cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ယူရီးယားမြေသြဇာဆက်တိုက်အသုံးပြုခြင်းကြောင့် မြေဆီလွှာအပေါ်ဆိုးကျိုးသက်ရောက်မှု

. အပင်အာဟာရ
စိုက်ပျိုးရာသီတိုင်း ယူရီးယားမြေသြဇာချည်းအသုံးပြုခြင်းသည် မြေဆီလွှာအတွင်း တခြားသောအာဟာရ(ဖော့စဖောရပ်၊ ပိုတက်ဆီယမ် နှင့် အနည်းလိုအာဟာရ)ဓာတ်များ ကုန်ဆုံးလာစေသည်။ ထိုအခြေအနေကို ပြုပြင်မပေးပါက မြေဆီလွှာအတွင်း အာဟာရဓာတ်မမျှခြင်းနှင့်အတူ စိုက်ပျိုးပင်များတွင် အာဟာရချို့တဲ့မှုများ ဖြစ်လာစေပါသည်။
  • မြေဆီလွှာအချဉ်ပေါက်ခြင်း

    ရေရှည်ဆက်တိုက်အသုံးပြုမှုကြောင့် အမိုးနီးယားမှ နိုက်ထရိတ်ပုံစံသို့ ပြိုကွဲချိန်တွင် ဟိုက်ဒရိုဂျင်အိုင်းရွန်းများ ထုတ်လွှတ်လိုက်သဖြင့် မြေဆီလွှာအချဉ်ပေါက်မှုများ ဖြစ်လာပါသည်။ မြေချဉ်ဖန်နှုန်းကျလာခြင်းသည် သီးနှံများ အာဟာရဓာတ်ရယူနိုင်မှု အဟန့်အတားဖြစ်စေပြီး တီကောင်ကဲ့သို့ အကျိုးပြုသက်ရှိများကို အန္တရာယ်ဖြစ်စေကာ သီးနှံအထွက်နှုန်းကို ကျစေပါသည်။

    မြေဆီလွှာအတွင်း အာဟာရဓာတ်မညီမျှမှုဖြစ်ခြင်း

    စိုက်ပျိုးရာသီတိုင်း ယူရီးယားမြေသြဇာချည်းအသုံးပြုခြင်းသည် မြေဆီလွှာအတွင်း တခြားသောအာဟာရ(ဖော့စဖောရပ်၊ ပိုတက်ဆီယမ် နှင့် အနည်းလိုအာဟာရ)ဓာတ်များ ကုန်ဆုံးလာစေသည်။ ထိုအခြေအနေကို ပြုပြင်မပေးပါက မြေဆီလွှာအတွင်း အာဟာရဓာတ်မမျှခြင်းနှင့်အတူ စိုက်ပျိုးပင်များတွင် အာဟာရချို့တဲ့မှုများ ဖြစ်လာစေပါသည်။

    အော်ဂဲနစ်မက်တာဓာတ် လျော့ကျခြင်း

    ယူရီးယားမြေသြဇာ အလွန်အမင်းအသုံးပြုခြင်းသည် မြေဆီလွှာထဲရှိ အော်ဂဲနစ်ဓာတ်ကို အလျင်အမြန်ပြိုကွဲစေပြီး အော်ဂဲနစ်ကာဗွန်ဓာတ်ကို လျော့ကျစေပါသည်။ ထို့ကြောင့် မြေဆီလွှာတည်ဆောက်ပုံ၊ ရေထိန်းနိုင်စွမ်းတို့အပေါ် ထိခိုက်လာစေပါသည်။

    အဏုဇီဝသက်ရှိများကို ဟန့်တားမှုဖြစ်ခြင်း

    ယူရီးယားမြေသြဇာအသုံးပြုခြင်းသည် မြေဆီလွှာအတွင်း အမိုးနီးယား၊ နိုက်ထရိတ်ပုံစံဖြင့် နိုက်ထရိုဂျင်ဓာတ် များလာစေသည်။ ထိုအခြေအနေသည် နိုက်ထရိုဂျင်ကြိုက်အဏုဇီဝများကို အားပေးသော်လည်း ကာဗွန်၊ နိုက်ထရိုဂျင်အချိုးညီမျှမှုအခြေအနေတွင် ကောင်းစွာအလုပ်လုပ်သော သက်ရှိများကို ဟန့်တားမှုဖြစ်စေပြီး သက်ရှိအရေအတွက် လျော့ကျလာစေပါသည်။ မြေချဉ်ခြင်း၊ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်လာစေပါသည်။ အာဟာရပြိုကွဲမှုကို ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကြောင့် အာဟာရဓာတ်များ ဆုံးရှုံးမှုဖြစ်လာစေပါသည်။

    ဆားပေါက်မှု ပြဿနာများဖြစ်လာခြင်း

    မိုးရေချိန်နည်းသော၊ ရေထုတ်မှုညံ့သောဒေသများ၌ ဆားဓာတ်များ စိုက်ပျိုးပင်အမြစ်များရှိသောအလွှာတွင် စုလာပါသည်။ မြေဆီလွှာ တည်ဆောက်မှုမကောင်းတော့ဘဲ အပင်ကြီးထွားမှုကို ဟန့်တားလာသည်။

    ထွက်တိုး

    ------------ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
11
comments
1
views
3163