ချေဖျက်ပေးနိုင်ပါတယ်။
(၅) လိုင်ချီးသီးမှာ ပိုတက်စီယမ်နဲ့ ကြေးနီ (Copper) များများ ပါဝင်ပါတယ်။ ပိုတက်စီယမ် ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး သွေးဖိအားနဲ့ နှလုံးခုန်နှုန်းကို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြော ရောဂါနဲ့ လေဖြတ် ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကြေးနီဟာ သွေးနီဥ ထုတ်လုပ်မှုအတွက် လိုအပ်ပါတယ်။
(၆) လိုင်ချီးသီးဟာ အရိုးတည်ဆောက် ကြီးထွားမှုအတွက် အရေးပါတာကြောင့် ကြီးထွားဖွံ့ဖြိုးနေဆဲ ကလေးတွေအတွက် ကောင်းမွန်ပါတယ်။
(၇) လိုင်ချီးသီးကို စားပေးတာက အသားအရေကို လှပစေပါတယ်။
(၈) သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။
(၉) ဖျားနာနေတဲ့ သူတွေဟာ လိုက်ချီးသီး စားပေးရင် သက်သာစေနိုင်ပါတယ်။
(၁ဝ) လိုင်ချီးသီး စားတာက နာကျင်မှုကို လျော့ကျစေပြီး ဂလင်းတွေ ရောင်ရမ်းမှုကို သက်သာစေပါတယ်။ လတ်ဆတ်တဲ့ လိုင်ချီးသီးတွေကို အခန်း အပူအချိန်မှာ ထားရင် ငါးရက်လောက်အထိ ထားလို့ရပါတယ်။
Good Health Source မှ ကိုးကားဖော်ပြသည်။
--------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857