အားကောင်းသည့် အနောက်တောင်မုတ်သုံလေကြောင့် မိုးအသင့်အတင့်မှ မိုးများနိုင်မည်
🔸 ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနယ်စပ်တွင် ဆက်လက်တည်ရှိနေသော အထက်လေပွေလှိုင်း-UACC ၊
🔸 အားကောင်းနေသည့် အနောက်တောင်မုတ်သုံလေ၊
🔸 မြန်မာနိုင်ငံပေါ်မှာမုတ်သုံမြောင်တန်း(Monsoon Trough)ဖြတ်သန်းနေခြင်း - (TMD Weather Chart)..
စသည့် ထူးခြားသောမိုးလေဝသအခြေအနေတို့ကြောင့် -
ဇွန်လ ၁၇ ရက် နေ့လည် ၁၂ နာရီမှ ဇွန်လ ၁၉ ရက် နေ့လည် ၁၂ နာရီအထိ( ၄၈ နာရီအတွင်း ) -
💦 ရခိုင်ပြည်နယ်၊
💦 ကချင်ပြည်နယ်၊
💦 ရှမ်းပြည်နယ်မြောက်ပိုင်း/အရှေ့ပိုင်း၊
💦 ဧရာဝတီတိုင်း၊
💦 ပဲခူးတိုင်း၊
💦 ရန်ကုန်တိုင်း၊
💦 မွန်ပြည်နယ်၊
💦 ကရင်ပြည်နယ်တို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်မည်။
(၄၈ နာရီအတွင်း မိုးရေချိန် ၂ လက်မခွဲနှင့်အထက် ရရှိနိုင်မည်)
💦 ကျန်ပြည်နယ်တိုင်းဒေသများတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်(၄၈ နာရီအတွင်း မိုးရေချိန် ၂ လက်မခွဲအောက်)ရွာသွန်းနိုင်ပါမည်။
(ဇွန်လ ၁၇ ရက် နေ့လည် ၁၂ နာရီ)
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
------------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437