မျက်စိနဲ့မမြင်ရဘဲ ရင်ဘတ်နဲ့မြင်ရတဲ့ အဖေ့မေတ္တာ
ဘယ်လောက်ပဲပင်ပန်းခက်ခဲနေပါစေ သားသမီးတို့ ပြည့်စုံဖို့အတွက်...
သူ မတတ်ခဲ့တဲ့ပညာတွေ သားသမီးတို့ တတ်မြောက်ဖို့အတွက်...
ရှိသမျှအင်အားနဲ့ မိသားစုကို တံတိုင်းသဖွယ်ကာကွယ်ပေးဖို့အတွက်... အမြဲကြိုးစားပေးနေတဲ့ အဖေ...
အဖေဟာ.. သားတို့၊ သမီးတို့ရဲ့ ထာဝရသူရဲကောင်းကြီးပါ အဖေ...
အမေက အနီးကပ် ရင်အုပ်မကွာစောင့်ရှောက်ပေးနေတဲ့အချိန်မှာ အဖေက သားတို့/သမီးတို့ လိုအပ်တာတွေကို တိတ်တိတ်လေးဖြည့်ဆည်းပေးပြီး အဝေးကနေ စောင့်ရှောက်ပေးနေတဲ့သူ...
မိသားစုထမင်းဝိုင်းမှာ အသားကြိုက်တဲ့သားသမီးတွေအတွက် ငဲ့ကာ အဖေက အဆီဘဲကြိုက်တာ၊ သွားကြားမညှပ်ချင်ဘူး...ပြောတဲ့အဖေရယ်...
နီးနေတဲ့အချိန်ထက် ဝေးနေတဲ့အချိန်မှာ ဖေဖေ့မတ္တာကို ပိုသိရတယ်အဖေရယ်....
ဒီကနေဘဲ ချစ်တယ်ဆိုတာ ထုတ်ပြောလိုက်ပါရစေ အဖေကြီးရယ်..
မေမေ့ကို အချစ်တွေပေးမိနေပေမယ့် ဖေဖေ့ကို ပေးဖို့မေ့နေရင်(သို့) အခွင့်မရှိတော့ရင် ဒီကနေဘဲ ကောမန့်လေးနဲ့ ပေးသွားနိုင်ပါတယ်နော်...
#အဖေများနေ့
#15.6.2025
#အဖေ့ကိုချစ်တယ်ဆိုတဲ့ကြောင်းထုတ်ပြောလိုက်ကြရအောင်