cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးရာသီနှင့်လိုက်ဖက်သည့် ကရင် မျှစ်တာလပေါ့ဟင်း ချက်ပြုတ်နည်း

. တန်ဖိုးမြှင့် ထုတ်ကုန်များ
ရွှေဖရုံညွန့်၊ ဘူးညွန့်၊ ပဲညွန့်၊ ရွှေဖရုံသီး၊ ဒညင်းသီး၊ မှို၊ အင်ဥ စသည့် အသီးအရွက်များကို စိတ်တိုင်းကျ ထည့်နိုင်ပါသည်။ အသီးအရွက်များ ကျက်လုနီးပါးဖြစ်ပါက ဆူးပုတ်ရွက်နှင့် ပင်စိမ်းအုပ်၍ စားသုံးနိုင်ပါပြီ။
  • ပါဝင်ပစ္စည်းများ 

    မျှစ် - ၅ ချောင်းခန့်

    စပါးလင် - ၂ ပင်ခန့်

    ဆန် - လက်တဆုပ်ခန့်

    ဟင်းခတ်မှုန့် - မြင်းခေါင်းဇွန်းဝက်

    မျှင်ငပိ - မြင်းခေါင်းဇွန်းဝက်ခန့်

    ဆား - လက်ဖက်စားဇွန်း (၂) ဇွန်း‌ခန့်

    ပုဇွန် - ၁၀ သားခန့်

    ရွှေဖရုံညွန့်၊ ဘူးညွန့်၊ ပဲညွန့်၊ ရွှေဖရုံသီး၊ ဒညင်းသီး၊ မှို၊ အင်ဥ စသည့် အသီးအရွက်များကို စိတ်တိုင်းကျ ထည့်နိုင်ပါသည်။ 

    ချက်ပြုတ်နည်း

    - မျှစ်ကို မချက်ခင် ခပ်ပါးပါးလှီး၍ (၂) နာရီခန့် ရေစိမ်ပါ။

    - ရေစိမ်ထားသောမျှစ်ကို တစ်ရေပြုတ်၍ သွန်ပါ။ (မျှစ်စိမ်းသည် ခါးသက်သက်အရသာရှိ၍ ဖြစ်သည်)

    - ရေ (၂) လီတာခန့်ကို ပွက်ပွက်ဆူအောင်တည်ပါ။

    - စပါးလင် (၂) ပင်ခန့်ကို ဓားပြားရိုက်၍ ထည့်ပါ။ ပြီးနောက် မျှစ်ထည့်ပါ။

    - ဆန်လက်တဆုပ်ခန့်ကို ရေစိမ်၍ စကာဖြင့်စစ်ပါ။ ပြီးနောက် ငရုတ်ဆုံဖြင့်ထောင်းပြီး ရေအနည်းငယ်ဖျော်၍ ဟင်းအိုးထဲထည့်ပါ။

    - ဟင်းခတ်မှုန့် မြင်းခေါင်းဇွန်းဝက်ခန့်ထည့်ပါ။

    - မျှင်ငပိ မြင်းခေါင်းဇွန်းဝက်ခန့်ထည့်ပါ။

    - ဆား လက်ဖက်စားဇွန်း (၂) ဇွန်းခန့်ကိုထည့်၍ မွှေပါ။

    - ရွှေဖရုံညွန့်၊ ဘူးညွန့်၊ ပဲညွန့်၊ ရွှေဖရုံသီး၊ ဒညင်းသီး၊ မှို၊ အင်ဥ စသည့် အသီးအရွက်များကို စိတ်တိုင်းကျ ထည့်နိုင်ပါသည်။

    - အသီးအရွက်များ ကျက်လုနီးပါးဖြစ်ပါက ဆူးပုတ်ရွက်နှင့် ပင်စိမ်းအုပ်၍ စားသုံးနိုင်ပါပြီ။(အစပ်ကြိုက်ပါက ငရုတ်သီး အနည်းငယ်ထောင်း၍ ထည့်ပါ။)

    Referece - Food Villa

    -----------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
6
comments
0
views
2576