ဆီစက်များက ဝယ်ယူမှု ကောင်းလာခြင်းကြောင့် မန္တလေးစျေးကွက်အတွင် မြေပဲဆံစျေးနှုန်းကောင်းနေ
မန္တလေးဆီထွက်သီးနှံစျေးကွက်အတွင်းတွင် မြေပဲဆံစျေးနှုန်းမှာ ဆီစက်များက ဝယ်ယူမှုကောင်းမွန်နေခြင်း ကြောင့် စျေးနှုန်းကောင်းလျက်ရှိကြောင်း မန္တလေးပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းဆီက သိရသည်။
ပြည်သူများက မြေပဲဆီက အရင်ကထက်ပိုမိုစားသုံးလာကြခြင်းကြောင့် ဝယ်လိုအားမြင့်တက်လာကြောင်း၊ စျေးကွက်အတွင်းတွင် မြေပဲဆံများ ဝင်ရောက်မှုကောင်းမွန်သော်လည်း သိုလှောင်သူများက ဝယ်ယူမှုများပြားနေခြင်း တို့ကြောင့် စျေးနှုန်းကောင်းမွန်လာခြင်းဖြစ်ကြောင်း သိရသည်။
`` မြေပဲဆံစျေးနှုန်းက အရင်လကထက် တစ်ပိသာကို ကျပ်တစ်ထောင်ကျော်လောက်ထိမြင့်တက်လာတယ်၊ အဓိကကတော့ ဝယ်လိုအားကောင်းမွန်လာတဲ့အတွက် စျေးကောင်းလာတာဖြစ်ပါတယ်၊ အဝင်ကလည်း ရှိနေတဲ့ အတွက် စျေးနှုန်းကတော့ သိသိသာသာဆက်တက်ဖို့တော့မရှိနိုင်ဖူးထင်ပါတယ်၊ ``ဟု အဆိုပါကထိန်တော်အ သင်းက တာဝန်ရှိသူတစ်ဦးကပြောသည်။
မန္တလေးစျေးကွက်အတွင်းတွင် မြေပဲဆံ S1 တစ်ပိသာလျှင် ၁၀၀၀၀ -၁၀၂၀၀ ကျပ်ရှိနေခြင်းကြောင့် ယခင်လက ထက် ကျပ် တစ်ထောင်ကျော်ခန့်မြင့်တက်ခဲ့ကြောင်း၊ S1 ဆီဆံ ၉၈၀၀ ထိ ကျပ်ရှိခဲ့ပြီး ယခင်လကထက် ကျပ် ၁၆၀၀ ခန့်အထိမြင့်တက်ခဲ့ကြောင်းသိရသည်။
မြေပဲများအား မြေနုကျွန်းများတွင် စိုက်ပျိုးကြပြီး ထွန်းယက်စိုက်ပျိုးစရိတ်၊ သွင်းအားစုစရိတ်၊ စက်သုံးဆီစျေး နှုန်းများကြောင့် စိုက်ပျိုးစရိတ်မြင့်နေသော်လည်း လက်ရှိဖြစ်ပေါ်နေသော စျေးနှုန်းအခြေအနေကြောင့် တောင် သူများ အကျိုးအမြတ်များရရှိလျက်ရှိကြောင်းသိရသည်။
ရွှေမန်း
မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437