cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တိုင်းဒေသကြီးများအလိုက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်

. ဉာဏ်စမ်း
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာ မေလ ၂၆ ရက်နေ့မှ စ တင်ပြီး လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်လာရန်ရှိပါတယ်၊ ပင်လယ်ပြင်မှာလဲ လေတိုက်နှုန်းပြင်းထန်ပြီး လှိုင်းကြီးနိုင်မည့်အခြေအနေတွေကို မေလ ၂၃ - ၂၄ ရက်နေ့များမှာ စတင်ကြုံတွေ့ရနိုင်ပါတယ်။
  • ၂ဝ၂၅ ခုနှစ်၊ မေလ ၂၁ ရက် မှ ၂၇ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် 

     ရန်ကုန်တိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၉) ရာခိုင်နှုန်း မှ (၉၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ၂၂၊ ၂၃၊ ၂၄ ရက်တွေ မှာတော့ မိုးရွာရန် ၉၀ ရာခိုင်နှုန်း နှင့် အထက်မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။    

    မန္တလေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀) ရာခိုင်နှုန်း မှ (၈၄) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ၂၁၊၂၂၊ ၂၃၊ ၂၄ ရက်တွေ မှာတော့ မိုးရွာရန် ၄၀ ရာခိုင်နှုန်း သာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၆°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။    

    နေပြည်တော် အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀) ရာခိုင်နှုန်း မှ (၉၂) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ၂၁၊၂၂၊ ၂၅ ရက်တွေ မှာတော့ မိုးရွာရန် ၉၀ ရာခိုင်နှုန်း နှင့် အထက် မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၈°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။ 

    တောင်ကြီး အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၅) ရာခိုင်နှုန်း မှ (၉၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနိုင်ပါတယ် ခင်ဗျာ။။ 

    မကွေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅) ရာခိုင်နှုန်း မှ (၈၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၇°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ    

    ဧရာဝတီတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၉) ရာခိုင်နှုန်း မှ (၉၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ၂၁၊၂၃၊ ၂၄၊ ၂၅ ရက်တွေ မှာတော့ မိုးရွာရန် ၉၀ ရာခိုင်နှုန်း နှင့် အထက် ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။    

    ထူးခြားသောမိုးလေဝသအခြေအနေ 

    ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာ မေလ ၂၆ ရက်နေ့မှ စ တင်ပြီး လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်လာရန်ရှိပါတယ်၊ လေဖိအားနည်းရပ်ဝန်း စတင်နိုင်မဲ့ ပင်လယ်ပြင်က တည်နေရာပေါ်မူတည်ပြီး မြန်မာနိုင်ငံနေရာဒေသအလိုက် မိုးသက်လေပြင်းကျခြင်း၊ မိုးများခြင်း(၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအထက် ရွာသွန်းခြင်း)တွေဖြစ်လာနိုင်သလို ပင်လယ်ပြင်မှာလဲ လေတိုက်နှုန်းပြင်းထန်ပြီး လှိုင်းကြီးနိုင်မည့်အခြေအနေတွေကို မေလ ၂၃ - ၂၄ ရက်နေ့များမှာ စတင်ကြုံတွေ့ရနိုင်ပါတယ်။ 

    Source goes to : U Win Naing

    Administration Team, MMWEATHER,

    https://www.mmweather.org/home

    Source goes to :https://www.accuweather.com/

     စိုက်ပျိုးရေးဆိုင်ရာ ဆိုင်ရာအကြံပြုချက်  

    • လက်ရှိ မိုးများရွာသွန်းနေပြီဖြစ်တာကြောင့် မိုးစပါးအတွက် ကြိုတင်ထွန်ရေးပြင်ရာတွင် လိုအပ်သောနည်းလမ်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 
    • ထွန်စက်ကြီးများနှင့်လည်း ထယ်ရေးမှုန့်ညက်နေအောင် ပြုပြင်ပါ ၊ မြင့်ရာမှ နိမ့်ရာသို့ ကြမ်းတုံးရိုက် မြေညှိပေးပါ။ 
    • နောက်ဆုံးထွန်ရေးမတိုင်ခင် မြေဆွေး၊နွားချေးထည့်ပြီးနှံ့အောင်ထွန်ယက်ပေးပါ။ 
    •  မေလကုန်၊ ဇွန်လဆန်းတွင် မိုးအခြေအနေကိုစောင့်ကြည့်ပြီးနောက် စပါးအပင်ပေါက်ရာခိုင်နှုန်း (၈၅%) ရှိတဲ့မျိုးကို ထယ်ရေးအခြောက်ထဲမှာ ကြဲပက်စိုက်ပျိုးနိုင်ပါတယ်။ 
    •  ပြီးနောက် ကြဲပက်လိုက်တဲ့မျိုးစေ့များကို ထွန်နဲ့ခပ်ပါးပါးမောင်းပြီးဖုံးပေးပါ။ 
    • မိုးစပါးအတွက် ပေါင်းမပေါက်ခင် ပေါင်းအုပ်ဆေးအသုံးပြုလိုပါက အစိုကြဲ၊ အခြောက်ကြဲခင်းများအတွက် Pendimethalin ကိုရွေးချယ်နိုင်ပါတယ်။ 
    • သမန်းစိုက်ခင်းများအတွက် Pretilachlor ကိုရွေးချယ်ပါ။ 
    • ပေါင်းအုပ်ဆေးများကို စပါးကြဲပြီးပြီးချင်း (သို့မဟုတ်) စိုက်ပြီး ၁-၂ ရက်အတွင်း ၊ စိုက်ခင်းအစိုဓာတ် (၇၀-၈၀ %) ရှိချိန်အသုံးပြုဖို့လိုပါတယ်။ 

    မိုးရာသီရောက်လာချိန် ရေကြီးရေလျှံတာတွေ ဖြစ်တတ်တာမို့ ငါး/ပုစွန်တောင်သူဦးကြီးများ အနေနဲ့ အောက်ပါအချက်လေးတွေ ဆောင်ရွက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ- 

    • ငါးမွေးမြူရေးကန်တွေ ကန်ပေါင်ပါးတဲ့/နိမ့်တဲ့နေရာတွေမှာ သဲအိတ်တွေဖို့ပြီး ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားရန်၊ 
    • ရေကြီးရေလျှံလာတဲ့အခါ ငါးတွေ လွတ်ထွက်မှုမရှိစေဖို့အတွက် ဇာပြာ ပိုက်တွေနဲ့ကာရံထားရန်၊ 
    • ရေစီးကြောင်းနဲ့နီးတဲ့ငါးကန်တွေမှာ ရေတိုက်စားမှုကာကွယ်ဖို့အတွက် တုတ်ရိုက်ပြီး ဝါးထရံတွေနဲ့ကာရံကာ သဲအိတ်တွေဖို့ထားရန်၊ 
    • ဒါ့အပြင်လိုအပ်ပါက ငါးတွေရွှေ့ပြောင်းနိုင်ဖို့အတွက် ငါးဖမ်းပိုက်တွေ၊ စက်လှေတွေနဲ့ စက်ပစ္စည်းတွေကို ကြိုတင် ပြင်ဆင်ထားရန်၊ 

    စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 


likes
7
comments
0
views
3789