ပဲမျိုးစုံ တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
- တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် "(၁၉. ၄. ၂၀၂၅ မှ ၂၃.၅. ၂၀၂၅) - ပဲတီစိမ်း - ပဲတီစိမ်းကတော့ အခုတစ်ပတ်မှာပါ စျေးတန်းဆက်တိုက်ထပ် တက်လာတာတွေ့ရပါတယ်။ ပဲတီစိမ်းကို တရုတ်အပြင် ပြည်ပဝယ်လက်အချို့က ဝယ်လိုအားရှိနေပြီး ပြည်တွင်းမှာလည်း ပြန်လည်စိုက်ပျိုးဖို့အတွက် မျိုးပဲအဖြစ် ဝယ်ယူမှုများလာတာကြောင့် စျေးကွက်မြင့်နေ တာဖြစ်ပါတယ်။ - ယခုတစ်ပတ်ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်းနဲ့ ပဲခူးရွှေဝါက တစ်ပိဿာကို ၇၁၆၅ ကျပ်ရှိ ပြီး ပဲတီစိမ်း အညာက ၆၆၆၅ ကျပ်မှ ၆၈၅၀ ကျပ် ရှိလာတာကြောင့် တစ်ပိဿာကို ၃၃၅ ကျပ်နှုန်းစီ အသီးသီးထပ်မံမြင့်တက်လာပါတယ်။ ပဲတီစိမ်း ဝါးခယ်မကလည်း ၆၀၀၀ မှ ၆၀၂၀ ကျပ်နဲ့ တစ်ပိဿာကို ၂၇၀ ကျပ်တက်လာပါတယ်။ - ပဲကြီး - ပဲကြီးက အခုတစ်ပတ်မှာစျေးတက်လာတာတွေ့ရပါတယ်။ပဲကြီးက ပြည်တွင်းမှာ လက်ကျန်နည်းလာတာကြောင့်လည်း စျေးဆက်လာတာဖြစ်ပါတယ်။ပဲကြီးက ပြည်တွင်း စားသုံးမှုများတဲ့ ပဲဖြစ်တာကြောင့် ပြည်တွင်းဝယ်လိုအားများပါကလည်း စျေးမြင့်တက်လာပါတယ်။ - မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာပဲကြီး၅၅.၂၅ ပိဿာကို ၂၆၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်၊ ပဲကြီး (လ) က ၂၃၅၀၀၀ မှ ၂၅၀၀၀၀ ကျပ်နဲ့ ပဲကြီး (သ) က ၂၁၀၀၀၀ မှ ၂၂၅၀၀၀ ကျပ် ရှိပါတယ်။အရင်အပတ်ကထက် ၅၀၀၀ မှ ၁၅၀၀၀ ကျပ်ဝန်းကျင်တက်လာပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၀၈၅ ကျပ်မှ ၄၄၃၅ ကျပ်ရှိပါတယ်။ - မတ်ပဲ - မတ်ပဲကကတော့ အခုတစ်ပတ်မှာလည်း စျေးတန်းထပ်ကျလာတာတွေ့ရပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၇၅၀၀ ဝန်းကျင်နဲ့ ၁၀၀၀လောက် ကျလာ ပါတယ်။ - မတ်ပဲကိုအဓိကဝယ်ယူတဲ့ အိန္ဒိယနိုင်ငံမှာ မတ်ပဲအဝယ်အေးနေသလို စျေးတန်းလည်းအေးနေတာကြောင့် မြန်မာမှာလည်းမတ်ပဲစျေးက အတက်အကျမငြိမ်ဘဲ ကျရိပ်ပြန်ပြလာတာဖြစ်ပါတယ်။ - မတ်ပဲက အိန္ဒိယနိုင်ငံကိုသာ တင်ပို့ရတာဖြစ်ပြီး အိန္ဒိယ ဝယ်လိုအားပေါ်လိုက်ပြီး စျေးအတက်အကျဖြစ်ပေါ်တာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၃၀၃၅၀၀၀ မှ ၃၀၅၇၀၀၀ ကျပ် အတွင်းစျေးတန်းရှိခဲ့ပါတယ်။ - အရင်အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၃၀၅၂၀၀၀ မှ ၃၀၆၀၀၀၀ ကျပ်ရှိခဲ့တာကြောင့် ခုတစ်ပတ်အတွင်းမှာ တစ်တန်ကိုမှ ၃၀၀၀ မှ ၂၅၀၀၀ ကျပ်လောက် စျေးထပ်ကျပါတယ်။ - ပဲစင်းငုံ - အလားတူ ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ စျေးတန်းထပ် ကျလာတာတွေ့ရ ပါတယ်။အခုတစ်ပတ်မှာ ပဲစဥ်းငုံ တစ်တန်ကိုအများဆုံး ၄၀၀၀၀ လောက်အထိထပ်ကျလာတာဖြစ်ပါတယ်။အိန္ဒိယဝယ်လိုအားရှိပေမယ့် စျေးလည်းအေးနေတာကြောင့် ဖြစ်ပါတယ်။ - ပဲစင်းငုံနီကလည်း အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။မနှစ်ကဖြစ်ပေါ်ခဲ့တဲ့ စျေးကွက်နဲ့ယှဥ်ရင်  ပဲစင်းငုံက စျေးတန်းတော်တော်လေးကျဆင်းနေတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်သိန်း ၂၉၀၀၀၀၀ မှ ၂၉၃၇၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။ - အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်သိန်း ကျပ်သိန်း ၂၉၄၀၀၀၀ မှ ၂၉၆၀၀၀၀ ကျပ်အတွင်းစျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ကျပ် ၂၀၀၀၀ မှ ၄၀၀၀၀ လောက် ထပ် ကျလာပါ တယ်။ - (AMIA) - ------------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
