cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေဆီလွှာကျန်းမာမှ အပင်ကျန်းမာမည်၊ အပင်ကျန်းမာမှ သီးနှံများအထွက်ကောင်းပေမည်။

. မြေချဉ်ငံကိန်းတိုင်းတာခြင်း
ယခုဆောင်းပါးမှာဆိုရင်တော့ မြေဆီလွှာရဲ့ ကျန်းမာရေးအတွက် သိထားသင့်တဲ့ အခြေခံ အချက်အလက်တွေအပြင် မြေဆီလွှာနဲ့ပတ်သက်တဲ့ အခြေခံ အချက်အလက်လေးတွေကို မျှဝေ ပေးသွားမှာ ဖြစ်ပါတယ်။
  • ကျွန်ုပ်တို့ဟာ မြေဆီလွှာကိုအသုံးပြုပြီး သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်လာကြတာ နှစ်ပေါင်း များစွာရှိနေကြပါပြီ။ တချို့သောနေရာဒေသများမှာဆိုရင် သီးနှံတွေကို အဆက်မပြတ် စိုက်ပျိုး ထုတ်လုပ်ကြလို့ မြေဆီလွှာဟာ အာဟာရဓာတ်တွေကုန်ခမ်းပြီး ကျန်းမာရေးချို့ယွင်းနေကြပြီလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့လူသားတွေရဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုမှာများစွာ အကူအညီ အထောက်အပံ့ပေးတဲ့ မြေဆီလွှာကို ပြန်လည်ကျန်းမာအောင်လုပ်ပေးဖို့ လိုအပ်ပါတယ်။ ‌မြေဆီလွှာကို ကျန်းမာအောင်ပြုပြင်ထိန်းသိမ်းရာမှာ စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း နည်းစနစ်တကျနဲ့ သေချာ လုပ်ဆောင်နိုင်မယ် ဆိုရင်တော့ အကျိုးကျေးဇူးတွေ များစွာရရှိမှာ ဖြစ်ပါတယ်။ 


        သီးနှံတွေ စိုက်ပျိုးထုတ်လုပ်တဲ့အခါ မြေဆီလွှာထဲမှာရှိနေတဲ့ အာဟာရဓာတ်တွေပေါ်မူတည်ပြီး သီးနှံပင်တွေရဲ့ ကျန်းမာသန်စွမ်းမှုနဲ့ အထွက်နှုန်းတွေက ကွာခြားသွားပါတယ်။ ကျန်းမာ သန်စွမ်းတဲ့မြေဆီလွှာမှာဆိုရင် သတ္တုဓာတ်၊ ရေ၊ လေ၊ အော်ဂဲနစ်ဒြပ်စင်များနဲ့ သေးငယ်တဲ့ အဏုဇီဝ သက်ရှိလေးတွေ ပါဝင်ကြပါတယ်။ အထက်ဖော်ပြပါ အစိတ်အပိုင်းတွေဟာ မြေဆီလွှာထဲမှာ မျှတတဲ့ ပမာဏနဲ့ အချိုးကျပါဝင်နေခြင်းက မြေဆီလွှာကျန်းမာဖွံ့ဖြိုးဖို့အတွက် အဓိက သော့ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာဆိုရင်တော့ မြေဆီလွှာရဲ့ ကျန်းမာရေးအတွက် သိထားသင့်တဲ့ အခြေခံ အချက်အလက်တွေအပြင် မြေဆီလွှာနဲ့ပတ်သက်တဲ့ အခြေခံ အချက်အလက်လေးတွေကို မျှဝေ ပေးသွားမှာ ဖြစ်ပါတယ်။


    မြေဆီလွှာ ကျန်းမာရေးကောင်းမွန်လာအောင် ပြုလုပ်ပေးရမည့် အရာများမှာ


    ၁။ မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ခြင်း 


        မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်ခြင်းဟာ စိုက်ပျိုးရေးလုပ်နေတဲ့တောင်သူတိုင်း ပြုလုပ်သင့်တဲ့ အရာတစ်ခုပါ။ မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် မြေကြီးရဲ့ မြေချဉ်/ငန်ကိန်းပမာဏ၊ အာဟာရဓာတ်များချို့တဲ့မှုနဲ့ ပိုလျှံနေမှု၊ အော်ဂဲနစ်ပစ္စည်များပါဝင်နေမှု စသည်တို့ကို သိရှိနိုင်ပြီး လိုအပ် သလို ပြုပြင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဓာတ်ခွဲခန်းတွေမှာမှမဟုတ်ဘဲ တောင်သူ ကိုယ်တိုင် အလွယ်တကူစမ်းသပ်ပြုလုပ်နိုင်တဲ့ မြေဆီလွှာဓာတ်ခွဲစစ်ဆေးနိုင်တဲ့ ကိရိယာ (Soil Test Kit) တွေကို အလွယ်တကူဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ 


    ၂။ အော်ဂဲနစ် ပစ္စည်းများ


        ကျွန်ုပ်တို့သက်ရှိတွေလိုပဲ မြေဆီလွှာဟာလည်း အစာစားဖို့လိုအပ်ပါတယ်။ သီးနှံတွေကို စိုက်ပျိုး ထုတ်လုပ်ပြီးတဲ့အခါတိုင်း မြေဆီလွှာထဲကို အာဟာရဓာတ်တွေ ပြန်မထည့်ပေးတဲ့အခါမှာ မြေဆီလွှာ ဟာ အာဟာရဓာတ်တွေချို့တဲ့လာပီး နောက်ဆုံးမှာ သီးနှံပင်တွေရဲ့ ကျန်းမာသန်စွမ်းမှုနဲ့ ရှင်သန်မှုကိုပါ ထိခိုက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သီးနှံတစ်ရာသီစိုက်ပျိုးပြီးတိုင်းမှာ သဘာဝအော်ဂဲနစ် ပစ္စည်းတွေကို စိုက်ခင်းထဲ ပြန်လည်ထည့်ပေးဖို့ လိုအပ်ပါတယ်။ အော်ဂဲနစ်ပစ္စည်းဆိုလို့ ခက်ခက်ခဲခဲရှာဖွေ နေစရာမလိုပါဘူး။ ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်တဲ့ မြေဆွေး၊ သစ်ရွက်၊ တိရိစ္ဆာန်ချေး၊ ရိတ်ထားတဲ့မြက်တွေ စတာတွေကို စိုက်ခင်းထဲ ပုံမှန် ပြန်လည်ထည့်ပေးတဲ့ အလေ့အထကို ပြုလုပ်ထားသင့်ပါတယ်။ ဒီလိုထည့်ပေးခြင်းအားဖြင့် မြေကြပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။


    ၃။ အဏုဇီဝသက်ရှိများ 


        မြေဆီလွှာမှာ အဏုဇီဝသက်ရှိများရဲ့ အခန်းကဏ္ဍဟာ အရေးပါလှပါတယ်။ ၎င်းသက်ရှိလေးတွေဟာ မြေဆီလွှာရဲ့ဖွဲ့စည်းတည်ဆောက်မှုကို ကောင်းစေခြင်း၊ အာဟာရဓာတ်တွေကို အပင်စားသုံးနိုင်တဲ့ ပုံစံဖြစ်အောင် ဖြိုခွဲပေးခြင်း၊ အပင်ရဲ့အမြစ်များမှ ရေနဲ့ အာဟာရဓာတ်များ စုပ်ယူနိုင်အောင် ကူညီပေးခြင်း စသည်ဖြင့် ကူညီလုပ်ဆောင်ပေးပါတယ်။ မြေဆီလွှာထဲကို သဘာဝအော်ဂဲနစ် ပစ္စည်းတွေ ပုံမှန်ထည့်သွင်းပေးခြင်းဟာ အဏုဇီဝသက်ရှိလေးတွေ တိုးပွားလာစေဖို့အတွက် အထောက် အကူပြုပါတယ်။ 


    ၄။ မြေဖုံးပေးခြင်း 


        မြေဖုံးပေးခြင်းဟာ မြေဆီလွှာကို ရေရှည်ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ မြေဖုံးပေးခြင်းဖြင့် သီးနှံပင်တွေရဲ့ သဘာဝစနစ်အတိုင်း ပေါက်ရောက်နိုင်မှုကို လှုံ့ဆော်ပေးနိုင်သလို မြေရဲ့အစိုဓာတ်ကိုထိန်းပေးခြင်း၊ ပေါင်းပင်များပေါက်ရောက်မှုကို တားဆီး ပေးခြင်း၊ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေများအပြင် မြေဆီလွှာတိုက်စားခံရခြင်းများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထို့နောက် မြေဖုံးထားတဲ့ သဘာဝပစ္စည်းများ တဖြည်းဖြည်း ဆွေးမြည့်တဲ့ အခါမှာလည်း မြေဆီလွှာထဲကို အာဟာရဓာတ်အနေနဲ့ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ 


    ၅။ သီးလှည့်စိုက်ပျိုးခြင်း 


        ဒီအချက်ကတော့ မိမိနေထိုင်ရာဒေသနဲ့ သီးနှံဈေးကွက် ရှိ/ မရှိအပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒီမှာတော့ မြေဆီလွှာကိုပဲ အခြေခံပြီးပြောသွားမှာဖြစ်ပါတယ်။ သီးနှံတစ်မျိုးတည်းကိုပဲ မြေတစ်နေရာ ထဲမှာ တစ်ရာသီပြီးတစ်ရာသီ ဆက်တိုက်စိုက်ပျိုးနေခြင်းဟာ အာဟာရဓာတ်တွေ ကုန်ခမ်းစေနိုင်သလို၊ ပိုး/ရောဂါကျရောက်ဖျက်ဆီးမှုများကိုလည်း ပိုမိုဆိုးရွားနိုင်ပါတယ်။ ပုံမှန်စိုက်နေကျသီးနှံနေရာမှာ အခြားသောသီးနှံတွေနဲ့  သီးလှည့်စိုက်ပျိုးမယ်ဆိုရင်တော့ မြေဆီလွှာထဲမှ အာဟာရဓာတ် တစ်မျိုး တည်းကို အလွန်အကျွံထုတ်ယူခြင်းနဲ့ ပိုး/ ရောဂါများ ဆိုးရွားစွာကျရောက်ခြင်းတို့ကို ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။ 


    Source  – The Basics of Healthy Garden Soil.

    ---------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်



  • article
likes
10
comments
1
views
3838