cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားပိုကောင်းလာနိုင်

. ရာသီဥတု သတင်းများ
မြန်မာတနိုင်ငံလုံး ဇွန်လ ၁၃-၁၄-၁၅-၁၆ မှ ၂၂ ရက်အထိ နေရာ အနှံ့အပြားမိုးရွာနိုင်ပါတယ်။ 🔸 တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ ဇွန်လ ၁၆ ရက် မှ ၂၂ ရက်အတွင်း မိုးများရာမှမိုးအလွန်များနိုင်ပြီး(၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မ အထက်) 🔸 ကျန်ပြည်နယ်တိုင်းဒေသများတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက် မ ခွဲအောက်(မိုးအသင့်အတင့် ရွာနိုင်ကြောင်း တွေ့ရပါတယ်။
  • ၂ဝ၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက် မှ ဇွန်လ ၁၇ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့်    

    ရန်ကုန်တိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၈) ရာခိုင်နှုန်း မှ (၉၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၁၁၊၁၂၊၁၄၊ ၁၅ ရက်နေ့ တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၉၁ ရာခိုင်နှုန်း နှင့် အထက်မှာ ရှိနိုင်ပါတယ်။   

    ကျန်ရက်တွေမှာမှာတော့ မိုးရွာရန် ၈၆ ရာခိုင်နှုန်းအောက်မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။    

    မန္တလေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅) ရာခိုင်နှုန်း မှ (၈၇) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၁၁၊၁၃၊၁၅ ရက်တွေ မှာတော့ မိုးရွာရန် ၈၂ ရာခိုင်နှုန်း အထက်မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၆၇ ရာခိုင်နှုန်းအောက်မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။    

    နေပြည်တော် အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈) ရာခိုင်နှုန်း မှ (၉၇) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ဇွန်လ ၁၂၊ ၁၄ ရက်နေ့မှာတော့ မိုးရွာရန် ၉၄ ရာနှုန်းနှင့်အထက်မှာ ရှိနိုင်ပြီး ဇွန်လ၁၃၊ ၁၅၊ ၁၆ ရက်နေ့တွေမှာတော့ မိုးရွာရန် ၈၃။ ၈၅ ရာခိုင်နှုန်း မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။    

    တောင်ကြီး အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀) ရာခိုင်နှုန်း မှ (၁၀၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၁၁ ရက်နေ့မှာ မိုးရွာရန် ရာခိုင်းနှုန်းပြည့်ဖြစ်ပြီး ဇွန်လ ၁၂၊ ၁၃၊ ၁၆ ရက်နေ့တွေမှာတော့ မိုးရွာရန် ၈၀ နှင့် ၉၀ ရာခိုင်နှုန်းမှာရှိ နိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်ပါတယ် ခင်ဗျာ။    

    မကွေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁) ရာခိုင်နှုန်း မှ (၉၇) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၁၁၊ ၁၅ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၉၅ နှင့် ၉၇ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၆၁ မှ ၈၃ ရာခိုင်နှုန်းအတွင်းမှာရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။     

    ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၂) ရာခိုင်နှုန်း မှ (၉၉) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇွန်လ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်တွေ မှာတော့ မိုးရွာရန် ၉၄ ရာခိုင်နှုန်းနှင့်အထက်မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။      

    တိုင်ဖွန်းမုန်တိုင်းအဆင့်ထိ ရောက်လာနိုင်ချေ ၁၀၀%  

    ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဇွန်လ ၁၅ ရက်နေ့၌ ဖြစ်ပေါ်လာနိုင်သော လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း နှင့် တောင်တရုတ်ပင်လယ်မှ အားကောင်းလာမည့် INVEST-92W တို့၏ အရှိန်သက်ရောက်မှုကြောင့် - 

    🔸 မြန်မာတနိုင်ငံလုံး ဇွန်လ ၁၃-၁၄-၁၅-၁၆ မှ ၂၂ ရက်အထိ နေရာ အနှံ့အပြားမိုးရွာနိုင်ပါတယ်။ 

    🔸 တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ ဇွန်လ ၁၆ ရက် မှ ၂၂ ရက်အတွင်း မိုးများရာမှမိုးအလွန်များနိုင်ပြီး(၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မ အထက်) 

    🔸 ကျန်ပြည်နယ်တိုင်းဒေသများတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက် မ ခွဲအောက်(မိုးအသင့်အတင့် ရွာနိုင်ကြောင်း တွေ့ရပါတယ်။   

    ငါးမြစ်ချင်း ဆေးထိုးသားဖောက်ခြင်း အကြံပြုချက်  

    မြန်မာနိုင်ငံတွင် ငါးမြစ်ချင်း မျိုးစိတ်သားဖောက်သော ရာသီမှာ ဧပြီ လမှ စက်တင်ဘာလအထိ ဖြစ်ပါသည်။ သားဖောက်ရန်အကောင်းဆုံး အပူချိန်မှာ 22 °C မှ 31 °C ဖြစ်ပါသည်။ လက်ရှိဆေးထိုးသားဖောက်လုပ်ငန်းတွင် မျိုးအောင်သော ငါးမများသည် ဥချစဉ်တွင် ၂၀၀၀၀၀ မှ ၃၀၀၀၀၀ အထိ ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ဆေးထိုးသားဖောက်လုပ်ငန်းမှ ဥချပြီး အကောင်ပေါက်စ (ငါးမှုန်)ဘဝတွင် (၃)ရက်ကြာချိန်တွင် မြေကန်သို့ပြောင်းရွှေ့ပြီး ငါးမှုန်ပြုစုကြပါသည်။ အဆိုပါငါးမှုန်ပြုစုကန်တွင် ၁၅ရက်မှ ၂၀ရက်အထိကြာ ချိန်တွင် ငါးသားပေါက် (ငါးသန်)အရွယ် ရောက်ရှိလာပါသည်။ အဆိုပါအရွယ်တွင် အစာကိုကောင်းစွာ စားနိုင်သောအရွယ်ဖြစ်သောကြောင့် အာဟာရပြည့်ဝသော အစာများကို ကျွေးရန် လိုအပ်ပါသည်။ အဆိုပါ အရွယ်တွင် အစာကောင်းမွန်ပါက ရက် ၆၀ မှ ရက် ၉၀ အတွင်း ကျန်းမာသန်စွမ်းပြီး အရွယ်ရောက်သော ငါးဖျန်းများ ရရှိလာပါသည်။ အဆိုပါ ငါးဖျန်းများကို အသားတိုးကန်အတွင်း ပြောင်းရွှေ့မွေးမြူကြပါသည်။ အသားတိုး ကန်အတွင်းတွင် (၁၀)လမှ (၁၂)လအကြာမွေးမြူပြီး စျေးကွက်သို့ တင်ပို့‌ရောင်းချနေကြသည်ကို တွေ့ရှိရပါသည်။  

    စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။    

    ကိုးကား။ ဆရာဦးဝင်းနိုင်၊ Accweather    

    ----------------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို    

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437    


likes
15
comments
0
views
5034