cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကင်မ်ချီ ကြိုက်နှစ်သက်သူလေးများအတွက် သတင်းကောင်း

. ကျန်းမာရေးဆောင်းပါးများ
ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းချုပ်တာလိုမျိုး အစာခြေစနစ်ပြဿနာတွေ ကင်းဝေးစေပြီး အူမကြီးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အစာခြေစနစ် ကျန်းမာစေမှတော့ ကိုယ်ခံအားကောင်းအောင် ထောက်ကူပေးနိုင်တယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုပါဘူး။
  • ကိုရီးယားနိုင်ငံရဲ့ မပါမဖြစ်သော ရိုးရာ အစားအစာတစ်မျိုးဖြစ်တဲ့ ကင်မ်ချီစားပေးခြင်းက ကျွန်ုပ်တို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။ 

    • ကင်မ်ချီက အခြား အချဉ်ဖောက်ထားတဲ့ စားစရာတွေလိုပဲ အကျိုးပြုဘက်တီးရီးယား ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက အစာခြေစနစ်ကို ကျန်းမာ စေပြီး အစာကြေစေသလို အူနံရံတွေက အာဟာရတွေကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ 
    • ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းချုပ်တာလိုမျိုး အစာခြေစနစ်ပြဿနာတွေ ကင်းဝေးစေပြီး အူမကြီးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ 
    • အစာခြေစနစ် ကျန်းမာစေမှတော့ ကိုယ်ခံအားကောင်းအောင် ထောက်ကူပေးနိုင်တယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုပါဘူး။ ခန္ဓာကိုယ်အတွက် လိူအပ်တဲ့ အာဟာရတွေကို ပြည့်ဝစွာ ရရှိစေမှုက ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ 
    • ကင်မ်ချီစားသုံးပေးတာက သွေးတွင်းအဆီကို ကျဆင်းစေနိုင်ပါတယ်။ အထူးသဖြင့် အကျိုးမပြု ကိုလက်စထရောတွေကိုပါ။ ကြက်သွန်ဖြူ ပါဝင်နေတာကလည်း သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 
    • ကင်မ်ချီက သွေးတွင်းကိုလက်စထရော ကျဆင်းစေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံး ကျန်းမာစေနိုင်ပါတယ်။ ချင်း (ဂျင်း) နဲ့ ငရုတ်သီးပါဝင်မှုကလည်း နှလုံးရောဂါ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ 
    • အပြင်းအထန် ရောင်ရမ်းမှုတွေ၊ နာတာရှည် ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက်လည်း ကင်မ်ချီ စားပေးလို့ ရပါတယ်။ ကင်မ်ချီမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက အစာခြေစနစ် အပါအဝင် ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ 
    • အစာခြေစနစ်ကို ကျန်းမာစေပြီး ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိစေတာကြောင့် ဦးနှောက် ကျန်းမာစေဖို့အတွက် ကင်မ်ချီ စားပေးလို့ ရပါတယ်။ အာရုံကြောစနစ်ကို ကျန်းမာစေသလို ဦးနှောက်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ 
    • ကင်မ်ချီရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ရပ်က ဝိတ်ကျစေနိုင်တာပါ။ ကျန်းမာတဲ့ ဘ​ဝနေထိုင်မှုပုံစံအတွက် ကင်မ်ချီကို ရွေးချယ်လို့ ရပါတယ်။ အလွန်အကျွဲ စားသုံးတာမဟုတ်ဘဲ ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးတာက ကိုယ်အလေးချိန်ကျစေဖို့ ထောက်ကူပေးနိုင်မှာပါ။ 
    • ကင်မ်ချီမှာ ဘီတကယ်လ်ရိုတင်း ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံး နဲ့ အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကို သက်သာစေဖို့အတွက်လည်း ကင်မ်ချီ စားပေးနိုင်ပါတယ်။ 
    • ကင်မ်ချီမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက မှိုပိုးကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေဒီတွေမှာ ဖြစ်တတ်တဲ့ မိန်းမကိုယ် မှိုပိုးဝင်တာကို သက်သာစေနိုင်သလို အခြားသော အရေပြားမှိုပိုး ကူးစက်တာ၊ ပိုးဝင်ကူးစက်တာတွေကို သက်သာစေနိုင်ပါတယ်။ 
    • ကင်မ်ချီကို ဆီးချို ကာကွယ်ဖို့ရော ကုသဖို့အတွက်ပါ စားပေးလို့ ရပါတယ်။ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ကောင်းစေပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ်မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ 

    ကင်မ်ချီကြိုက်သူလေးများ ယခုကဲ့သို့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်တဲ့ ကင်မ်ချီကို မိမိတို့အိမ်မှာ အလွယ်တကူ လုပ်စားကြပါစို့။ 

    Hello ဆရာဝန် မှ ကိုးကားဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
6
comments
0
views
3511