လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားပိုကောင်းလာနိုင်
၂ဝ၂၅ ခုနှစ်၊ ဇွန်လ ၅ ရက် မှ ဇွန်လ ၁၁ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့်
ရန်ကုန်တိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄) ရာခိုင်နှုန်း မှ (၈၄) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၆၊၇၊၉ ရက်နေ့ တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်း နှင့် အထက်မှာ ရှိနိုင်ပါတယ်။
ကျန်ရက်တွေမှာမှာတော့ မိုးရွာရန် ၇၅ ရာခိုင်နှုန်းအောက်မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။
မန္တလေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၅) ရာခိုင်နှုန်း မှ (၅၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၆ ရက်တွေ မှာတော့ မိုးရွာရန် ၂၅ ရာခိုင်နှုန်း သာရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၃၉ ရာခိုင်နှုန်းအထက်မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။
နေပြည်တော် အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ဇွန်လ ၂၈ ရက်နေ့မှာတော့ မိုးရွာရန် ၉၆ ရာနှုန်းရှိနိုင်ပြီး ဇွန်လ ၆၊ ၇၊၉ ရက်နေ့တွေမှာတော့ မိုးရွာရန် ၈၀ ရာခိုင်နှုန်း နှင့် အထက် မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၆°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။
တောင်ကြီး အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀) ရာခိုင်နှုန်း မှ (၉၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၉ ရက်နေ့မှာ မိုးရွာရန် ၉၀ရာခိုင်နှုန်းရှိနိုင်ပြီး ဇွန်လ ၅၊၆၊၇ ရက်နေ့တွေမှာတော့ မိုးရွာရန် ၄၀ နှင့် ၄၁ ရာခိုင်နှုန်းသာရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်ပါတယ် ခင်ဗျာ။
မကွေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁၉) ရာခိုင်နှုန်း မှ (၇၃) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၆၊၇၊၈ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၂၅ အောက်သာရှိနိုင်ပါတယ်။ကျန်ရက်တွေမှာတော့ မိုးရွာရန် ၅၅ မှ ၇၃ ရာခိုင်နှုန်းအတွင်းမှာရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၇°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။
ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆) ရာခိုင်နှုန်း မှ (၉၂) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၉ ရက်တွေ မှာတော့ မိုးရွာရန် ၉၂ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။
လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားပိုကောင်းလာနိုင်
ဇွန်လ ၁၀ ရက်နေ့နဲ့နောက်ပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားပိုကောင်းလာပြီး ဧရာဝတီတိုင်းမှာ သိသိသာသာမိုးပိုလာနိုင်ပါတယ်။ ၂၄ နာရီအတွင်း အများဆုံးမိုးရေချိန် ၃၀ မီလီမီတာခန့်(၁.၂ လက်မခန့်)သာရွာနိုင်တာမို့ မိုးအသင့်အတင့်ရွာနိုင်မယ်လို့သာ ခန့်မှန်းပါတယ်။ မိုးများနိုင်၊ မိုးအလွန်များနိုင်မည့်အခြေအနေမရှိပါ။ (၂၄ နာရီအတွင်း ၅ လက်မအောက်သာ ရွာနိုင်ပါမယ်)။
စိုက်ပျိုးရေးဆိုင်ရာ ရွှေခရုနဲ့ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းဆိုင်ရာ အကြံပြုချက်
ရွှေခရုဖျက်ဆီးခြင်းကြောင့် လက်ရှိတောင်သူများ မျိုးစပါးကို ၂ ကြိမ်မကပြန်ကြဲနေကြရပါတယ်။
ရွှေခရုကျရောက်ပါက မိမိတစ်ဦးတည်းနှိမ်နင်းခြင်းထက် တစ်ကွင်းတစ်စပ်တောင်သူများ အတူပူးပေါင်းနှိမ်နင်းကြဖို့အဓိကလိုအပ်ပါတယ်။
မျှားစာအဖြစ် ခရုသတ်ဆေး Niclosamide , Metaldehyde ကို ကျိုချက်ထားသော ဆန်ကွဲဖြင့် ရောနယ်ပြီး ကြဲပက်ကျွေးတာ (သို့မဟုတ်) ဖြတ်ထားသောရေသန့်ဘူးခွံထဲထည့်ပြီး ဝါးတိုင်မှာချည်ပါ၊ ပြီးရင် စပါးခင်းထဲက ရေမျက်နှာပြင်နှဲ့တစ်ပြေးညီ ထားပေးပါ။
ခရုများ ဥအုစေရန် ဝါးတိုင် ငယ်လေးများကိုလိုက်လံစိုက်ပေးပြီး ဥများတွေ့ရှိပါက ဖျက်ဆီးပစ်ခြင်း၊ အကောင် ငယ်နှင့် အကောင်ကြီးများကို လိုက်လံ ကောက်ယူပြီး အိတ်ထဲထည့်၍ လေလုံ ပိတ်ခြည်နှောင်ထားခြင်း၊ ရေကတွက်ပေါက်များ ရေသွင်းရေထုတ် မြောင်းပေါက်များ တွင် ဇကာ၊ ပိုက်ကွန်စိတ်စိတ်တပ်ဆင်၍ ဖမ်းယူဖျက်ဆီးခြင်း။
ရေဝပ်ကျင်းများတွင် ပိန္နဲခွံ၊ နာနတ်ခွံ၊ ဒူးရင်းခွံ စသည့်အနံ့မွှေးသော မျှားစာများ ချထားပြီး လာရောက် စုဝေးစားသောက်ချိန် တွင် ကောက်ယူဖျက်ဆီးခြင်း စတဲ့နည်းလမ်းအားလုံးကိုပြုလုပ်ဖို့လိုအပ်ပါတယ်။
ရွှေခရုအတွက် ဆေးတစ်မျိုးတည်းကိုအားကိုးပါက မည်သို့မျှထိရောက်မှာမဟုတ်ကြောင်း အကြံပြုဆွေးနွေးလိုက်ပါတယ်။
ငါးကန်များပြင်ဆင်ခြင်းအတွက် အကြံပြုချက်
ငါးကန်များကန်ပြင်ဆင်ရာတွင် ကန်အောက်ခြေရှိ နွံ နှင့်အညစ်အကြေးများကို ဖယ်ရှားပေးရပါမည်။ ကန်ရေဩဇာကောင်းစေရန်အတွက် နွံ (၈)လက်မခန့် ချန်ထားသင့်ပါသည်။ ပြီးနောက် တစ်ဧကလျှင် အနည်းဆုံး ပိဿာ(၁၀၀) မှ အများဆုံး (၂၄၀)ပိဿာ ထုံးပက်သင့်ပါသည်။ ပိုမိုတိကျစေရန် ကန်အောက်ခြေ မြေသားချဉ်ဖန်နှုန်း(Soil PH test) ပြုလုပ်ဆောင်ရွက်ပါက ပိုမိုကောင်းမွန်ပါသည်။
ကန်အောက်ခြေနေလှန်းရာတွင် ပက်ကြားကွဲအောင် နေလှန်းရပါမည်။ ထုံးပက်ပြီးပါကလည်း အနည်း ဆုံး(၃)ရက်မှ (၇)ရက်ကြာစေရန် လိုအပ်ပါသည်။ သို့မှသာ ထုံးနှင့်မြေသားဓာတ်ပြုပြီး ထုံးသည် မြေသား၏ချဉ် ဖန်နှုန်းကို မြင့်မားလာစေပါမည်။
စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။
ကိုးကား။ ဆရာဦးဝင်းနိုင်၊ Accweather
----------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437