ရွှေခရုနှင့် စပါးခင်း
မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ ရွှေခရုကျရောက်မှုဟာ အရှိန်အဟုန်နှင့် များပြားလာပါတယ်။ ရွှေခရုသည် ပျိုးထောင်ကောက်စိုက်သောစပါးခင်းများထက် မျိုးစေ့တိုက်ရိုက်ကြဲသော စပါးခင်းများမှာ ပိုမိုကျရောက်တာ တွေ့ရပါတယ်။ ရွှေခရုတွေက စပါးပင်ထွက်စ အပင်နုလေးများကို ကိုက်ဖြတ်စားသောက်တဲ့အတွက် အထွက်နှုန်းကို ဆိုးဝါးစွာထိခိုက်နိုင်ပါတယ်။
ရွှေခရုကျရောက်မှုကို ကာကွယ်နှိမ်နင်းရန်
- ရွှေခရုတွေဟာ ပွားများနှုန်းမြန်တဲ့အတွက် ဥမြုံတွေ့တာနဲ့ လူဖြင့်ကောက်ယူဖျက်ဆီးပစ်ဖို့လိုပါတယ်
- စပါးခင်း ရေသွင်းပေါက်နှင့် ရေထုတ်ပေါက်များမှာ ဇကာပိုက်ကိုတပ်ထားပြီးမှ ရေသွင်းရေထုတ်ပြုလုပ်ပါ။
- စပါးစိုက်ခင်းရဲ့ မြေနိမ့်ပြီးရေဝပ်တဲ့ဒေါင့်တနေရာမှာ ကျင်းတူးပြီး ရေပုံး(ကော်ပုံး)ချထားပြီး နောက်မနက်မှာ ခရုများကိုဖယ်ရှားပါ။
- ကောက်ယူထားသော ခရုတွေကို ထုချေပြီး ဘဲစာကျွေးပါ သို့မဟုတ် အမိုင်နိုအက်စစ် ပြုလုပ်၍ စိုက်ခင်းများကိုအသုံးပြုပေးပါ။
- ခရုကျရောက်နေသော စိုက်ခင်းမှာ အနံ့စူးတဲ့ ဒူးရင်းခွံ၊ ပိန္နဲခွံ၊ နာနတ်ခွံတွေချထားပေးပါ
- ဓါတုဆေးများအသုံးပြုမည်ဆိုပါက တိုက်ရိုက်ဆေးဖျန်းတာမျိုးမလုပ်ဘဲ ပိုမိုထိရောက်စေရန် ဆန်ကွဲကိုတစ်ည ရေစိမ်၍ ခရုသတ်ဆေး Niclosamide နဲ့လူးနယ်ကာအစာအဆိပ်အဖြစ် မနက်စောစောတွင် ကြဲပက်ပါနိုင်ပါတယ်။
ဇာနည်
-------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857