cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးကန်ပြင်ဆင်ရာတွင် ထုံးထည့်ခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးကြီးထွားနှုန်းကောင်းစေရန် အတွက်နှင့် ကန်အတွင်းရှိ ပိုးမွှားများ ဘက်တီးရီးယားများ မပေါက်ဖွားစေရန်၊ ကန်ရေကိုကြည်လင်စေရန် နှင့် ရေဩဇာတက်ခြင်းကို အထောက်အကူ ပြုစေရန်အတွက် တစ်ဧကလျှင် ထုံး (၂၄၈)ပိဿာအထိ ပက်ပေးရပါမည်။
  •  ကန်ပြင်ဆင်ခြင်းလုပ်ငန်းတွင် ထုံးပက်ခြင်းသည်လည်း အရေးပါလှပါသည်။  ငါးမွေးတောင်သူများသည် မိရိုးဖလာထုံးပက်ခြင်းကို ကျင့်သုံးကြသော်လည်း ထုံးသုံးစွဲမှု နည်းပါးကြောင်း တွေ့ရှိရပါသည်။ ငါးကြီးထွားနှုန်းကောင်းစေရန် အတွက်နှင့် ကန်အတွင်းရှိ ပိုးမွှားများ ဘက်တီးရီးယားများ မပေါက်ဖွားစေရန်၊ ကန်ရေကိုကြည်လင်စေရန် နှင့် ရေဩဇာတက်ခြင်းကို အထောက်အကူ ပြုစေရန်အတွက် တစ်ဧကလျှင် ထုံး (၂၄၈)ပိဿာအထိ ပက်ပေးရပါမည်။ ပုစွန်မွေးမြူသူများအတွက် သတ်မှတ်နှုန်းအတိုင်း ထုံးပက်ခြင်းသည် ပုစွန်များအရေခွံလဲခြင်းကို လျှင်မြန်စေပါသည်။ 

    ထုံးပက်ပြီးပါက တစ်ပတ်အကြာထားပြီးမှ ရေသွင်းခြင်း၊ မိုရေခံခြင်းကို ဆောင်ရွက်ပါ။ ထုံးနှင့် ‌မြေသား ထိတွေ့ဓါတ်ပြုစေရန် ဖြစ်ပါသည်။ ရေသွင်းပါကလည်း (၂)ပေ အထိသာသွင်းပြီး (၃)ရက်ကြာမှသာလျှင် မြေဩဇာပက်ပေးရမည်။ (၃)ရက်ကြာသောအချိန်တွင် ကန်သည် ကြည်လင်လာပြီး မြေဩဇာပက်ပေးပါက အဆိုပါ မြေဩဇာသည် နေအလင်းရောင်ရရှိပြီး ရေဩဇာဖြစ်စေသောအပင်မျှောလှေး နှင့် အကောင်းမျှောလှေးများကို အလျှင်အမြန်ပေါက်ဖွားလာစေလာစေပါသည်။ အဆိုပါ အချိန်တွင် ရေ၏ အရောင်သည် အစိမ်းနုရောင် (ငှက်ပျောညွန့်ရောင်) ဖြစ်လာပါမည်။ ထိုအချိန်တွင် ကန်ကိုရေထပ်ဖြည့်ခြင်းကို ဆောင်ရွက်ပေးရပါမည်။ 

    မြေဩဇာထည့်သွင်းခြင်းမှာ (NPK) သုံးမျိုးစပ်မြေဩဇာသုံးပါက တစ်ဧကလျှင် (၇)ပိဿာမှ (၈) ပိဿာအထိ သုံးစွဲနိုင်ပါသည်။ ပုလဲ နှင့်တီစူပါ သုံးစွဲပါက တစ်ဧကလျှင် ပုလဲ (၁၂)ပိဿာ နှင့်တီစူပါ (၆) ပိဿာ ရောပြီးသုံးနိုင်ပါသည်။ ပဲဖတ်သုံးပါက တစ်ဧကလျှင် ပဲဖတ် (၅)ပိဿာမှ (၁၀)ပိဿာအထိ ထည့်သွင်းနိုင်ပါကြောင်း တင်ပြအပ်ပါသည်။ 

    ထွက်တိုး 

    ----------- 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
8
comments
0
views
3695