cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုက်ပျိုးစရိတ်လိုအပ်သည့် တောင်သူများ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ ရယူနိုင်ဟုဆို

. ရွက်ဖျန်းမြေဩဇာ
မိုးရာသီစိုက်ပျိုးချိန်အမီ ချေးငွေရယူလိုသူများအနေဖြင့် ယခုမေလကုန်ပိုင်းမှ စတင်ကာ ယခင်နှစ် များနည်းတူ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမှာဖြစ်ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များရှိ ဘဏ်ခွဲများမှတဆင့် ထုတ်ချေးနိုင်တယ်လို့ သိရပါတယ်။
  • ယခု ၂၀၂၅ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးစရိတ် လိုအပ်နေသည့် တောင်သူများအနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ရယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရပါတယ်။

    ချေးငွေရယူရာမှာ ယခင်ချေးငွေကျေသည့် တောင်သူများ အနေဖြင့် ချေးငွေအသစ်ကို ထုတ်ချေးခွင့်ရရှိမှာဖြစ်သလို အသစ်ချေးယူလိုသည့် တောင်သူများအနေဖြင့်လည်း နှစ်တို၊ နှစ်ရှည် ဖွံ့ဖြိုးရေးချေးငွေများကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

    ဒါကြောင့် မိုးရာသီစိုက်ပျိုးချိန်အမီ ချေးငွေရယူလိုသူများအနေဖြင့် ယခုမေလကုန်ပိုင်းမှ စတင်ကာ ယခင်နှစ် များနည်းတူ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမှာဖြစ်ပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များရှိ ဘဏ်ခွဲများမှတဆင့် ထုတ်ချေးနိုင်တယ်လို့ သိရပါတယ်။

    အဆိုပါ ချေးငွေကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မြန်မာ နိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားဦးကြီးများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပြီး တောင်သူများမှလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများကို အချိန်မီ ပြန်လည် ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့် တောင်သူဦးကြီးများအကြား နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

    Myanmar Future News မှ ကူးယူဖော်ပြပါသည်။

    ရန်ကုန်။ ၂၀၂၅၊ မေ ၂၁ ရက်

    -------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
13
comments
3
views
2803