cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ရှိ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ စျေးနှုန်း က အနည်းငယ်အတက်ပြ သော်လည်း ပဲစဉ်းငုံဈေးနှုန်းများ ယခင်လထက် အနည်းငယ်စျေးကျ လာတာတွေ့ရပါတယ်။ မတ်ပဲနှင့် ပဲစဥ်းငုံ စျေးနှုန်းကလက်ရှိမှာ တော့ အိန္ဒိယရဲ့ ဝယ်လိုအား အပေါ် လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။
  • ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ(အက်စ်ကျူ၊အာစီ)နဲ့ ပဲစဉ်းငုံနီ(အာစီ) တစ်တန်ဈေးနှုန်းများကို လေ့လာ သော် မတ်ပဲ(အက်စ်ကျူ၊ အာစီ)ဈေးနှုန်းမှာ ၃,၃၅၄,၀၀၀/-ကျပ်၊ ပဲစဉ်းငုံနီ (အာစီ) ဈေးနှုန်းမှာ ၂,၉၁၀,၀၀၀/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။    

    ယခင်လ (ဧပြီလ)နဲ့ ယခုလ (မေလ) နှိုင်းယှဉ်ချက်    

    ၂၀၂၅ ခုနှစ်၊ ဧပြီလ နှင့် မေလ (၂၁ ရက် နေ့ အထိ)ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ယခုလ မတ်ပဲ (အက်စ်ကျူ၊ အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများမှာ ယခင်လထက်  ၁၄,၁၇၃/-ကျပ်တက်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ပဲစဉ်းငုံနီ(အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်း ကတေ့ာ ယခင်လ နှင့် နှိုင်းယှဥ်ပါက ၂၃,၀၆၃/-ကျပ် ကျသွားပါတယ်။      

    ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း   

    ၂၀၂၅ ခုနှစ်၊ နှစ်စမှ လက်ရှိ မေလ (၂၁ ရက် နေ့ အထိ) မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများကို လေ့လာသော် မတ်ပဲ(အက်စ်ကျူ၊ အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလ တွင် ပျှမ်းမျှစျေးနှုန်းမှာ ၃,၃၈၅,၂၂၂ိ/ကျပ်၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ  ၃,၁၀၉,၅၄၂ိ/- ကျပ်၊ မတ်လတွင်   ၃၃၂၀၆၃၂ိ/-ကျပ်၊ ဧပြီလတွင် ၃,၃၅၁,၀၉၄/-ကျပ်၊ မေလ တွင် ပျှမ်းမျှစျေးနှုန်း မှာ ၂,၉၆၃,၀၆၂/ကျပ် ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။     

    ပဲစဉ်းငုံနီ(အာစီ)ဈေးနှုန်းလေ့လာသော် တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီလ တွင် ပျှမ်းမျှစျေးနှုန်းမှာ ၂,၉၆၈,၂၂၂ိ/ကျပ်၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၂,၉၇၀,၅၂၆/- ကျပ်၊ မတ်လတွင် ၂,၉၉၅,၇၈၉ိ/-ကျပ်၊ ဧပြီလတွင် ၂,၉၆၃,၀၆၃,၀၀၈,၂၅၀/ကျပ်၊ မေလ တွင် ပျှမ်းမျှစျေးနှုန်း မှာ ၂,၉၄၀,၀၀၀/ကျပ် ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။     

    သုံးသပ်ခန့်မှန်းချက်   

    ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ စျေးနှုန်း က အနည်းငယ်အတက်ပြ သော်လည်း  ပဲစဉ်းငုံဈေးနှုန်းများ ယခင်လထက် အနည်းငယ်စျေးကျ လာတာတွေ့ရပါတယ်။ မတ်ပဲနှင့် ပဲစဥ်းငုံ စျေးနှုန်းကလက်ရှိမှာ တော့ အိန္ဒိယရဲ့ ဝယ်လိုအား အပေါ် လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ 

    အိန္ဒိယအစိုးရ၏ လွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်ရရှိထားသော်လည်း အိန္ဒိယ ကုန်သည်များမှ ဝယ်လို အားထိန်းနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲ ဈေးနှုန်း အတက်အကျ တည်ငြိမ်မှု မရှိပဲ ပဲစဥ်းငုံ ဈေးနှုန်းအကျဘက်မှာသာရှိ နေတာပါ။ 

    ထွက်တိုး   

    --------   

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။   

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download 


  • article
  • article
likes
4
comments
0
views
3581