တောင်တရုတ်ပင်လယ်ပြင် တိုင်ဖွန်းမုန်တိုင်းဖြစ်ခြင်းကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးပိုလာနိုင်
 
 
 
 
 
- ဇွန်လ ၈ ရက် ညပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံ-အရှေ့ဘက်ကမ်းခြေကို စတင်ဖြတ်ကျော်နေပြီဖြစ်တဲ့လေပွေလှိုင်း INVEST-92W သည် တောင်တရုတ်ပင်လယ်ထဲမှာ တိုင်ဖွန်းမုန်တိုင်းအဆင့်ရောက်လာနိုင်ချေ ၁၀၀% ရှိကြောင်း ECMWF က ခန့်မှန်းချက်ထုတ်ပြန်ပေးထားပါတယ်။ - ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ အထက်လေပွေလှိုင်းတခု စတင်ဖြစ်ပေါ်နေကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ဒီနေ့ထုတ်ပြန်ထားပြီး ECMWF Chart မှာတော့ အဲ့ဒီလေပွေလှိုင်းသည် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၄၀% သာရှိကြောင်းခန့်မှန်းထားတာ တွေ့ရပါတယ်။ - ဘင်္ဂလားပင်လယ်အော်ဘက်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေအလွန်နည်းသော်လည်း တောင်တရုတ်ပင်လယ်မှာ INVEST-92W တိုင်ဖွန်းမုန်တိုင်းဖြစ်လာပြီးတဲ့နောက် မြန်မာ့ပင်လယ်ပြင်မှာ အနောက်တောင်မုတ်သုံလေအားကောင်းလာပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးပိုလာနိုင်ပါမယ်။ - မြန်မာနိုင်ငံ၊ ပြည်နယ်/တိုင်းဒေသတွေမှာ များသောအားဖြင့် မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၂ လက်မခွဲအောက်)သာရွာနိုင်ပါမယ်။ - စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက - ဝက်လက်၊ ရွှေဘို၊ ဒီပဲယင်း၊ ခင်ဦး၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ မြို့နယ်တွေမှာတော့ မိုးများနိုင်(၂၄ နာရီအတွင်း မိုးရေချိန် ၈၀ မီလီမီတာ=၃.၁၅ လက်မခန့်)ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။ - မိမိနေထိုင်ရာဒေသအလိုက် မိုးလေဝသအခြေအနေ ၄ ရက် ကြိုတင်ခန့်မှန်းကြည့်ရန် - https://www.mmweather.org/divisional-cities-weather - (ဇွန်လ ၈ ရက် ည ၁၀ နရီခွဲ) - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ---------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
