ပဲခူးတိုင်း ဇွန်လ ၁၇ ရက် မှ ဇွန်လ ၂၃ ရက်အထိ မိုးလေဝသအခြေအနေ
- ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်နေဆဲ အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC)ကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေမှာ အနောက်တောင်မုတ်သုံလေသည် ဇွန်လကုန်အထိ အားကောင်းရာမှ အားအလွန်ကောင်းနေနိုင်မယ်လို့ ခန့်မှန်းထားတာကြောင့် - - အခုရက်သတ္တပါတ်တစ်ပါတ်အတွင်း ပဲခူးတိုင်းတစ်ခုလုံးမှာ အနောက်တောင်ဘက်မှ မုတ်သုံလေစီးကြောင်းနှင့်အတူ မိုးတိမ်များစဉ်ဆက်မပြတ် ဝင်ရောက်နေပြီး မိုးအသင့်အတင့်(နေ့စဉ်ပျမ်းမျှမိုးရေချိန် ၁.၂ လက်မခန့်)ဆက်လက်ရွာနေနိုင်ပါဦးမယ်။ ပဲခူးတိုင်းအရှေ့ဘက်နဲ့တောင်ဘက်ပိုင်းက ဒေသတွေမှာ မိုးအားပိုကောင်းနိုင်ပြီး ပဲခူးတိုင်းမြောက်ဘက်နဲ့ အနောက်ဘက်ပိုင်းတွေမှာတော့ မိုးအား၊ မိုးရေချိန် လျော့နည်းနိုင်ကြောင်းတွေ့ရပါတယ်။ - ပဲခူးတိုင်းအရှေ့ဘက်နဲ့တောင်ဘက်ပိုင်းတွေမှာ ၇ ရက်အတွင်း ရရှိနိုင်မည့်မိုးရေချိန်ပမာဏ ၆ လက်မနှင့် အထက်အထိ ရရှိနိုင်ပြီး၊ ပဲခူးတိုင်းမြောက်ဘက်နဲ့ အနောက်ဘက်ပိုင်းတွေမှာတော့ ၇ ရက်အတွင်းမိုးရေချိန် ပမာဏ ၂ လက်မ အထက် ၃ လက်မခန့်အထိ ရရှိနိုင်ပါတယ်။ - ပဲခူးတိုင်းတခုလုံးအတွက် တောင်ဘက်အရပ်မှ ပျမ်းမျှလေတိုက်နှုန်း တနာရီ ၅ မိုင်မှ ၁၅ မိုင်ခန့် ရှိနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးည အပူချိန် ၂၅°C ရှိနေနိုင်ပြီး လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% ရှိနေနိုင်ပါမယ်။ လေထုစိုထိုင်းဆမြင့်မားတာကြောင့် နေသာပြီးလေငြိမ်သွားတဲ့အချိန်တွေမှာ ခံစားရတဲ့ အပူချိန် Feels-like Temperature 35°C အထိရှိနိုင်/ပူအိုက်နေနိုင်ပါတယ်။ - ပဲခူးတိုင်းအတွင်း နေ့စဉ်မိုးဆက်လက်ရွာနေနိုင်သေးတာကြောင့် ဆေးဖြန်းနိုင်မဲ့အချိန်(spray window ပွင့်တဲ့နေသာချိန်)လည်း နည်းနေမှာကြောင့် ဆေးဖြန်းရန်သင့်လျှော်မှုမရှိ(မရှိ)တဲ့ရက်တွေ များနိုင်ပါမယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာ လှုပ်ရှားခြင်း၊ အစာစားခြင်း၊ ရောဂါ ကျရောက်မှုနည်းပါးခြင်းနှင့် ငါးများအပေါ် ဖိစီးမှုနည်းခြင်းများ ဖြစ်ပေါ် စေပါသည်။ ငါးကန် အရည်အသွေးကျဆင်းပါက အစာစားနှုန်းကျဆင်းပြီး ငါးများတွင် အင်အားချိနဲ့လာပါ သည်။ ထို့အပြင် ငါးများအပေါ် ဖိစီးမှုများ ရှိလာပြီး ရောဂါဝင်ရောက်မှုလည်း မြန်ဆန်လာပါသည်။ - ငါးမွေးမြူရေးလုပ်ငန်းစဉ်တွင် ရေ၏ချဉ်ဖန်နှုန်းသည် ၆ မှ ၉ အတွင်းမွေးမြူနိုင်ခြင်း၊
- ကန်ရေ၏အပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ်အတွင်း ရှိရပါမည်။
- ရေကြည်နှုန်းသည် ၁၂လက်မမှ ၁၈လက်မ အတွင်း ရှိရမည်ဖြစ်ပြီး ၊
- ပျော်ဝင်အောက်စီဂျင်သည် ၃ပီပီအမ်မှ ၅ပီပီအမ် အတွင်းရှိရမည်ဟု သတ်မှတ်ကြပါသည်။
 - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
