မိုးရာသီတွင် ခရမ်းချဥ်၊ အာလူးတွင်အကျများသော နှောင်းပင်နာကျရောဂါ
ရောဂါဖြစ်စေသက်ရှိ - Phytophthora infestans
ကျရောက်အချိန်
အပင်ငယ်စဥ်မှ သီးနှံသက်တမ်းတစ်လျှောက်လုံးကျရောက်နိုင်ပါသည်။
ဖျက်ဆီးပုံလက္ခဏာ
အရွက်ပေါ်တွင်ပုံသဏ္ဍန်မမှန်သော အညိုရောင်ရေစိုနာကွက်များစတင်ဖြစ်ပေါ်လာတာတွေ့နိုင်ပါသည်။ စိုထိုင်းသောရာသီဥတုအခြေအနေဖြစ်ပါက အရွက်အောက်ဘက်တွင် အဖြူရောင် မှိုမျှင်အစုအဝေးများကို တွေ့ရတတ်သည်။ ရောဂါ ပြင်းထန်လာပါက ရေစိုနာကွက်များကြီးလာပြီး အရွက်တစ်ခုလုံးဖုံးလွှမ်းသွားကာ ညှိုးမည်းခြောက်သွေ့သွားပါသည်။
အေးမြစိုစွတ်သော မိုးရာသီတွင်အဓိကကျရောက်သလို၊ ဆောင်းရာသီမှာလည်း ကျရောက်တတ်
မိုးရေ၊သွင်းရေမှတစ်ဆင့် အဓိကကူးစက်ပြန့်နှံ့ နိုင်သည်။
ကာကွယ်နှိမ်နင်းနည်း
ရောဂါကျစိုက်ခင်းက မျိုးကိုယူမစိုက်သင့်ပါ။
စိုက်ခင်းဘောင်ကိုမြင့်မြင့် ပြုပြင်ပါ။
ပင်ခြေရေမဝပ်အောင်ဆောင်ရွက်ပါ။
အသုံးပြုနိုင်သောဓာတုဆေးများ- Metalaxyl, Cymoxanil, Dimethomorph, Propamocarb hydrochloride
ထွက်တိုး
-----------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။