ရှမ်းပြည်နယ် ဇွန်လ ၇ ရက်မှ ဇွန်လ ၁၃ ရက်အထိ မိုးလေဝသအခြေအနေ
ရှမ်းပြည်နယ်အတွင်းလာမည့် ရက်သတ္တပါတ် ၁ ပါတ်အတွင်း ပြည်နယ်တခုလုံးမှာ မိုးအနည်းငယ်မှမိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၁၀ မီလီမီတာမှ ၃၀ မီလီမီတာအောက် = ၀.၄ လက် မှ ၁.၂ လက် ခန့်)ရွာနိုင်ပါမယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးဝန်းကျင်ဒေသတွေမှာတော့ ဇွန်လ ၁၀ ရက်နေ့မှာ ၂၄ နာရီအတွင်း ၃၀ မီလီမီတာအထက် ၄၀ မီလီမီတာအထိ မိုးရေချိန်ရရှိပြီး မိုးပိုနိုင်တာတွေ့ရပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ နေ့အပူချိန်အမြင့်ဆုံး ၃၀°C အထိရှိလာနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၄°C ခန့်သာရှိနိုင်ပါတယ်။
ရှမ်းပြည်နယ်တခုလုံးမှာ များသောအားဖြင့် အနောက်ဘက်နဲ့ တောင်ဘက်အရပ်မှ လေတိုက်နှန်ုး တနာရီ ၄ မိုင်ခန့်မှ တနာရီ မိုင် ၂၀ ခန့်အထိ ရှိနိုင်ပါတယ်။
ဇွန်လ ၁၁-၁၂ ရက်နေ့တွေမှာ အစပျိုးဖြစ်ပေါ်လာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်သက်ရောက်မှုက ရှမ်းပြည်နယ်အထိမရောက်နိုင်တာကြောင့် ပုံမှန် မိုးဦးရာသီအတွင်းမှာ ရွာသွန်းတတ်တဲ့ မုတ်သုံမိုးရွာသွန်းခြင်းသာရှိနေပါမယ်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ငါး၊ပုစွန်ကန်များအတွက် အကြံပြုချက်
ငါး၊ပုစွန်မွေးမြူခြင်းလုပ်ငန်းတွင် မွေးမြူမည့်နေရာရွေးချယ်ခြင်းသည် အဓိကကျသောလုပ်ငန်း ဖြစ်ပါသည်။
မြေနေရာရွေးချယ်ခြင်းမှန်ကန်လျှင် ငါး၊ပုစွန်မွေးမြူရေးလုပ်ငန်း၏ ၅၀ရာခိုင်နှုန်း အောင်မြင်ကြောင်း ပညာရှင်များက အဆိုပြုထားပါသည်။
ထို့အတူ ကန်ပြင်ဆင်ခြင်းလုပ်ငန်းသည်လည်း အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်သည့်အပြင် ကန်ပြင်ဆင်ခြင်းမှန်ကန်ပါက မွေးမြူရေးကာလ တစ်လျှောက်လုံး ကန်ရေဩဇာရရှိမှု မှန်ကန်ခြင်း၊ ငါးရောဂါကျရောက်မှု နည်းပါးခြင်း ၊ ကန်ရေချဉ်ဖန်နှုန်း ပုံမှန် အခြေအနေတွင် ရှိခြင်း နှင့် ငါးရိုင်းနှင့် သားစားငါးများ ဝင်ရောက်မှု နည်းပါးခြင်းတို့ စသည့် အကျိုးကျေး ဇူးများကို ဖြစ်စေပါသည်။
ထို့အပြင် ကန်အတွင်းမလိုလားအပ်သော ဓာတ်ငွေ့များဖြစ်သည့် ဟိုက်ဒြိုဂျင်ဆာ လဖိုဒ်နှင့် အမိုးနီးယား ဓါတ်ငွေ့ဖြစ်ပေါ်စေခြင်းကိုလည်း လျော့ပါးစေပါသည်။
ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ကောစင်တာနံပါတ် 09977910000သို့ ဆက်သွယ်နိုင်ပါသည်။
---------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437