ရန်ကုန်တိုင်း ဇွန်လ ၂ ရက် မှ ဇွန်လ ၈ ရက်အထိ မိုးလေဝသအခြေအနေ
ဇွန်လ ၂ ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်းမြို့နယ်များတွင် အများအားဖြင့်နေသာချိန်ရှိပြီး မိုးအသင့်အတင့် - ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာအထက်(၀.၈ လက်မကျော်)ရွာသွန်းနိုင်ပါသည်။
ဇွန်လ ၃ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ ၂၄ နာရီ မိုးရေချိန် ၂၀ မီလီမီတာအောက်(၀.၈ လက်မ အောက်)ရွာနိုင်ပြီး မိုးရွာသွန်းခြင်းလျော့နည်းနေနိုင်ပါသည်။
ဤရက်သတ္တပါတ် ၁ ပါတ်အတွင်း နေ့စဉ်မိုးရွာနိုင်မည့်ရာခိုင်နှုန်း ၈၀% နှင့် အထက်တွင်ရှိနေကာ လေထုစိုထိုင်းဆ ၈၀% မှ ၉၀% နှင့်အထက်တွင် ရှိနေနိုင်ပါသည်။ ယခုသီတင်းပတ် ၁ ပတ်အတွင်း အနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လေတိုက်နှုန်း ၁ နာရီ ၅ မိုင်ခန့်တိုက်ခတ်နိုင်ပါမည်။
📌 ဇွန်လ ၁၁ ရက်နောက်ပိုင်းမှ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာအထက်(၀.၈ လက်မကျော်)ပြန်ရွာနိုင်ကာ မိုးအသင့်အတင့်မှ မိုးပြန်များလာနိုင်မည့် မိုးလေဝသအခြေအနေဖြစ်ပေါ်နိုင်ပါသည်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့...
စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်
လက်ရှိ ကျရောက်မှုများလာတာတွေ့ရတဲ့ စပါးကျိုင်းနက်(ကျိုင်းမဲ)နဲ့ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
ကျိုင်းမဲသည် အုပ်စုလိုက်ကျတတ်ပြီး ဆက်စပ်မှုသည် လဆန်းရက် မိုးများသောရက်တွေမျိုးမှာကျတတ်ပါတယ်။
လောက်ကောင်သည် အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဍာန်ဖြစ်ပြီး မြေကြီးအစိုဓာတ် ၆၀-၇၀% ရှိတဲ့နေရာမှာ နေတတ်ပါတယ်။ ဆိုလိုတာက ရေခပ်ပါးပါးရှိတဲ့အနေအထားမှာတောင် ရှင်သန်နိုင်ပါတယ်။
လောက်ကောင်က အပင်အမြစ်ကိုစားပြီး ကျိုင်းကောင်အကြီးက အရွက်များကို ညဘက်တွင် ကိုက်ဖြတ်စားသောက်ပါတယ်။ စားနှုန်းလည်း အလွန်မြန်ပါတယ်။
ကာကွယ်နည်းကတော့ ကျိုင်းကောင်တွေ့ရင် စိုက်ခင်းကို ရေ အနည်းဆုံး တစ်မိုက် (၄.၅) လက်မမှ အထက် သို့ ၃ ရက်ခန့်ထားပေးပါ။
အသုံးပြုနိုင်သောဓာတုဆေးများ-Chlorpyrifos, Fipronil, Thiacloprid, Lambda cyhalothrin စတာတွေ သုံးလို့ရပါတယ်။
ငါးပုစွန် တောင်သူများအတွက် အကြံပြုချက်
· ငါးကန်သို့ စီးဝင်လာသော မိုးရေတွင် ပတ်ဝန်းကျင်မှ အညစ်အကြေးများပါဝင်လာနိုင်သကဲ့သို့ ဩဇာဓာတ်များလည်း ပါဝင်လာနိုင်သဖြင့် သတိထားသင့်ပါသည်။
. ရေချဉ်ဖန်နှုန်း (၆) နှင့် (၆) အောက်ရောက်ရှိပါက မွေးမြူထားသော ငါးများသည် ကျန်းမာရေး မကောင်းခြင်း၊ အစာမစားခြင်းများ ရှိလာတတ်ပါသည်။ ထိုအချိန်တွင် အစာကျွေးပါကလည်း အစာမစားနိုင်ကြပါ။
· ငါးများ ပုံမှန်ကြီးထွားမှုရှိရန် ရေတွင်ပျော်ဝင်သောအောက်ဆီဂျင်ပမာဏသည် (5 ppm) နှင့် အထက်တွင်ရှိရန် ဂရုပြုသင့်ပါသည်။
· ကန်ရေအရည်အသွေး အနည်းနှင့်အများပြောင်းလဲခြင်းသည် ငါးများကိုဒဏ်သင့်စေပြီးလွယ်ကူစွာ ရောဂါကူး စက်ဖြစ်ပွားစေနိုင်ပါသည်။
. ထို့ကြောင့် ( က) ရေတွင်ပျော်ဝင်လျက်ရှိသောအောက်ဆီဂျင်ပမာဏ (Dissolved Oxygen-DO), (ခ) ရေ၏ချဉ် ဖန်ဓာတ် (pH), (ဂ) ရေကြည်ခြင်း / ရေနောက်ခြင်း (Turbidity), (ဃ) ရေအပူချိန် (Water temperature) တို့ကို (နာရီပိုင်း/ နေ့စဉ်/ အပတ်စဉ်) တိုင်းတာခြင်းဖြင့် ငါးကန်ရေအရည်အသွေးပြောင်းလဲမှု လက္ခဏာ နှင့်ထုတ်လုပ်နိုင်မှုကို ခန့်မှန်းသိရှိနိုင်ပါမည်။
-------------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437